Connect with us

China

တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (CAEXPO) က အာဆီယံနှင့် တရုတ်နိုင်ငံတို့ အားလုံးပါဝင်၍ စဉ်ဆက်မပြတ်ဖြစ်သော တိုးတက်မှုအား မြှင့်တင်ပေးမည်ဟု အာဆီယံနိုင်ငံ အကြီးအကဲများ ဆို

တရုတ်နိုင်ငံ ကွမ်ရှီးဒေသ နန်နင်းမြို့တွင် ၂၂ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (CAEXPO) ကျင်းပရာ နန်နင်း နိုင်ငံတကာ ကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာ ပြင်ပမှ လျှောက်သွားသူများကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နန်နင်း၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)
၂၂ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (CAEXPO) နှင့်‌ တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံရေး ထိပ်သီးအစည်းအဝေးကို စက်တင်ဘာ ၁၇ ရက်တွင် တရုတ်နိုင်ငံ ကွမ်ရှီးဒေသ နန်နင်းမြို့၌ ဖွင့်လှစ်ကျင်းပခဲ့သည်။
ဖွင့်ပွဲအခမ်းအနား တက်ရောက်လာသည့် နိုင်ငံအသီးသီးမှ အကြီးအကဲများက အမှာစကားပြောကြားရာ၌ လက်ရှိရှုပ်ထွေးသည့် နိုင်ငံတကာအခြေအနေအောက်တွင် ယခုအကြိမ် တရုတ်-အာဆီယံ ကုန်စည်ပြပွဲသည် ဒစ်ဂျစ်တယ်ဉာဏ်ရည်ဖြင့် အားဖြည့်မှု၊ ဆန်းသစ်တီထွင်သော ဖွံ့ဖြိုးတိုးတက်မှုတို့ကို အာရုံစိုက်ရာ ထင်ရှားသည့် လက်တွေ့အနက်အဓိပ္ပာယ်ရှိကြောင်း၊ ယခုအကြိမ် ကုန်စည်ပြပွဲသည် အာဆီယံနှင့် တရုတ်နိုင်ငံအကြား ကြာရှည်သော ချစ်ကြည်ရေးနှင့် ယုံကြည်မှုအား တစ်ဆင့်တိုး နက်ရှိုင်းစေပြီး အားလုံးပါဝင်၍ စဉ်ဆက်မပြတ်ဖြစ်သော တိုးတက်မှုအား အတူတကွ မြှင့်တင်ပေးမည်ဟု ယုံကြည်ကြောင်း ထောက်ပြ ပြောကြားခဲ့ကြသည်။
ယခုအကြိမ် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၏ ခေါင်းစဉ်မှာ “ဒစ်ဂျစ်တယ် ဉာဏ်ရည်ဖြင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆန်းသစ်တီထွင်မှုဖြင့် အနာဂတ်ကိုဦးဆောင်ခြင်း – တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဇုန် ၃.၀ ဗားရှင်း၏ အခွင့်အလမ်းသစ်များဖြင့် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုအား ကူညီအားဖြည့်ခြင်း” ဖြစ်သည်။
ယခုအကြိမ် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၏ ဂုဏ်ထူးဆောင်နိုင်ငံ၊ မြန်မာနိုင်ငံ ဝန်ကြီးချုပ် ဦးညိုစောက အမှာစကားပြောကြားရာ၌ တရုတ်-အာဆီယံ ကုန်စည်ပြပွဲအား အောင်မြင်စွာကျင်းပမှုသည် အာဆီယံနှင့် တရုတ်နိုင်ငံ၏ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအား တစ်ဆင့်တိုးနက်ရှိုင်းစေပြီး ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလာရေး စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးကြီးပလက်ဖောင်း တည်ဆောက်ပေးလိုက်ပြီး တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေးဇုန်၏ တစ်ဆင့်တိုး ဖွံ့ဖြိုးတိုးတက်ရန်အတွက် အရေးကြီး အကျိုးထမ်းဆောင်ပေးလိုက်ကြောင်း ပြောကြားခဲ့သည်။ ယခုအကြိမ် တရုတ်-အာဆီယံ ကုန်စည်ပြပွဲသည် အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံက ကုန်သွယ်ရေး၊ စီးပွားရေးနှင့် စက်မှုလုပ်ငန်း ကုန်ထုတ်လုပ်ငန်းကွင်းဆက် စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးပြီး ဒေသတွင်းနိုင်ငံများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းမှုကို တွန်းအားပေးသွားမည်ဟု ခိုင်မြဲစွာ ယုံကြည်ကြောင်း ဦးညိုစောက ပြောကြားခဲ့သည်။
လာအိုနိုင်ငံ ဒုတိယ သမ္မတ Bounthong Chitmany က လက်ရှိတွင် ဉာဏ်ရည်တု (AI) နှင့် ဆန်းသစ်တီထွင်မှုသည် ကုန်ထုတ်လုပ်မှုနှင့် လူနေမှုဘဝ၏ မရှိမဖြစ် အရေးကြီးတွန်းအား ဖြစ်လာနေကြောင်း ပြောကြားခဲ့သည်။ အာဆီယံနိုင်ငံအသီးသီး၏ သိပ္ပံနည်းပညာ ဖွံ့ဖြိုးတိုးတက်မှု အဆင့်အတန်းသည် ခြားနားမှုရှိကြသည့်အလျောက် အပြန်အလှန်အကျိုးဖြစ်ထွန်း၍ ဘုံအကျိုးစီးပွား ဖော်ဆောင်သည့် အခြေခံပေါ်တွင် အာဆီယံနှင့် တရုတ်နိုင်ငံသည် ဉာဏ်ရည်တု (AI) ဆန်းသစ်တီထွင်မှု နည်းပညာအား သုတေသနပြုလုပ် ဖော်ထုတ်အသုံးပြုမှုနှင့် စီးပွားကုန်သွယ်ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုအား တစ်ဆင့်တိုးမြှင့်တင်သင့်ကြောင်း၊ ပိုမိုထိရောက်မှုရှိသည့် ပူးပေါင်းဆောင်ရွက်မှု ယန္တရား တည်ဆောက်ခြင်းဖြင့် အာဆီယံနှင့် တရုတ်နိုင်ငံ၏ ဘက်စုံထောင့်စုံ ပူးပေါင်းဆောင်ရွက်မှုသည် ပိုမိုကြွယ်ဝသည့်ရလဒ်များ မုချရရှိလာမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ရုံး ဝန်ကြီး Vongsey Vissoth က နှစ်ပေါင်းများစွာအတွင်း တရုတ်-အာဆီယံ ကုန်စည်ပြပွဲသည် အာဆီယံနှင့် တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးကို မြှင့်တင်ရန်၊ အပြန်အလှန်ချစ်ကြည်ရင်းနှီးမှု၊ ငြိမ်းချမ်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအား နက်ရှိုင်းစေသည့် အရေးကြီးပလက်ဖောင်း ဖြစ်လာပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဒစ်ဂျစ်တယ်နည်းပညာ လျင်မြန်စွာ ဆန်းသစ်တီထွင်မှု၊ စီးပွားရေးနှင့် ပထဝီနိုင်ငံရေး မသေချာမရေရာမှုများ ဆိုးရွားလာမှုနှင့် တစ်ကမ္ဘာလုံး ပြိုကွဲမှု အန္တရာယ်နှင့် ရင်ဆိုင်ရာတွင် ယခုအကြိမ် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၏ ခေါင်းစဉ်မှာ အလွန်လက်တွေ့ကျသည့် အနှစ်သာရရှိကာ အချိန်သင့်အခါသင့်ဖြစ်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် အာဆီယံမိတ်ဖက်များနှင့်အတူ ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မြဲစွာ မမှိတ်မသုန် ဖော်ဆောင်သွားပြီး တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေးဇုန် ၃.