Environment, Disasters & Accidents
ရှီးဇန့်ဒရယ်ငယ်များ၏ “ဆောင်းရာသီတိုက်ပွဲသံစဉ်”
လားဆ၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)
လက်ရှိတွင် တရုတ်နိုင်ငံ ရှီးဇန့်ဒေသ ချန်းထန် သဘာဝထိန်းသိမ်းရေးနယ်မြေ၊ ရှင်းကျန်းဒေသ အားအယ်လ်ကျင်းဆန်း သဘာဝထိန်းသိမ်းရေးနယ်မြေတွင် နေထိုင်လျက်ရှိသည့် ရှီးဇန့်ဒရယ်ငယ်လေးများက “ချစ်ကြိုက်ကြသည့်ရာသီ” သို့ ဝင်ရောက်နေပြီဖြစ်သည်။ ရှီးဇန့်ဒရယ်ငယ်အထီးများသည် ယှဉ်ပြိုင်တိုက်ပွဲဝင်ခြင်းဖြင့် အဖိုးတန်လှသော မိတ်လိုက်ခွင့်ကို ရယူကြသည်။ စွမ်းရည်ရှိသည့် အနိုင်ရရှိသူသာလျှင် ရှီးဇန့်ဒရယ်ငယ်အမ အနည်းငယ်၏ “ချစ်ခြင်းမေတ္တာ” ကို ပိုင်ဆိုင်ခွင့်ရမည်ဖြစ်သည်။

တရုတ်နိုင်ငံ ရှီးဇန့်ဒေသ ချန်းထန် အမျိုးသားအဆင့် သဘာဝထိန်းသိမ်းရေးနယ်မြေ မြက်ခင်းပြင်၌ ဟစ်ကြွေးမာန်ပြကာ တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသော ရှီးဇန့်ဒရယ်ငယ်အထီးနှစ်ကောင်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှီးဇန့်ဒေသ ချန်းထန် အမျိုးသားအဆင့် သဘာဝထိန်းသိမ်းရေးနယ်မြေ ဆီးနှင်းပြင်တွင် ရှီးဇန့်ဒရယ်ငယ်အထီးတစ်ကောင်က ဟစ်ကြွေးရင်း အဖော်ခေါ်ကာ ပြိုင်ဘက်အား စိန်ခေါ်နေသည်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မျိုးစိတ်ဆက်လက်တည်ရှိနိုင်ရန်အတွက် ရှီးဇန့်ဒရယ်ငယ်များသည် နှင်းတောင်အောက် မြက်ခင်းပြင်တွင် ပြေးလွှားခြင်း၊ လိုက်လံခြင်း၊ ယှဉ်ပြိုင်ခြင်းတို့ဖြင့် ကျယ်ပြောလှသော မိုးမြေကြားတွင် ခမ်းညားလှပလှသည့် “ဆောင်းရာသီတိုက်ပွဲသံစဉ်” မြင်ကွင်းများကို တင်ဆက်လျက်ရှိသည်။ရှီးဇန့်ဒရယ်ငယ်သည် နိုင်ငံပထမအဆင့် ကာကွယ်စောင့်ရှောက်ထားသော တိရစ္ဆာန်ဖြစ်ပြီး “ကုန်းပြင်မြင့် မှင်စာ” ဟုလည်း တင်စားခေါ်ဝေါ်ခြင်းခံရသည်။ (Xinhua)
————————————–
(Chinese Version)
藏羚羊的“冬日战歌”
新华社照片,拉萨,2025年12月11日
眼下,生活在西藏羌塘、新疆阿尔金山保护区的藏羚羊进入“恋爱季”,雄性藏羚羊通过决斗来争夺宝贵的交配权,有实力的胜者才会拥有几只雌性藏羚羊的“爱情”。
为了种群的延续,藏羚羊在雪山下草原上奔跑、追逐、争斗,在苍茫天地间演绎着一幕幕生动壮美的“冬日战歌”。
藏羚羊属于国家一级保护动物,被誉为“高原精灵”。
图说1:这是在羌塘国家级自然保护区拍摄的两头雄性藏羚羊(12月3日摄)。 新华社记者 姜帆 摄
图说2:两头雄性藏羚羊在羌塘国家级自然保护区的草原上嗥叫示威,准备争斗(12月4日摄)。新华社记者 姜帆 摄
图说3:一头雄性藏羚羊在羌塘国家级自然保护区的雪原上嗥叫,呼唤伴侣,挑战对手(11月30日摄)。新华社记者 姜帆 摄
