Connect with us

Environment, Disasters & Accidents

ပဲရစ် သဘောတူညီချက် အသက်ဝင်ခြင်းအတွက် ကုလ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းအား တရုတ် သမ္မတ ရှီက ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

နိုဝင်ဘာလ ၄ ရက်က နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်ပွဲ၌ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ပဲရစ် သဘောတူညီချက် အကျိုးသက်ရောက်မှုရှိခြင်းအတွက် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဝမ်းမြောက်ကြောင်း သဝဏ်လွှာ တစ်စောင်အား ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံသို့ ပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ သဝဏ်လွှာ၌ ပဲရစ် သဘောတူညီချက်သည် သမိုင်း၌ အမြန်ဆုံး အကောင်အထည်ပေါ်သည့် နိုင်ငံတကာ သဘောတူညီချက် တစ်ခု ဖြစ်လာစေရန် ပူးတွဲ အားထုတ်ခဲ့ခြင်းအတွက် ကျေးဇူးတင်ရှိကြောင်း ရှီက ဖော်ပြထားသည်။

သဘောတူ လက်မှတ်ရေးထိုးခဲ့သည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလကစပြီး အဆိုပါ ပဲရစ် သဘောတူညီချက်အား အကျိုးသက်ရောက်မှု ရှိလာရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက အချိန်နှင့် စွမ်းအားများ မြှုပ်နှံထားကြကြောင်း ရှီက အလေးထား ပြောကြားထားသည်။

တရုတ်နိုင်ငံ အနေဖြင့် အဆိုပါ သဘောတူညီချက်အတွက် လက်မှတ်ရေးထိုးခြင်း စတင်ခဲ့သည့် ပထမဆုံးနေ့ ဖြစ်သော ဧပြီလ ၂၂ ရက်နေ့မှာပင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး စက်တင်ဘာလ ၃ ရက်နေ့၌ အတည်ပြု ပါဝင်ခဲ့ကြောင်း သိရသည်။

တရုတ် သမ္မတ သက်တမ်း၌လည်းကောင်း၊ G20 သမိုင်းကြောင်းတလျှောက်၌လည်းကောင်း ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာအတွက် ပထမဆုံး သမ္မတဆိုင်ရာ ကြေညာချက် ထုတ်ပြန်ခဲ့ပြီး သဘောတူလက်မှတ် ရေးထိုးခြင်းအတွက် နိုင်ငံရေးဆိုင်ရာ ထောက်ပံ့မှုများ ပေးခဲ့ကြောင်း သိရသည်။

ပဲရစ် သဘောတူညီချက်သည် ကမ္ဘာကြီး ပူနွေးလာခြင်းအား တိုက်ဖျက်ရန် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှု၏ အခန်းကဏ္ဍသစ် ဖြစ်ကြောင်း၊ ဆန်းသစ်တီထွင်ရေး၊ ပူးပေါင်းလုပ်ဆောင်ရေး၊ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ပွင့်လင်မှုရှိရေးနှင့် မျှဝေရေး စသည်တို့အား မီးမောင်းထိုးပြသည့် ဖွံ့ဖြိုးမှု တစ်ရပ်အား တရုတ်နိုင်ငံက ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း၊ ကာဗွန်လျှော့ချရေး၊ စွန့်ပစ် ပစ္စည်းများအား စီးပွားဖြစ် ပြန်လည် သုံးစွဲနိုင်ရေးနှင့် ရာသီဥတု ပြောင်းလဲခြင်းအား တိုက်ဖျက်မှုများ မြှင့်တင်ရေး စသည့် ကဏ္ဍများတွင် တရုတ်နိုင်ငံက အပြုသဘောဆောင်ကာ တက်ကြွစွာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။

ထို့ပြင် ပူးပေါင်းဆောင်ရွက်မှုကို အခြေခံသည့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အုပ်ချုပ်မှု ယန္တရား တစ်ရပ် တည်ဆောက်ရေး၊ နှစ်ဦးနှစ်ဘက် အကျိုးရှိစေရေး၊ အကြောင်းပြချက်နှင့် တရားမျှတမှု စသည်တို့ တည်ထောင်ရာတွင် အကူအညီ ဖြစ်စေရန်အတွက် ဆက်စပ်သည့် အဖွဲ့အစည်းများ အားလုံးနှင့် ခိုင်မာစွာ ဆက်သွယ်ပြီး ပူးပေါင်း ဆောင်ရွက်သွားရန် တရုတ်နိုင်ငံက ဆန္ဒရှိကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.