၀ ဗားရှင်း၏ အလားအလာများကို အပြည့်အဝ အသုံးပြုသွားမည်ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် ဘက်အသီးသီးနှင့် အတူလက်တွဲ၍ ဒစ်ဂျစ်တယ်ဉာဏ်ရည် ဆန်းသစ်တီထွင်မှုအား မောင်းနှင်အားအဖြစ် အသုံးပြုကာ အားလုံးပါဝင်၍ စဉ်ဆက်မပြတ်ဖြစ်သော တိုးတက်မှုအား အတူတကွ မြှင့်တင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မလေးရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ စွမ်းအင်နှင့် ရေအသွင်ပြောင်းမှု ဝန်ကြီးဌာန ဝန်ကြီး Fadillah Yusof က တစ်ကမ္ဘာလုံး မသေချာမရေရာမှုများ တိုးပွားလာသည့် အခြေအနေအသစ်တွင် အာဆီယံနှင့် တရုတ်နိုင်ငံသည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး မဟာဗျူဟာ အမျိုးစုံလင်လာမှုကို ဆက်လက်ဖော်ဆောင်ရမည်ဖြစ်ပြီး တစ်ချိန်တည်းတွင် မိမိဒေသတွင်း ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနှင့် အတူတကွ စည်ပင်ဝပြောမှုအား ခိုင်မြဲစွာ မမှိတ်မသုန် မြှင့်တင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယခုအကြိမ် တရုတ်-အာဆီယံ ကုန်စည်ပြပွဲသည် အာဆီယံနှင့် တရုတ်နိုင်ငံအကြား ကြာရှည်သော ချစ်ကြည်ရင်းနှီးမှု၊ ယုံကြည်မှုနှင့် စီးပွားရေးမိတ်ဖက် ဆက်ဆံရေးအား တစ်ဆင့်တိုး နက်ရှိုင်းစေပြီး ၎င်းက မလေးရှား၊ အာဆီယံနှင့် တရုတ်နိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်မှု အလားအလာအသစ်များ သယ်ဆောင်လာပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် Mai Van Chinh က နှစ်ပေါင်း ၂၀ ကျော်အတွင်း တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် ထိပ်သီးအစည်းဝေးသည် အာဆီယံနှင့် တရုတ်နိုင်ငံ၏ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၏ အရေးကြီးပြယုဂ်ဖြစ်လာပြီဖြစ်ကြောင်း၊ ဗီယက်နမ်အပါအဝင် အာဆီယံနိုင်ငံအသီးသီးအနေဖြင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုနှင့် အတူတကွ စည်ပင်ဝပြောမှုအား မြှင့်တင်ရာ၌ တရုတ်နိုင်ငံ၏ အရေးကြီးအကျိုးထမ်းဆောင်မှုကို အစဉ်အမြဲ အသိအမှတ်ပြုကြောင်း၊ ဗီယက်နမ်နိုင်ငံအနေဖြင့် အာဆီယံနိုင်ငံအသီးသီး၊ တရုတ်နိုင်ငံနှင့် မိတ်ဖက်အသီးသီးနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုအား တစ်ဆင့်တိုး မြှင့်တင်ပြီး ငြိမ်းချမ်းသော၊ တည်ငြိမ်သော၊ အဆင်ပြေသော စီးပွားရေး လုပ်ကိုင်မှုပတ်ဝန်းကျင် တည်ဆောက်ခြင်းကို အတူတကွ တွန်းအားပေးကာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအား မြှင့်တင်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် Kao Kim Hourn က အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်မှု အနာဂတ်အား စဉ်ဆက်မပြတ်ဖန်တီးသည့် ပလက်ဖောင်းအနေဖြင့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲသည် နှစ်ပေါင်း ၂၀ ကျော်ကြာ ဖွံ့ဖြိုးတိုးတက်လာပြီးနောက် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး၏ ပြသမှုပြတင်းပေါက် သာမကတော့ဘဲ ပေါင်းစပ်မှု မြှင့်တင်ခြင်း၊ ဆန်းသစ်တီထွင်မှု လှုံ့ဆော်ခြင်း၊ ရေရှည်တိုးတက်မှုအား တွန်းအားပေးခြင်း၏ အကူတွန်းအားပေးကိရိယာလည်း ဖြစ်ကြောင်း၊ လက်ရှိ မသေချာမရေရာမှုများ ပြည့်ဝလာနေသည့် ကမ္ဘာလုံးဆိုင်ရာပတ်ဝန်းကျင်တွင် တရုတ်-အာဆီယံ ကုန်စည်ပြပွဲသည် သာလွန်ကောင်းမွန်သော အခြေအနေအား ပိုင်ဆိုင်ထားပြီး ကုန်သွယ်ရေးနှင့် နည်းပညာ၊ ဈေးကွက်နှင့် ဆန်းသစ်တီထွင်မှု၊ ယနေ့အခွင့်အလမ်းနှင့် အနာဂတ်ဖြစ်နိုင်ခြေများအကြားတွင် ပေါင်းကူးတံတား တည်ဆောက်ပေးနိုင်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ကွမ်ရှီးဒေသ နန်နင်းမြို့တွင် ၂၂ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (CAEXPO) ကျင်းပရာ နန်နင်း နိုင်ငံတကာ ကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာအတွင်း၌ လူပုံစံတူစက်ရုပ်နှင့် လက်ဆွဲနှုတ်ဆက်နေသူတစ်ဦးအား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

————————–
(Chinese Version)
东盟多国领导人:东博会将促进东盟与中国实现包容性与可持续增长
新华社南宁9月17日电(记者汤洁峰 黄耀滕)第22届中国-东盟博览会暨中国-东盟商务与投资峰会17日在广西南宁开幕。参加开幕式的多国领导人在致辞中指出,在当前复杂国际形势下,本届东博会聚焦数智赋能、创新发展,具有突出的现实意义;相信本届博览会将进一步深化东盟与中国持久的友谊与信任,共同促进包容性与可持续增长。
本届东博会主题为“数智赋能发展,创新引领未来——以中国-东盟自贸区3.0版新机遇助建命运共同体”。
本届东博会主题国缅甸总理纽梭在致辞中说,东博会的成功举办进一步深化东盟与中国的全面战略伙伴关系,为贸易、投资与旅游等领域合作搭建重要平台,为中国-东盟自贸区的进一步发展作出了重要贡献。纽梭坚信,本届东博会将强化东盟国家与中国在贸易、经济及工业产业链等领域合作,推动区域各国实现可持续发展与互惠互利。
老挝国家副主席本通表示,当下,人工智能与创新日渐成为生产与生活中不可或缺的重要推动力。东盟各国科技发展水平参差不齐,在秉持互利共赢的基础上,东盟与中国应进一步加强在人工智能创新技术研发与应用及经贸方面的合作。通过构建更有效的合作机制,东盟与中国的全方位合作必将结出更加丰硕的成果。
柬埔寨副首相兼内阁办公厅大臣翁赛维索说,多年来,东博会已成为促进东盟与中国贸易与投资、深化彼此友谊以及和平与合作的重要平台。面对数字技术快速创新,以及经济和地缘政治不确定性加剧和全球分裂风险,本届东博会的主题极具现实意义、恰逢其时。柬埔寨将坚定不移地与中国及东盟伙伴紧密合作,充分释放中国-东盟自贸区3.0版的潜力,同时与各方携手以数智创新为驱动力,共同促进包容性与可持续增长。
马来西亚副总理兼能源及水务转型部部长法迪拉表示,面对全球不确定性增加的新形势,东盟和中国须继续实现贸易和投资战略多元化,同时坚定不移地促进本地区和平、稳定与共同繁荣。相信本届东博会将进一步深化东盟与中国间持久的友谊、信任和经济伙伴关系,期待其为马来西亚、东盟和中国带来新的发展前景。
越南副总理梅文政在致辞中说,20多年来,东博会和峰会已成为东盟与中国经济、贸易、投资合作的重要象征,包括越南在内的东盟各国始终认同中国在促进区域合作与共同繁荣方面作出的重要贡献。越南愿与东盟各国、中国及各方伙伴进一步加强合作,共同推动建设和平、稳定、便利的营商环境,促进可持续发展。
东盟秘书长高金洪说,作为持续塑造东盟-中国合作未来的平台,东博会经过20多年的发展,已远不止是贸易投资的展示窗口,还是促进融合、激发创新、推动长期增长的助推器。在当今充满不确定性的全球环境中,东博会具备优越条件,能够在贸易与技术、市场与创新、今天的机遇与明天的可能性之间架起桥梁。(完)
1、9月17日,在广西南宁国际会展中心,人们从展馆外走过。新华社记者 陆波岸 摄
2、9月17日,参观者在广西南宁国际会展中心内与人形机器人握手。新华社记者 胡秋思 摄