Connect with us

Environment, Disasters & Accidents

ဆိုမာလီဓါးပြများထံတွင် ၅နှစ်ကြာ အဖမ်းခံထားရသည့် အာရှသား ၂၆ဦး ပြန်လည်လွတ်မြောက်လာ

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

ဆိုမာလီ ပင်လယ်ဓါးပြများ က ၅နှစ်ကြာ ဓားစာခံအဖြစ် ဖမ်းဆီးထားသည့် အာရှနိုင်ငံသား သင်္ဘောသား ၂၆ဦး ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန က အောက်တိုဘာ ၂၃ ရက် ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံအစိုးရ က ကယ်ဆယ်ရေးလုပ်ငန်းတွင် ပါဝင်ခဲ့ကြသည့် အဖွဲ့အစည်းများ နှင့် လူပုဂ္ဂိုလ်များအား လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်း နှင့် လွတ်မြောက်လာသည့် သင်္ဘောသားများအတွက်လည်း အမှန်တကယ် ဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်း ပြောကြားခဲ့သည်ကို နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင် က သတင်းစာရှင်းလင်းပွဲ၌ပြောကြားခဲ့သည်။

ဓားစာခံ သင်္ဘောသား ၂၆ဦးသည် Naham 3 ငါးဖမ်းသင်္ဘောမှဖြစ်ပြီး ၂၀၁၂ခုနှစ် မတ်လ တွင် ဆိုမာလီပင်လယ်ဓါးပြများ၏ ပြန်ပေးဆွဲခြင်းခံခဲ့ရကြောင်း သိရသည်။ ၎င်းတို့အား ပေကျင်းစံတော်ချိန် အောက်တိုဘာ ၂၂ရက်တွင် ကယ်ဆယ်နိုင်ခဲ့ပြီး ကုလသမဂ္ဂအဖွဲ့အစည်းများ၏ အကူအညီဖြင့် အောက်တိုဘာ ၂၃ရက်တွင် ကင်ညာနိုင်ငံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

အိုမန်နိုင်ငံအလံလွှင့်တင်ထားသည့် Naham 3 သင်္ဘော နှင့်အတူ သင်္ဘောသား ၂၉ဦးသည် ဆေးရှဲလ်နိုင်ငံ တောင်ဘက်တွင် ပြန်ပေးဆွဲခံရခြင်းဖြစ်ပြီး တရုတ်ပြည်မကြီးမှ ၁၀ဦး၊ ထိုင်ဝမ်ဒေသမှ ၂ဦး နှင့် ဖိလစ်ပိုင်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ နှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ၁၇ ဦးပါဝင်ကြောင်း သိရသည်။

ပင်လယ်ဓါးပြများ၏ ပြန်ပေးဆွဲမှုအတွင်း တရုတ်ပြည်မကြီးမှ တစ်ဦး နှင့် ထိုင်ဝမ်ဒေသမှ တစ်ဦးအပါအဝင် သင်္ဘောသား သုံးဦး သေဆုံးခဲ့ကြောင်း ဟွာ၏ပြောကြားချက်အရသိရသည်။

၎င်းက ပြန်လည်လွတ်မြောက်လာသည့် တရုတ်နိုင်ငံသား သင်္ဘောသားများ နှင့် တွေ့ဆုံရန် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန မှ အဖွဲ့တစ်ဖွဲ့အား စေလွှတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ကျန်းမာရေးစစ်ဆေးမှု နှင့် စိတ်ပိုင်းဆိုင်ရာ အကြံပေးဆွေးနွေးမှုများ ခံယူပြီးနောက် တရုတ်သင်္ဘောသားများသည် ဝန်ကြီးဋ္ဌာန မှ အဖွဲ့၏ စောင့်ရှောက်မှု ဖြင့် ၎င်းတို့၏ နေအိမ်သို့ အမြန်ဆုံးပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

ဟွာက ပြန်ပေးဆွဲမှုအတွင်း သေဆုံးသွားသည့် သင်္ဘောသားသုံးဦး အတွက် ဝမ်းနည်းရပါကြောင်း နှင့် ၎င်းတို့၏ မိသားစုများနှင့်ထပ်တူကြေကွဲရပါကြောင်း ပြောကြားခဲ့သည်။

လူသားချင်း ကိုယ်ချင်းစာနာမှုမရှိဘဲ ရက်စက်စွာ ပြုမူခဲ့သည့် ပင်လယ်ဓါးပြများအား တရုတ်အစိုးရက ပြင်းထန်စွာ ပြစ်တင်ရှုတ်ချပါကြောင်း ဟွာကပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.