Environment, Disasters & Accidents
ဟွမ်ဆန်းတောင်နှင့် Jungfrau တောင် ရှုမြင်ကွင်း၊ တရုတ်နှင့်ဥရောပ ခရီးသွားလာမှုတွင် တောင်ထိပ်များဖြင့် အရောင်အသွေးစုံလင်လျက်ရှိ

ပေကျင်း၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)
ဟွမ်ဆန်းတောင်သည် တရုတ်နိုင်ငံ အန်းဟွေးပြည်နယ် တောင်ပိုင်း၌ တည်ရှိပြီး “ရှားပါးသောထင်းရှူးပင်၊ ထူးဆန်းသောကျောက်ဆောင်၊ တိမ်ပင်လယ်၊ ရေပူစမ်း၊ ဆောင်းရာသီဆီးနှင်း” စသည့် အံ့ဖွယ်ငါးရပ်ကြောင့် လူသိများပြီး တစ်မူထူးခြားသော သဘာဝရှုခင်းနှင့် နက်ရှိုင်းသော ယဉ်ကျေးမှုအနှစ်သာရများဖြင့် နာမည်ကျော်ကြားပေသည်။ပင်လယ်ရေမျက်နှာပြင်အထက် ၄,၁၅၈ မီတာရှိသည့် Jungfrau တောင်သည် ဆွစ်ဇာလန်နိုင်ငံ အလယ်ပိုင်း ဘာနီပြည်နယ် အင်တာလက်ကန်ဒေသ၌ တည်ရှိပြီး ၎င်းသည် ဥရောပတိုက်တွင် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ဆုံး ရထားဘူတာ တည်ရှိမှုကြောင့် “ဥရောပအထွတ်အထိပ်” ဟု တင်စားခေါ်ဝေါ်ခံရသည်။
ကမ္ဘာ့သဘာဝအမွေအနှစ်ဒေသနည်းတူဖြစ်သည့် တရုတ်နိုင်ငံ အန်းဟွေးပြည်နယ် ဟွမ်ဆန်းတောင်နှင့် ဆွစ်ဇာလန်နိုင်ငံ Jungfrau တောင်တို့သည် ၂၀၀၂ ခုနှစ် ဇူလိုင် ၁၂ ရက်တွင် ဟွမ်ဆန်းတောင် ပေဟိုင်ရှုခင်းသာ၌ “တရုတ်ဟွမ်ဆန်းတောင်-ဆွစ်ဇာလန် Jungfrau တောင် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်” အား လက်မှတ်ရေးထိုးခဲ့ပြီး တရုတ်နိုင်ငံ နာမည်ကျော်ရှုခင်းသာနှင့် နိုင်ငံတကာ ချစ်ကြည်ရေး ရှုခင်းသာအကြား ချစ်ကြည်ရင်းနှီးစွာဖလှယ်မှု လမ်းကြောင်းသစ်ကို စူးစမ်းရှာဖွေခဲ့ကြသည်။
တရုတ်နိုင်ငံ ဟွမ်ဆန်းတောင်နှင့် ဆွစ်ဇာလန်နိုင်ငံ Jungfrau တောင်တို့ “ညီအစ်မတောင်” အဖြစ် မိတ်ဖွဲ့ပြီးနောက် ၂၀၀၈ ခုနှစ်တွင် ဒေသနှစ်ခုကြား ဖလှယ်မှုနှင့် အပြန်အလှန်လေ့လာသင်ယူမှုတို့ ထပ်မံအရှိန်မြင့်တက်လာရာ ဟွမ်ဆန်းမြို့နှင့် Jungfrau တောင် တည်ရှိရာ ဆွစ်ဇာလန်နိုင်ငံ အင်တာလက်ကန်မြို့တို့ကလည်း ချစ်ကြည်ရေးမြို့များအဖြစ် လက်တွဲမိတ်ဖွဲ့ခဲ့ကြသည်။ နှစ်ပေါင်းများစွာအတွင်း ဟွမ်ဆန်းတောင်နှင့် Jungfrau တောင်တို့ အပြန်အလှန်ဖလှယ်မှုအား အဆက်မပြတ် ဖော်ဆောင်လာခဲ့ရာ တရုတ်-ဥရောပခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုနှင့် လူပုဂ္ဂိုလ် သွားလာဆက်ဆံမှုတို့အား မြှင့်တင်ခဲ့ပေသည်။
ယခုနှစ်သည် တရုတ်နိုင်ငံနှင့် ဆွစ်ဇာလန်နိုင်ငံတို့ သံတမန်ဆက်ဆံရေး ထူထောင်သည့် ၇၅ နှစ်ပြည့်ဖြစ်သည်။ ဟွမ်ဆန်းတောင်မှ တိမ်လွှာတိမ်လိပ်များနှင့် Jungfrau တောင်၏ ရေခဲမြစ်အထွတ်အထိပ်တို့ တွေ့ဆုံရာတွင် ဟွေးကျိုး၏ အဖြူရောင်နံရံ၊ နက်ပြာရောင်အုပ်ကြွပ် အဆောက်အဦတို့နှင့် အင်တာလက်ကန်၏ ရေကန်တောင်တန်း မြင်ကွင်းတို့ ကြုံဆုံရာတွင် တောင်နှင့်တောင်လက်တွဲပြီး မြို့အချင်းချင်း ချစ်ကြည်ရင်းနှီးစွာ မိတ်ဖွဲ့မှုကြောင့် တရုတ်-ဥရောပ ဒေသနှစ်ခု ခရီးသွားလာမှုက ပေါင်းကူးတံတား၊ ယဉ်ကျေးမှုက ကြားခံနယ်အဖြစ် ဆောင်ရွက်ကာ အရောင်အသွေးစုံလင်သော တောင်ထိပ်များကို သယ်ဆောင်လာပေသည်။ (Xinhua)
————————————–
(Chinese Version)
镜头连中外 | 黄山同框少女峰 中欧旅游“峰”彩无限
新华社照片,北京,2025年10月6日
黄山位于安徽省南部,因“奇松、怪石、云海、温泉、冬雪”五绝闻名于世,并以独特的自然景观和深厚的文化积淀享有盛誉。海拔4158米的少女峰位于瑞士中部伯尔尼州的因特拉肯地区,因其拥有欧洲海拔最高的火车站而被誉为“欧洲之巅”。
同为世界自然遗产地的安徽黄山与瑞士少女峰于2002年7月12日在黄山北海签署《中国黄山—瑞士少女峰友好合作协议》,探索中国风景名胜区与国际友好景区友好交流的新途径。中国黄山与瑞士少女峰结为“姊妹山”后的2008年,两地交流互鉴再度升温,黄山市与少女峰所在的瑞士因特拉肯市也携手结为友好城市。多年来,黄山和少女峰持续开展互动交流、促进中欧旅游业发展和人员交流往来。
今年是中国与瑞士建交75周年,当黄山的云海松涛遇见少女峰的冰川雪峰,当徽州的粉墙黛瓦邂逅因特拉肯的湖光山色,山与山牵手,城与城结好,中欧两地旅游为桥、文化为媒,带来“峰”彩无限。
1、拼版照片:上图为2025年8月29日拍摄的安徽省黄山风景区南大门(新华社记者 郭晨 摄);下图为2023年2月14日拍摄的海拔3475米的瑞士少女峰冰川观景台(新华社记者 连漪 摄)。 新华社发
2、拼版照片:上图为2023年9月13日拍摄的安徽省黄山市黟县宏村(无人机照片,新华社记者 郭晨 摄);下图为2024年10月1日拍摄的瑞士少女峰地区秋景(新华社记者 连漪 摄)。 新华社发