Environment, Disasters & Accidents
၂၅ နှစ်အကြာမှ ဖမ်းမိတဲ့ တရုတ်နိုင်ငံက သံသယရှိ လူသတ်သမား

ဟာဘင်၊ မေ ၁၅ ရက် (ဆင်ဟွာ)
လွန်ခဲ့သော ၂၅ နှစ်က လူ ခြောက်ဦးအား သတ်ခဲ့ကြောင်း သံသယရှိသူ တစ်ဦးအား တရုတ်နိုင်ငံ အရှေ့ မြောက်ပိုင်း Heilongjiang ဒေသ၌ ဖမ်းမိခဲ့ကြောင်း ဒေသဆိုင်ရာရဲက မေလ ၁၅ ရက်တွင် ပြောကြားခဲ့သည်။
Guo ဟူသော နာမည် တစ်လုံးသာသိရသည့် အမျိုးသား တစ်ဦးသည် ၁၉၉၁ ခုနှစ်မတ်လက Raohe ဒေသ တွင် လူ ၆ ဦးပါ မိသားစု တစ်စုအား ပုဆိန်ဖြင့် ခုတ်သတ်ခဲ့သူ ဖြစ်သည်။
ယခုလ အစောပိုင်းက ရရှိလာသော သတင်းအချက်အလက်များအားဖြင့် ရဲများက တရုတ်နိုင်ငံ အနောက် မြောက်ဘက်ရှိ ရှီးကျန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသို့ သွားရောက်ခဲ့ရာ Guo နှင့် ဇနီးအား မေလ ၈ ရက်၌ ဖမ်းမိခဲ့သည်။
ယင်းအမှုအား စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း သိရသည်။ (Xinhua)