Connect with us

Environment, Disasters & Accidents

ဂေဟအမှီပြု အသက်မွေးဝမ်းကျောင်းမှုတွင် ဟားနီလူမျိုး “ငှက်စောင့်ကြည့်ရေး ဧည့်လမ်းညွှန်” က တစ်နှစ်လျှင်ဝင်ငွေ ယွမ် ၄၀,၀၀၀ မည်သို့ ရရှိသနည်း

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကျင်ဟုန်မြို့ မုန့်လုန်မြို့နယ် မုန့်ဆုန့်ရွာ ရွာသူ တာ့မေ့ (ဝဲဘက်) က ငှက်စောင့်ကြည့်ရေးနေရာ၌ ဓာတ်ပုံဆရာများနှင့် အပြန်အလှန် စကားပြောဆိုနေသည်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကျင်ဟုန် (ယူနန်)၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)

နံနက်ခင်း ၇ နာရီတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကျင်ဟုန်မြို့ မုန့်လုန်မြို့နယ် မုန့်ဆုန့်ရွာမှ ဟားနီလူမျိုး ရွာသူ တာ့မေ့သည် ၎င်းအိမ်၌နေထိုင်သည့် ဓာတ်ပုံဆရာများအား အချိန်မှန်ဦးဆောင်၍ ငှက်စောင့်ကြည့် လေ့လာရေးနေရာသို့ ခေါ်ဆောင်သွားကာ ထိုနေ့အတွက် “ငှက်စောင့်ကြည့်ရေး ဧည့်လမ်းညွှန်” လုပ်ငန်းကို စတင်ခဲ့သည်။
တရုတ်နိုင်ငံ ဒေသအသီးသီးမှ ဓာတ်ပုံရိုက်ဝါသနာရှင်များ လာရောက်ရန် ဆွဲဆောင်နေသည်မှာ အသွင်ပုံစံလှပသော ငှက်အမျိုးအစားတစ်မျိုးဖြစ်သည့် စာပုတီးနီငှက်ပင်ဖြစ်သည်။ မုန့်ဆုန့်ရွာသည် ယူနန်ပြည်နယ်တွင် အဆိုပါငှက်ငယ်မျိုးအား စောင့်ကြည့်နိုင်သည့် နေရာအနည်းငယ်အနက် တစ်နေရာဖြစ်သည်။၂၀၁၄ ခုနှစ်တွင် ငှက်အမျိုးအစား ဓာတ်ပုံရိုက်ဝါသနာရှင်တစ်ဦးသည် မုန့်ဆုန့်ရွာ၏ မြေကွက်လပ်တစ်နေရာ၌ မထင်မှတ်ဘဲ စာပုတီးနီငှက်အား ရိုက်ကူးမိခဲ့သည်။ ထိုသတင်းပျံ့သွားပြီးနောက် အဆိုပါဝေးလံခေါင်ဖျားသော တောင်ပေါ်ရွာလေးသည် “ငှက်ချစ်မြတ်နိုးသူ အသိုင်းအဝိုင်း” တွင် နာမည်ကျော်ကြားသွားခဲ့သည်။
အစုလိုက်အဖွဲ့လိုက် ရောက်ရှိလာသော ငှက်စောင့်ကြည့်သူများအတွက် ၂၀၁၆ ခုနှစ်တွင် မုန့်ဆုန့်ရွာ ရွာသူရွာသားအစည်းအဝေးတွင် မူလက သီးနှံစိုက်ပျိုးရန် အသုံးပြုသည့် မြေနေရာတစ်နေရာကို စာပုတီးနီငှက် ကာကွယ်စောင့်ရှောက်ရေးဇုန်အဖြစ် သတ်မှတ်ပြီး ပုံသေငှက်စောင့်ကြည့်ရန်နေရာ ပြင်ဆင်တည်ဆောက်ရန် ဆုံးဖြတ်လိုက်သည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကျင်ဟုန်မြို့ မုန့်လုန်မြို့နယ် မုန့်ဆုန့်ရွာ ရွာသူ မီမာက ရောင်းချမည့် ဟားနီလူမျိုး ရိုးရာဝတ်စုံများအား စီစဉ်နေသည်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါစောင့်ရှောက်ရေးလှုပ်ရှားမှုသည် လူမှုအသိုက်အဝန်း နယ်ပယ်အသီးသီး၏ ထောက်ခံအားပေးမှုနှင့် တုံ့ပြန်မှုများ ရရှိခဲ့သည်။ ရှစ်ဆောင်ပဏ္ဏားပြည်နယ်ခွဲ စုံစမ်းစစ်ဆေးရေးဌာနနှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေးဇုန်မှ ဝန်ထမ်းများသည် ကျေးရွာထဲသွားရောက်ကာ ဇီဝမျိုးစုံမျိုးကွဲမှုဆိုင်ရာ ဥပဒေအသိပညာပေးလှုပ်ရှားမှုများ လုပ်ဆောင်ခဲ့သည်။ ဒေသတွင်း ဓာတ်ပုံဆရာများအသင်းက ငှက်အမျိုးအစား ဓာတ်ပုံပြပွဲကျင်းပ၍ ငှက်ကာကွယ်စောင့်ရှောက်ရေး အသိပညာဗဟုသုတများ မျှဝေပေးသည်။ အပူပိုင်းမိုးသစ်တော ကာကွယ်ရေးဖောင်ဒေးရှင်းက ရွာလမ်းမဘေးတွင် ကြေညာဆိုင်းဘုတ်များ ထောင်လာခဲ့သည်။
ဂေဟပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းမှု၏ အကျိုးအမြတ်များ တဖြည်းဖြည်း စတင်ပေါ်ထွက်လာခဲ့သည်။ တာ့မေ့ကလည်း စီးပွားရေးအခွင့်အလမ်းကို အမိအရသိရှိပြိး မိမိနေအိမ်ကို တည်းခိုခန်းအဖြစ် ပြောင်းကာ ငှက်လာကြည့်သော ခရီးသွားဧည့်သည်များကို သီးသန့်ဧည့်ခံဝန်ဆောင်မှုပေးခဲ့သည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကျင်ဟုန်မြို့ မုန့်လုန်မြို့နယ် မုန့်ဆုန့်ရွာ၌ စာပုတီးနီငှက်အား ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

