ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) ဇူလိုင်လ တတိယ(၁၀)ရက်ပတ်အတွင်း ဧရာဝတီမြစ် နှင့် ချင်းတွင်းမြစ်ရေ မြင့်တက်နိုင်မှု၊ ကျဆင်းနိုင်မှု အခြေအနေ နှင့် ပတ်သက်၍ မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်အနောက် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ သြရိဿကမ်းခြေနှင့် အနောက်ဘင်္ဂလားကမ်းခြေတို့တွင် လေဖိအားနည်းရပ်ဝန်း တစ်ခု ဖြစ်ပေါ်နေကြောင်း၊ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက်(၄၈)နာရီအတွင်း ပိုမိုအားကောင်းလာနိုင်သည်ဟု ခန့်မှန်းရကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) ချင်းတွင်းမြစ်သည် နှစ်စဉ်မိုးရာသီတွင် မြစ်ရေကြီးမြင့်မှုကြောင့် ချင်းတွင်းမြစ်ဖြတ်သန်းစီးတင်းရာ မြို့နယ်များ တွင်ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိရာ မုံရွာမြို့နယ်အတွင်း ယခုနှစ်မိုးရာသီမြစ်ရေကြီး မြင့်မှုကိုရေကင်း (၂၄)ခုဖြင့်စောင့်ကြပ်ကြည့်ရှုသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံခန့်ခွဲမှုကော်မတီရုံးမှသိရသည်။
ကုလသမဂ္ဂ ၊ ဇွန် ၂၅ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဂူတာရက်စ် ၏ ပြောရေးဆိုခွင့်ရှိသူမှ တစ်ဆင့် ဇွန်လ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက် ၌ စီချွမ်း ပြည်နယ်၌ ဖြစ်ပွား ခဲ့သည့် မြေပြိုမှုကြောင့် သေဆုံးဒဏ်ရာရရှိမှု ဖြစ်ပွား...
ပေကျင်း၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ဘက် စီချွမ်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် မြေပြိုမှုကြောင့် နစ်မြုပ်သွားသူများ အားလုံးကို ဖြစ်နိုင်သည့် နည်းလမ်းများ အားလုံး အသုံးပြု၍ ကယ်ဆယ်ရန် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ညွှန်ကြားခဲ့ကြောင်း သိရသည်။
ချန်ဒူ၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်တွင် ဇွန်လ ၂၄ ရက် နံနက်ပိုင်းက မြေပြိုကျမှု ဖြစ်ပွားခဲ့ရာ နေအိမ် ၄၀ ခန့် ပြိုကျခဲ့သလို လူပေါင်း ၁၀၀ ခန့် မြေမြှုပ်ခံခဲ့ရကြောင်း မောက်ရှန်နယ်မြေ တာဝန်ရှိသူ သတင်းရင်းမြစ်များထံမှ သိရသည်။
ဟန်ကျိုး၊ မေ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်မြို့တော် ဟန်ကျိုးရှိ ကမ္ဘာပေါ်တွင် အရှည်ဆုံး လူလုပ်တူးမြောင်း ဖြစ်သော ပေကျင်း-ဟန်ကျိုး Grand တူးမြောင်းအား ကာကွယ်ရန်အတွက် စည်းမျဉ်းများ ထွက်ရှိလာကြောင်း သိရသည်။
ကူမင်း၊ ဧပြီ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သိပ္ပံ တက္ကသိုလ် (CAS) မှ သုတေသီများက ပိုလီယူရသိန်း (Polyurethane= PU) ပလပ်စတစ် လျှော့ချရေးအတွက် နိုဘယ်လ်မှို တစ်မျိုးကို ဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
ရန်ကုန် ၊ မတ် ၁၃ ရက်(ဆင်ဟွာ) တိုက်ကြီးမြို့ အနီး နောက်ဆက်တွဲ မြေငလျင် ထပ်မံ လှုပ်ရှားမှုများ ရှိသကဲ့သို့ လှုပ်ရှားခဲ့သည့် ငလျင်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှု တစ်ချို့ ရှိခဲ့ကြောင်း စုံစမ်း သိရသည်။
ရှီးအန်း၊ မတ် ၂ ရက် (ဆင်ဟွာ) ပန်ဒါကြီးမျိုးများအတွက် အမျိုးသား ဥယျာဉ် တစ်ခု တည်ဆောက်ရန် စီမံကိန်းအား ဗဟို အစိုးရက ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း ရှန်ရှီးပြည်နယ် သစ်တောဋ္ဌာနက ယနေ့ (မတ်လ ၂ ရက်) တွင် ကြေညာလိုက်သည်။