Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံ အရှေ့ပိုင်းတွင် မီးလောင်နေသည့် ကုန်သေတ္တာတင် သင်္ဘော မှ သင်္ဘောသား ၂၂ ဦး အား ကယ်ဆယ်နိုင်ခဲ့

မီးလောင်မှု ဖြစ်ပွားနေသည့် ကုန်သေတ္တာတင် သင်္ဘော တစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟန်ကျိုး၊ မေ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှိ ပင်လယ်ပြင်တွင် လိုင်ဘေးရီးယား လှေတစ်စင်း နှင့် တိုက်မိ၍ မီးလောင်မှု ဖြစ်ပွားနေသည့် ကုန်သေတ္တာတင် သင်္ဘော မှ သင်္ဘောသား ၂၂ ဦး ကို တရုတ် ရေကြောင်း ကယ်ဆယ်ရေး ဝန်ထမ်းများက ကယ်ဆယ်ခဲ့ကြောင်း သိရသည်။

Safmarine Maru အမည်ရှိ ဟောင်ကောင် ကုန်သေတ္တာတင် သင်္ဘော နှင့်Northern Jasper ဟုခေါ်သည့် လိုင်ဘေးရီးယား လှေတစ်စင်းတို့သည် မေလ ၈ရက် နံနက် ၁နာရီ က Langgang Mountain ကျွန်းငယ်လေးများ ၏ အရှေ့တောင်ပိုင်း ရေမိုင် ၁၅ မိုင် အကွာတွင် တိုက်မိခဲ့ကြောင်း သိရသည်။
ဘေးအန္တရာယ် အချက်ပေးမှု ရရှိပြီးနောက် ကျဲ့ကျန်း ပြည်နယ်ရှိ ရေကြောင်း ရှာဖွေရေး နှင့် ကယ်ဆယ်ရေး စင်တာက သင်္ဘောသား ၂၂ ဦးအား ကယ်ဆယ်ရန် ရေကြောင်း ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေး အဖွဲ့များ စေလွှတ် ခဲ့ကြောင်း သိရသည်။
ရေကြောင်း အာဏာပိုင်များကလည်း ဒေသတွင် သွားလာနေသည့် လှေများ အား အလားတူ ဖြစ်ရပ်မျိုး နောက်ထပ် မဖြစ်ပွား စေရန်အတွက် အသိပေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.