Environment, Disasters & Accidents
တရုတ်အလယ်ပိုင်းတွင် အစာ အဆိပ်သင့်မှုကြောင့် လူ ၆၀ ကျော် ဆေးရုံတင်ရ
ချန်ရှား၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ်ရှိ ရွာသားပေါင်း ၆၀ ကျော်သည် စူပါမားကတ်မှ ချက်ပြုတ်ပြီး ဟင်းလျာများ ဝယ်ယူစားသုံးရာ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့၍ ဆေးဝါးကုသမှု ခံယူနေရကြောင်း ဒေသခံ အာဏာပိုင်များက ဇွန်လ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
ရွာသား တချို့သည် မြို့အတွင်းရှိ စူပါမားကတ်တစ်ခုမှ စွပ်ပြုတ် ဟင်းလျာများ ဝယ်ယူစားသုံးမိရာ အော့အန်ခြင်း၊ မူးဝေခြင်းနှင့် ကြွက်သားများ အားနည်းလာခြင်းတို့ကို ခံစားနေရကြောင်း ဖော်ပြထားသည့် အစီရင်ခံစာ တစ်စောင် ရှောင်းထန် စီရင်စု၊ ဟူးကိုမြို့ အုပ်ချုပ်ရေးအဖွဲ့ ထံသို့ ဇွန်လ ၉ ရက် နေ့လည်ပိုင်းတွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။
စီရင်စုနှင့် မြို့နယ် အာဏာပိုင်များသည် အစာအဆိပ်သင့်သည့် ရွာသားများအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ၎င်းတို့၏ အခြေအနေ ကောင်းမွန်ကြောင်း သိရသည်။
ယခုအခါ စူပါမားကတ်အား ပိတ်ထားခဲ့ပြီး စီရင်စု အုပ်ချုပ်ရေးအဖွဲ့က စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ (Xinhua)