Environment, Disasters & Accidents
တရုတ်နိုင်ငံတွင် မိုးသက်မုန်တိုင်းအန္တရာယ် အဝါရောင်အဆင့် သတိပေးချက်ထုတ်ပြန်

ပေကျင်း၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံတွင် မိုးသက်မုန်တိုင်းအန္တရာယ် သတိပြုရန် အဝါရောင်အဆင့် သတိပေးချက်တစ်ရပ်ကို တရုတ်အမျိုးသားမိုးလေဝသဌာနက သြဂုတ် ၁၀ ရက်တွင် ထုတ်ပြန်ခဲ့ပြီး နိုင်ငံတွင်းရှိ ဒေသအချို့၌ မိုးသည်းထန်စွာ ရွာသွန်းနိုင်ဖွယ်ရှိကြောင်း သတိပေးချက်ထုတ်ပြန်ခဲ့သည်။ဒေသစံတော်ချိန် သြဂုတ် ၁၀ ရက် နံနက် ၈း၀၀ နာရီမှ သြဂုတ် ၁၁ ရက် နံနက် ၈း၀၀ နာရီအထိ ကျန်းဆူးပြည်နယ်၊ ရှန်ဟိုင်းမြို့၊ အန်းဟွေးပြည်နယ်၊ ဟဲနန်ပြည်နယ်၊ ဟူပေပြည်နယ်၊ ဟူနန်ပြည်နယ်၊ ကွေ့ကျိုးပြည်နယ်၊ ယူနန်ပြည်နယ်၊ စီချွမ်းပြည်နယ်၊ ချုံချင့်မြို့၊ ဆန်ရှီးပြည်နယ်၊ အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ဟေးလုံကျန်းပြည်နယ်တို့၏ နေရာအချို့တွင် မိုးသက်မုန်တိုင်းများ ကျရောက်ကာ မိုးသည်းထန်စွာ ရွာသွန်းနိုင်ဖွယ်ရှိကြောင်း တရုတ်အမျိုးသားမိုးလေဝသဌာနက ထုတ်ပြန်ခဲ့သည်။
ကျန်းဆူးပြည်နယ်၊ အန်းဟွေးပြည်နယ်၊ ဟူပေပြည်နယ်၊ စီချွမ်းပြည်နယ်၊ ကွေ့ကျိုးပြည်နယ်နှင့် ယူနန်ပြည်နယ်တို့၏ နေရာအချို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး မိုးရေချိန်မှာ ၂၃၀ မီလီမီတာအထိ ရောက်ရှိနိုင်ဖွယ်ရှိကြောင်းလည်း ၎င်းဌာနက ထုတ်ပြန်ခဲ့သည်။
အဆိုပါဒေသအချို့တွင် ခေတ္တခဏသာ မိုးရွာသွန်းသည့်တိုင် သည်းထန်စွာ ရွာသွန်းနိုင်ပြီး အချို့နေရာများ၌ တစ်နာရီလျှင် အမြင့်ဆုံးမိုးရေချိန် ၈၀ မီလီမီတာကို ကျော်လွန်ကာ မိုးကြိုးမုန်တိုင်းများနှင့် လေပြင်းမုန်တိုင်းများပါ ကျရောက်နိုင်ဖွယ်ရှိကြောင်း သိရသည်။
မိုးသက်မုန်တိုင်းအန္တရာယ်မှ ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ရန် ဒေသခံအာဏာပိုင်များအား တရုတ်အမျိုးသားမိုးလေဝသဌာနက အကြံပြုထားပြီး မြို့ပြဧရိယာများနှင့် လယ်မြေများတစ်လျှောက် ရေနုတ်မြောင်းများ ဆောင်ရွက်ရန် အကြံပြုထားသည်။
တရုတ်နိုင်ငံတွင် အရောင်-ကုဒ်ဖြင့် မိုးလေဝသသတိပေးစနစ် အဆင့်လေးခုရှိပြီး အနီရောင်မှာ အပြင်းထန်ဆုံးအဆင့် မိုးလေဝသသတိပေးချက်ဖြစ်ပြီး အနီပြီးနောက် လိမ္မော်၊ အဝါနှင့် အပြာတို့ဖြစ်ကြောင်း သိရသည်။ (Xinhua)
——————————————————-
China renews yellow alert for rainstorms
BEIJING, Aug. 10 (Xinhua) — China’s national observatory renewed a yellow alert for rainstorms on Sunday, warning of downpours in some regions of the country.
From 8:00 a.m. Sunday to 8:00 a.m. Monday, heavy rain and rainstorms are forecast to hit parts of Jiangsu, Shanghai, Anhui, Henan, Hubei, Hunan, Guizhou, Yunnan, Sichuan, Chongqing, Shaanxi, Inner Mongolia and Heilongjiang, the National Meteorological Center said.
Parts of Jiangsu, Anhui, Hubei, Sichuan, Guizhou and Yunnan are expected to experience torrential rain, with precipitation of up to 230 mm, the center added.
Some of these regions are expected to see brief but heavy rainfall, with maximum hourly precipitation exceeding 80 mm in some areas, accompanied by thunderstorms and gales.
The center has advised local authorities to take precautions for heavy rainstorms and recommended implementing drainage measures in urban areas and across farmlands.
China has a four-tier color-coded weather warning system, with red representing the most severe, followed by orange, yellow and blue. ■
English Caption
Staff members fence off a manhole on a flooded road in Panyu District of Guangzhou, south China’s Guangdong Province, Sept. 8, 2023. (Xinhua/Deng Hua)