၎င်း၏ဦးဆောင်မှုဖြင့် ရွာသူ၊ ရွာသားများစွာကလည်း တည်းခိုခန်းများဖွင့်လှစ်လာကြသည်။ ပို၍စိတ်အားတက်ကြွမှု ဖြစ်စေသည်မှာ ရွာထဲမှ လက်ဖက်ခြောက်၊ ဟားနီလူမျိုးဝတ်စုံ စသည့် ဒေသထွက်ကုန်များကလည်း ဓာတ်ပုံဆရာများလာရောက်မှုနှင့်အတူ ရောင်းချရန်လမ်းကြောင်းများ ပွင့်လန်းလာခဲ့သည်။ တစ်ချိန်က တိတ်ဆိတ်နေသော တောင်ပေါ်ရွာလေးသည် ငှက်ငယ်လေးကြောင့် ရှင်သန်မှုစွမ်းအားအသစ်များဖြင့် သစ်လွင်လျက်ရှိသည်။

“ငှက်စောင့်ကြည့်မှု စီးပွားရေး” သည် ရွာသူ၊ ရွာသားများအတွက် တည်ငြိမ်သော ဝင်ငွေတိုးပွားသည့်လမ်းကြောင်းကို ဖွင့်လှစ်ပေးလိုက်သည်။ “ငှက်စောင့်ကြည့်ရေး ဧည့်လမ်းညွှန်” အဖြစ် လုပ်ဆောင်၍ တည်းခိုခန်းဖွင့်လှစ်လည်ပတ်မှုသည် တာ့မေ့အတွက် နှစ်စဉ်ဝင်ငွေယွမ် ၄၀,ဝ၀၀ ခန့် သယ်ဆောင်လာပေးသည်။
“ကောင်းမွန်တဲ့ ဂေဟပတ်ဝန်းကျင်က ကျွန်မတို့ကို ရွှေငွေအစစ်တွေ သယ်ဆောင်လာပေးတာပါ” ဟူသော အဆိုပါ ရိုးစင်းလှသည့်စကားသည် ဂေဟပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းမှုနှင့် ပြည်သူလူနေမှုဘဝ တိုးတက်ကောင်းမွန်မှု၏ ကောင်းမွန်သောစက်ဝန်းကို ဖော်ပြနေသည်။

“တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း ရေးဆွဲရေးအတွက် တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ၏ အကြံပြုချက်များ” တွင် “ဂေဟစနစ် မျိုးစုံမျိုးကွဲမှု၊ တည်ငြိမ်မှု စဉ်ဆက်မပြတ်မြင့်တက်လာရန်” ရည်မှန်းချက်ကို အတည်ပြုခဲ့သည်။

ငှက်တစ်ကောင် ရှာဖွေတွေ့ရှိသည်မှ မျိုးစိတ်တစ်ခုအား ကာကွယ်စောင့်ရှောက်သည်အထိ၊ ထိုမှတစ်ဆင့် ဒေသတစ်ခုစီးပွားရေး တိုးတက်မှုကို ဖော်ဆောင်လာသည်အထိ မုန့်ဆုန့်ရွာ၏ ပြောင်းလဲမှုသည် “စိမ်းလန်းစိုပြည်သော တောတောင်ရေမြေသည် ရွှေတောင်ငွေတောင်ဖြစ်သည်” ဟူသော အယူအဆအား သက်ဝင်လှုပ်ရှားစွာ လက်တွေ့ဖော်ဆောင်မှုဖြစ်သလို တရုတ်နိုင်ငံက ဂေဟစနစ် အမျိုးစုံလင်မှု၊ တည်ငြိမ်မှု၊ စဉ်ဆက်မပြတ်ဖြစ်မှုတို့ အဆက်မပြတ် မြင့်တက်လာမှုအား တွန်းအားပေးသည့် ပုံရိပ်ငယ်လည်း ဖြစ်ပေသည်။ (Xinhua)

————————
十五五规划@你|生态饭碗端得稳!看哈尼族“鸟导”如何年入4万
新华社照片,景洪(云南),2025年11月16日
清晨七点,云南省景洪市勐龙镇勐宋村,哈尼族村民大妹准时带领住在她家的摄影师出发前往观鸟点,开启她当天作为“鸟导”的工作。吸引各地摄影爱好者前来的,是一种外观漂亮的鸟类——红梅花雀。勐宋村是云南少数能观测到这种小鸟的地点之一。
2014年,一位鸟类摄影爱好者意外在勐宋村的荒地里拍到了红梅花雀。消息传开,这座偏远山村在“鸟友圈”中声名鹊起。面对蜂拥而至的观鸟者,2016年,勐宋村村民大会决定将一片原本种植作物的土地划为红梅花雀保护区,并修建固定观鸟点。
这一保护行动得到了社会各界的支持和响应。西双版纳州检察机关和自然保护区工作人员进村开展生物多样性普法宣传;当地摄影家协会带来鸟类摄影展,普及护鸟知识;热带雨林保护基金会在村道旁设立宣传牌……
生态保护的红利逐渐显现。大妹敏锐地捕捉到商机,将自家住房改造成民宿,专门接待前来观鸟的游客。在她的带动下,不少村民也办起民宿客栈。更令人欣喜的是,村里的茶叶、哈尼族服饰等特产,也随着摄影师的到来打开了销路。曾经寂静的山村,因小鸟焕发出新的活力。
“观鸟经济”为村民开辟了稳定的增收渠道。担任“鸟导”和经营民宿,每年能为大妹带来4万元左右的收入。“是好的生态环境给我们带来了真金白银。”这句朴实的话语,道出了生态保护与民生改善的良性循环。