Connect with us

Environment, Disasters & Accidents

အားအယ်လ်ဆန်းသို့သွားရောက်၍ လျှို့ဝှက်ဆန်းကြယ်သော ခွန်းလွန်တောင်တန်းနှင့် တွေ့ဆုံခြင်း

တရုတ်နိုင်ငံ ရှင်းကျန်းဒေသ အားအယ်လ်ဆန်း အမျိုးသားအဆင့် သဘာဝထိန်းသိမ်းရေးနယ်မြေတွင် ရှီးဇန့်တောမြည်းများက မုန့်ပုလားခဲ့မြက်ခင်းပြင်၌ အစာရှာစားနေကြသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ခုအယ်လ်လဲ့ (ရှင်းကျန်း)၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အားအယ်လ်ကျင်းဆန်း အမျိုးသားအဆင့် သဘာဝထိန်းသိမ်းရေးနယ်မြေသည် ခွန်းလွန်တောင်တန်း၏ အရှေ့ပိုင်းတွင် တည်ရှိသည်။ ဧရိယာအကျယ်အဝန်းမှာ ၄၅,၀၀၀ စတုရန်းကီလိုမီတာခန့်ရှိပြီး ပျမ်းမျှပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၄,၅၈၀ မီတာရှိသည်။ ၎င်း၏ ထူးခြားသော ပထဝီဝင်တည်နေရာနှင့် မြေမျက်နှာသွင်ပြင်တို့ကြောင့် ဤနေရာတွင် တစ်နှစ်ပတ်လုံး လူသူအရောက်အပေါက်နည်းပါးရာ ကမ္ဘာကြီး၏ သန့်စင်သောမြေဟု ဂုဏ်အမည်ရှိသည်။ ဂေဟစနစ်၏ မူရင်းဖြစ်မှုနှင့် မူလအစစ်အမှန်ဖြစ်မှုတို့ကို ပြည့်စုံကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်ပြီး မျိုးစိတ်များ၏ ဆင့်ကဲပြောင်းလဲမှုနှင့် တိုးတက်ပြောင်းလဲမှုများကို ဤနေရာတွင် အပြည့်အစုံ မှတ်တမ်းတင်ထားခဲ့သည်။

တရုတ်နိုင်ငံ ရှင်းကျန်းဒေသ အားအယ်လ်ကျင်းဆန်း အမျိုးသားအဆင့် သဘာဝထိန်းသိမ်းရေးနယ်မြေတွင် တောရိုင်းစာမရီနွားများက မုန့်ပုလားခဲ့မြက်ခင်းပြင်၌ အစာရှာစားနေကြသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှင်းကျန်းဒေသ အားအယ်လ်ကျင်းဆန်း အမျိုးသားအဆင့် သဘာဝထိန်းသိမ်းရေးနယ်မြေတွင် ရှီးဇန့်ဒရယ်ငယ်များက မုန့်ပုလားခဲ့မြက်ခင်းပြင်၌ အစာရှာစားနေကြသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆောင်းရာသီကာလတွင် သဘာဝထိန်းသိမ်းရေးနယ်မြေသည် အလွန်ချမ်းအေးပြီး အောက်ဆီဂျင်နည်းပါးမှု၊ လေထုပါးလွှာမှုရှိသော်လည်း အမျိုးစုံလင်သော သက်ရှိတိရစ္ဆာန်များ လွတ်လပ်စွာ နေထိုင်ကျက်စားလျက်ရှိသည်။ တောရိုင်းတိရစ္ဆာန် မျိုးစိတ်ရာချီသည် ဤနေရာတွင် နေထိုင်ကျက်စားပြီး မျိုးပွားကြီးထွားလာကြသည်။ အားအယ်လ်ကျင်းဆန်း အမျိုးသားအဆင့် သဘာဝထိန်းသိမ်းရေးနယ်မြေတွင် သက်ရှိတို့အား ချီးကျူးဂုဏ်ပြုသော တေးသွားများသည် ကြီးကျယ်ခမ်းနားသော မိုးကောင်းကင်နှင့် မြေကြီးအကြားတွင် သာယာနာပျော်ဖွယ် ပဲ့တင်ထပ်လျက်ရှိပေသည်။ (Xinhua)
……………………….
(Chinese Version)
走进阿尔金山 镜遇秘境昆仑
新华社照片,库尔勒(新疆),2025年12月12日
阿尔金山国家级自然保护区地处昆仑山东部,面积约4.5万平方公里,平均海拔4580米。由于特殊的地理位置和地形地貌,这里常年人迹罕至,有世界净土之誉,生态系统的原始性和原真性保持完好,物种的演变和进化在这里都留下完整的痕迹。冬日的保护区虽极寒缺氧,空气稀薄,却自由栖息着万物生灵,数百种野生动物在此生活栖息、繁衍壮大,在阿尔金山国家级自然保护区,生命的赞歌在壮美的天地之间婉转悠扬。
图说1:在阿尔金山国家级自然保护区,藏野驴奔跑在日出时的依协克帕提草原上(无人机照片,12月9日摄)。 新华社记者 辛悦卫 摄
图说2:在阿尔金山国家级自然保护区,野牦牛在孟布拉克草原上觅食(12月7日摄)。新华社记者 辛悦卫 摄
图说3:在阿尔金山国家级自然保护区,藏羚羊在狼牙山下的草原上觅食(12月6日摄)。新华社记者 辛悦卫 摄