Environment, Disasters & Accidents
တိဘက်တွင် ငလျင် လှုပ်ခတ်ခဲ့မှုကြောင့် လူသေဆုံးမှု များရှိကာ၊ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ဆဲဖြစ်
တိဘက်၊ မေ ၁၁ ရက် (ဆင်ဟွာ)
တိဘက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ရှိ Changdu မြို့တွင် မေလ ၁၁ ရက် နံနက် ၉း၁၅ နာရီက အင်အား ၅.၅ မဂ္ဂနီကျု့ပမာဏရှိ ငလျင် တစ်ခု လှုပ်ခတ်ခဲ့ပြီး ယင်းဒေသသို့ ကယ်ဆယ်ရေး ဝန်ထမ်းများ သွားရောက်နေပြီ ဖြစ်ကြောင်း သိရသည်။
ဒေသခံ အာဏာပိုင်များက ငလျင်ကြောင့် သေဆုံးမှုများ ရှိနိုင်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ ငလျင် ကွန်ရက် စင်တာသည် မြောက်လတ္တီကျု ၃၁.၉၉ ဒီဂရီ၊ အရှေ့ လောင်ဂျီကျု ၉၄.၉၄ ဒီဂရီ ရှိ မြေပြင်အနက် ၇ ကီလိုမီတာကို ဗဟိုပြု၍ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း တိုင်းတာ ရရှိခဲ့ကြောင်း သိရသည်။
ဒေသဆိုင်ရာ မြေငလျင် ဗျူရို၏ ဒါရိုက်တာ Soren က ငလျင်သည် ဗုဒ္ဓဘာသာ ဘုရားကျောင်းကြီး နှစ်ကျောင်း ရှိရာ Kata မြို့ကို ဗဟိုပြု လှုပ်ခတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
Kata မြို့ အကြီးအကဲ Samba က မြို့နှင့် ၁၀ ကီလိုမီတာခန့် ဝေးသည့် Guodong ရွာတွင် လူသေဆုံးမှုများကို သတိပြုမိခဲ့ကြောင်းနှင့် ကယ်ဆယ်ရေး အတွက် အဆိုပါရွာသို့ သွားရောက်သည့် လမ်းကြောင်းပေါ်တွင်လည်း ဒဏ်ရာရရှိသူ နှစ်ဦးကို မြင်တွေ့ ခဲ့ရကြောင်း ဆင်ဟွာသို့ ဖုန်းဖြင့် ဖြေကြားခဲ့သည်။
ကျေးရွာသို့ သွားရောက်သည့် လမ်းများ အက်ကွဲ ပျက်စီးခဲ့ပြီး မြို့နယ်ဆိုင်ရာ အာဏာပိုင်များက အရေးပေါ် ပြင်ဆင်မှုများ အတွက် စက်ယန္တရားများ စေလွှတ်ပေးခဲ့ကာ ငလျင် ဆိုင်ရာ ကယ်ဆယ်ရေး လုပ်ငန်းများကို လည်း ထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။ (Xinhua)