Environment, Disasters & Accidents
ရန်ကုန်-ပဲခူး လမ်းဆုံ အနီး ချောင်းအတွင်းသို့ယာဉ်ထိုးကျ တိမ်းမှောက်မှုကြောင့် ၃ ဦး သေဆုံး

ရန်ကုန် ၊ ဧပြီ ၃ ရက်(ဆင်ဟွာ)
ရန်ကုန်-ပဲခူးလမ်းဆုံအနီး လှည်းကူးမြို့နယ်၌ အုတ်တင်ယာဉ် တစ်စီးသည် ချောင်းအတွင်းသို့ ထိုးကျ တိမ်းမှောက် ခဲ့မှုကြောင့် ၃ ဦး သေဆုံးခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီး ဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန်-ပဲခူးလမ်းဆုံအနီး ယာဘက် လဂွင်းပြင် ချောင်းအတွင်းသို့ ဟီးနိုးထရပ် အုတ်တင်ယာဉ်သည် ဧပြီ ၂ ရက် နေ့လည်ပိုင်း အချိန်တွင် ထိုးကျ တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါ ၃ ဦးမှာ ရေနစ် သေဆုံး သွားခဲ့ပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့သဖြင့် လှည်းကူးဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ယာဉ်ထိုးကျ တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းနှင်လာသူ(ဖမ်းမမိ)အား လှည်းကူးမြို့မ ရဲစခန်း ယာဉ်(ပ)၄၁/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၃၃၇/၂၇၉/၂၀၂(ပေါ့လျော့မှုကြောင့် လူသေမှု/သာမန်နာကျင်စေမှု/ ယာဉ်မဆင်မခြင် မောင်းနှင်မှု/ သတင်းပေးရန်ပျက်ကွက်မှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။(Xinhua)