Connect with us

Environment, Disasters & Accidents

တိုက်ကြီးမြို့အနီး မြေငလျင် နောက်ဆက်တွဲ ထပ်လှုပ် ၊ ထိခိုက်ဒဏ်ရာ ရမှုများရှိ


ရန်ကုန် ၊ မတ် ၁၃ ရက်(ဆင်ဟွာ)

တိုက်ကြီးမြို့ အနီး နောက်ဆက်တွဲ မြေငလျင် ထပ်မံ လှုပ်ရှားမှုများ ရှိသကဲ့သို့ လှုပ်ရှားခဲ့သည့် ငလျင်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှု တစ်ချို့ ရှိခဲ့ကြောင်း စုံစမ်း သိရသည်။

ငလျင်ဒဏ်ကြောင့် ဒဏ်ရာက ကြီးကြီးမားမား ရရှိခြင်း မရှိသော်လည်း ပွန်းပဲ့ ပေါက်ပြဲမှု တစ်ချို့သာ ရှိခဲ့ကြောင်း ၊ အများအားဖြင့် အမျိုးသမီးများ ခေါင်းမူးတာရှိ၍ စိုးရိမ်ပြီး ဆေးရုံသို့ ရောက်ရှိလာခြင်းများသာ ရှိကြောင်း ၊ အသေအပျောက် မရှိဘဲ ဘုရား ၊ စေတီရှိ အုတ်နံရံ ပြိုကျ ပျက်စီးမှု အနည်းငယ်သာ ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ၊ တိုက်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တာ် ကိုယ်စားလှယ် ဦးလွင်စိုးမင်းက ဆင်ဟွာသို့ ပြောသည်။

တိုက်ကြီးမြို့နယ်အတွင်း ငလျင်လှုပ်ခတ်ပြီးနောက် လမ်းမပေါ်သို့ တိမ်းရှောင်လာသူများအားတွေ့ရစဉ် (ဆင်ဟွာ)

တိုက်ကြီးမြို့နယ်အတွင်း ငလျင်ကြောင့် ပျက်စီးသွားသော လမ်းအစိတ်အပိုင်းတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

တိုက်ကြီး မြို့အနီး ယနေ့ မတ် ၁၃ ရက် ညပိုင်း အချိန်တွင် မြေငလျင် လှုပ်ရှားမှုကို ၂ ကြိမ်သာ တိုင်းထွာ ရရှိခဲ့ကြောင်း ၊ ထပ်မံ၍ နောက်ဆက်တွဲ လှုပ်ခတ်ခဲ့သည့် မြေငလျင်မှာ အင်အား လျော့လာကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ၊ မြေငလျင် ဌာနခွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

တိုက်ကြီးမြိ့ု အနီး အင်အားရစ်(ခ်)တာစကေး (၄.၇) အဆင့်ရှိ ၊အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု ယနေ့ မတ် ၁၃ ရက် ၊ ည ၁၀ နာရီ အချိန်တွင် ထပ်မံ လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။

ယနေ့ မတ် ၁၃ ရက် ၊ ည ၈ နာရီကျော် အချိန်ခန့်တွင် အင်အားရစ်(ခ်)တာစကေး (၅.၈) အဆင့်ရှိ မြေငလျင် လှုပ်ရှားခဲ့ပြီး အင်အား အသင့်အတင့်ရှိ မြေငလျင်ဒဏ်ကြောင့် ဘုရား ၊ စေတီ နှင့် အုတ်နံရံ ပြိုကျ ပျက်စီးမှု တစ်ချို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

တိုက်ကြီး မြို့အနီး ဗဟိုပြု၍ လှုပ်ရှားသွားခဲ့သည့် မြေငလျင်ဒဏ်အား ရန်ကုန်မြို့နယ် အတွင်းရှိ မြို့နယ် အများအပြားတွင် သိရှိ ခံစားခဲ့ရကြောင်းသိရသည်။

ထို့အတူ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ အနေဖြင့် အချိန်နှင့်တပြေးညီ ပျက်စီးဆုံးရှုံးမှု နှင့် ထိခိုက်ဒဏ်ရာ ရရှိမှုရှိမရှိကို စုံစမ်းလျက်ရှိပြီး ရှာဖွေကယ်ဆယ်ရေး အဖွဲ့များအသင့်စုဖွဲ့ထားရှိကြောင်း သတင်း ထုတ်ပြန်ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.