ဟိုင်နန်၊ ဩဂုတ် ၁၇ ရက် (ဆင်ဟွာ) ယခုနှစ် နွေရာသီတွင် သုံးလခွဲကြာ ပိတ်ထားသော ငါးဖမ်းခြင်း တားမြစ်ချက် ကုန်ဆုံးပြီးနောက် ဩဂုတ် ၁၆ ရက်၌ တောင်တရုတ်ပင်လယ်ငါးဖမ်းရာသီ စတင်ပြီဖြစ်ကြောင်း သိရသည်။ (Xinhua) ……………………………… (English Version) Fishing season of South...
ပေကျင်း၊ ဩဂုတ် ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အာဏာပိုင်များက နိုင်ငံအတွင်း မိုးရွာသွန်းခြင်း၊ ရေကြီးရေလျှံခြင်း၊ မိုးခေါင်ခြင်းနှင့် သဘာဝဘေးအန္တရာယ်အခြေအနေများကို ဆွေးနွေးရန် ဗီဒီယိုကွန်ဖရင့်တစ်ခု ဩဂုတ် ၁၄ ရက်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးကို တရုတ်နိုင်ငံ ရေဘေးထိန်းချုပ်ရေးနှင့် မိုးခေါင်မှုလျော့ပါးရေးဌာနချုပ်ရုံးနှင့် အရေးပေါ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးဌာနတို့...
ပေကျင်း၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တာဝန်ရှိသူများက ရေဘေးကယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ရေဘေးသင့်ဒေသများ၌ လူနေမှုပုံစံနှင့် ထုတ်လုပ်မှုများကို ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရန် အချိန်နှင့်တစ်ပြေးညီ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ တရုတ်နိုင်ငံသည် မကြာသေးမီက ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုဒဏ်ခံစားရသူများအား ကယ်ဆယ်ရေး ဆောင်ရွက်ရန်နှင့် ၎င်းတို့၏ အခြေခံလိုအပ်ချက်...
ပေကျင်း၊ ဩဂုတ် ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် မကြာသေးမီက ဟိုင်ဟဲမြစ်ဝှမ်းဒေသတွင် ရေဖုံးလွှမ်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုများ လျော့နည်းစေရန် ပိုလျှံရေသိုလှောင်ရေးအတွက် ရည်ရွယ်၍ ယွမ် ၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၃၉.၆၉ သန်းခန့်) လျာထားသတ်မှတ်ထားကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ရေအရင်းအမြစ်ဝန်ကြီးဌာနတို့က ဩဂုတ် ၉ ရက် ထုတ်ပြန်ချက်အရ...
ပေကျင်း၊ ဩဂုတ် ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ဩဂုတ် ၈ ရက် ည ၁၂ နာရီအထိ ရေဘေးအန္တရာယ်ကြောင့် သေဆုံးသူ ၃၃ ဦးရှိရာ အဓိကအားဖြင့် ရေကြီးရေလျှံဖြစ်၍ ရေနစ်မြုပ်ခြင်း၊ နေအိမ်ပြိုကျခြင်းတို့ကြောင့် လူသေဆုံးရခြင်း ဖြစ်ကြောင်း ပေကျင်းမြို့ကော်မတီ အမြဲတမ်းကော်မတီဝင်၊ ပေကျင်းမြို့အစိုးရ...
ပေကျင်း၊ ဩဂုတ် ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ဇူလိုင် ၂၉ ရက် ည ၈ နာရီမှ ဩဂုတ် ၂ ရက် နံနက် ၇ နာရီအထိ မိုးရွာသွန်းမှုစံချိန်မှာ နှစ်ပေါင်း ၁၄၀ အတွင်း အများဆုံးအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရသည်။...
ဟာအယ်ပင်း၊ ဩဂုတ် ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ် အရေးပေါ်စီမံခန့်ခွဲမှုဦးစီးဌာနက ဩဂုတ် ၆ ရက် ညနေ ၄ နာရီအထိ ပြည်နယ်တစ်ဝန်းရှိ ရေဘေးဒဏ်သင့်နေရာများသို့ ကယ်ဆယ်ရေးအထောက်အပံ့ပစ္စည်းများ ခွဲဝေပေးခဲ့ကြောင်း သိရသည်။ အဆိုပါပစ္စည်းများတွင် ယာယီတဲ့ ၄၀၀၊ ခေါက်ကုတင် ၁၀,၉၀၀၊ အိပ်ရာခင်းအစုံ...
ချုံချင့်၊ ဩဂုတ် ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ချုံချင့် တိရစ္ဆာန်ဥယျာဉ်ရှိ ပန်ဒါဝက်ဝံမကြီး “မောင်းကျိုင်”က ၂၀၂၃ ခုနှစ် ဇူလိုင် ၆ ရက် ၁၄ နာရီ ၁၂ မိနစ်တွင် ပန်ဒါဝက်ဝံအထီးလေးတစ်ကောင် မွေးဖွားခဲ့ကြောင်း ချုံချင့် တိရစ္ဆာန်ဥယျာဉ်မှ သိရသည်။ ၎င်းသည် ပန်ဒါဝက်ဝံမကြီး...
ရှူးလျန်၊ ဩဂုတ် ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျီလင်ပြည်နယ် ရှူးလန်မြို့သည် ဩဂုတ် ၁ ရက်ညပိုင်းကတည်းက မိုးသည်းထန်မှုဒဏ်ခံစားခဲ့ရသည်။ ခရိုင်အဆင့်မြို့ဖြစ်သော ရှူးလျန်ရှိ မြို့နယ်ပေါင်းများစွာတွင် မိုးသည်းထန်မှုကို ဆက်လက်ကြုံတွေ့နေရသဖြင့် ရေကြီးရေလျှံမှုဖြစ်ပွားလာသောအခါ ခိုင်ယွမ်မြို့၊ ရှင်းခိုင်ကျေးရွာတွင် နေထိုင်သူများက ရေဘေးလွတ်ရာနေရာ တစ်ခုပြီးတစ်ခု ရွှေ့ပြောင်းခဲ့ရသည်။ သို့ရာတွင်...
ထျန်းကျင်း၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ကျန်းကော်ချင်းက ရေကာတာများနှင့် တာတမံများကို တောင့်တင်းခိုင်မာအောင် ဆောင်ရွက်ရန်နှင့် ရေဘေးကယ်ဆယ်ရေးလမ်းကြောင်းများကို ရှင်းလင်းထားရှိရန် ဩဂုတ် ၅ ရက်က တိုက်တွန်းပြောကြားခဲ့သည်။