Environment, Disasters & Accidents
တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းတွင် လေဆင်နှာမောင်း ၁ ဦးသေဆုံး၊ ၁၁ ဦး ဒဏ်ရာရ
ဟိုင်ကိုး၊ ဇွန် ၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟိုင်နန်ကျွန်း တောင်ဘက် ဝမ်ချန်မြို့၌ ဇွန်လ ၅ ရက် နေ့လည်ပိုင်းက လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူ ၁ ဦး သေဆုံးခဲ့ ပြီး ၁၁ ဦး ဒဏ်ရာ ရခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက ဇွန်လ ၆ ရက်က ပြောကြားလိုက်သည်။
အဆိုပါ လေဆင်နှာမောင်း တိုက်ခတ်ခံခဲ့ရသည့် ကျင်းရှန်နှင့် ဖန်ပို မြို့နယ်များ၌ လျှပ်စစ်မီးများ ပြတ်တောက် ခြင်း၊ အပင်များ အမြစ်မှ ကျွတ်ထွက်ခြင်းနှင့် နေအိမ်ခေါင်မိုးလန်ခြင်းများ ဖြစ်ပွားခဲ့ကြောင်း ယင်းမြို့၏ အရေး ပေါ် ကယ်ဆယ်ရေးရုံးထံမှ သိရသည်။
လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် မြို့နှစ်မြို့မှ လူပေါင်း ၇၄၉ ဦး ထိခိုက်ခဲ့သည်။ ဒဏ်ရာရရှိသူ ၁၁ ဦး အနက် ၄ ဦးမှာ စိုးရိမ်ရပြီး ဟိုင်းနန်ပြည်နယ် ပြည်သူ့ဆေးရုံ၌ ကုသမှု ခံယူလျက် ရှိကြောင်း သိရသည်။
မုန်တိုင်းကြောင့် နေအိမ် ၁၇၈ လုံး ပျက်စီးခဲ့ရပြီး ကယ်ဆယ်ရေး လုပ်ငန်းများလည်း ဆက်လက် လုပ်ဆောင်နေ ကြောင်း သိရသည်။ (Xinhua)