Connect with us

Environment, Disasters & Accidents

သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဆု တရုတ် ပေးအပ်

တရုတ်နိုင်ငံ၏ ပထမဆုံး ဂေဟဗေဒစနစ်ဖြင့် တည်ဆောက်ထားသည့် ရေပေါ် အဝေးပြေးလမ်းမကြီးအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၆ ရက် (ဆင်ဟွာ)

အဖွဲ့ ၁၉ ဖွဲ့နှင့် တစ်သီးပုဂ္ဂလိက ၃၃ ဦးတို့သည် တရုတ်နိုင်ငံ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာဆု ဖြစ်သော ဂေဟဗေဒဆိုင်ရာ ခေတ်မီ လူမှုအဖွဲ့အစည်း ဆု ပထမပိုင်ရှင်များအဖြစ် ကမ္ဘာ့ သဘာဝ ပတ်ဝန်းကျင်နေ့၌ ချီးမြှင့်ခြင်း ခံခဲ့ရသည်။

အဆိုပါ ဆုရှင်များသည် စီချွမ်၊ ရှင်းကျန်း၊ ကျဲ့ကျန်းနှင့် တိဘက် စသည့် ဒေသအသီးသီးမှ ဖြစ်သည်။ ယင်းဆု အား တရုတ်နိုင်ငံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး ဝန်ကြီးဋ္ဌာနမှ သုံးနှစ် တစ်ကြိမ် ပေးအပ် ချီးမြှင့်သည့် ဆုဖြစ်သည်။
ထို့ပြင် လှပသော တရုတ်နိုင်ငံ တည်ဆောက်ရေး အတွက် ရည်ရွယ်ကာ ဂေဟဗေဒ ထိန်းသိမ်း စောင့်ရှောက်ရေး မြှင့်တင်သည့် အနေဖြင့် စာတမ်း ဖတ်ပွဲတစ်ခုအား ပေကျင်း၌ ဇွန်လ ၅ ရက်က ကျင်းပခဲ့သည်။
တရုတ်နိုင်ငံ ထိပ်တန်း ဥပဒေပြု လွှတ်တော် National People’s Congress ၏ အမြဲတမ်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ စိန်ယွဲ့ယွဲ့က ယင်းဆုများ ပေးအပ်ခြင်းအားဖြင့် ဗဟို အစိုးရသည် ဂေဟဗေဒဆိုင်ရာ ထိန်းသိမ်းစောင့် ရှောက်မှုအား များစွာ တန်ဖိုးထားကြောင်း ပြသရာရောက်ကြောင်း ပြောကြားခဲ့သည်။
ဝန်ကြီးဋ္ဌာန စာရင်းများအရ တရုတ်နိုင်ငံ၌ ဂေဟစနစ်နှင့် လိုက်လျောညီထွေဖြစ်သော မြို့နှင့် ခရိုင်ပေါင်း ၁၃၃ ခုရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.