Connect with us

China

၂၂ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၌ စီမံကိန်းပေါင်း ၁၅၅ ခုခန့် လက်မှတ်ရေးထိုးခဲ့

တရုတ်နိုင်ငံ ကွမ်ရှီးဒေသ နန်နင်းမြို့၌ ၂၂ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (CAEXPO) ကျင်းပရာ ကွမ်ရှီး နန်နင်း နိုင်ငံတကာ ကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာအား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နန်နင်း၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)
၂၂ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ လက်မှတ်ရေးထိုးပွဲ အခမ်းနားကို စက်တင်ဘာ ၁၈ ရက်တွင် တရုတ်နိုင်ငံ ကွမ်ရှီးဒေသ နန်နင်းမြို့၌ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတွင် ကုန်ထုတ်လုပ်ငန်း စီမံကိန်း ၉၄ ခု၊ “ဉာဏ်ရည်တု (AI) +” ဖြင့် လုပ်ငန်းပေါင်းများစွာကို အားဖြည့်ပေးခြင်း စီမံကိန်း ၄၄ ခု၊ နိုင်ငံတကာ ကုန်သွယ်စီးပွားရေး အမျိုးအစား စီမံကိန်း ၁၇ ခု အပါအဝင် စီမံကိန်းပေါင်း ၁၅၅ ခုခန့်ကို လက်မှတ်ရေးထိုးခဲ့သည်။
ယခုအကြိမ် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် “AI က အဓိကနေရာတွင် ပါဝင်၍ လုပ်ငန်းကုမ္ပဏီအား အဓိကအဖွဲ့အစည်းအဖြစ် ထားရှိခြင်း” အကြောင်းအရာတွင် အာရုံစိုက်ကာ အာဆီယံအား မျက်နှာမူသည့် AI နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ကုန်းမြင့်အား တည်ဆောက်ခြင်း၊ ဒေသဖြတ်ကျော်၊ နယ်စပ်ဖြတ်ကျော်သည့် ကုန်ထုတ်လုပ်ငန်းကွင်းဆက်၊ ထောက်ပံ့ရေးကွင်းဆက် တည်ဆောက်ခြင်းတို့နှင့် စပ်လျဉ်း၍ အထင်ကရ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းရလဒ်တစ်သုတ်ကို လက်မှတ်ရေးထိုးရန် တွန်းအားပေးခဲ့သည်။
“ဉာဏ်ရည်တု (AI) +” စီမံကိန်း ၄၄ ခုတွင် AI အခြေခံအလွှာ၊ နည်းပညာအလွှာ၊ အသုံးချမှုအလွှာတို့ ပါဝင်ပြီး “ဉာဏ်ရည်တု (AI) +” ကုန်ထုတ်လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ယဉ်ကျေးမှု ခရီးသွားလာရေးလုပ်ငန်း စသည့် လုပ်ငန်းကဏ္ဍများနှင့် ပတ်သက်ကာ တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှုအတွက် AI စွမ်းအား ဖြည့်တင်းပေးမည်ဖြစ်ကြောင်း သိရသည်။
ယခုအကြိမ် လက်မှတ်ရေးထိုးသည့် နိုင်ငံတကာ ကုန်သွယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများသည် ဗီယက်နမ်၊ မလေးရှား၊ မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား စသည့် အာဆီယံနိုင်ငံ ၆ နိုင်ငံနှင့် ဆက်စပ်မှုရှိပြီး ၎င်းအနက် တရုတ်-အာဆီယံ AI ဆန်းသစ်တီထွင်ပူးပေါင်းဆောင်ရွက်မှု လာအိုစင်တာ တည်ဆောက်လည်ပတ်ခြင်း စီမံကိန်းတို့ ပါဝင်သည်။ လက်မှတ်ရေးထိုးထားသည့် နိုင်ငံခြားကုန်သည် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများတွင် ထူးခြားချက်ရှိသည့် စိုက်ပျိုးရေးထုတ်ကုန် အထွေထွေ စမတ်ထုတ်လုပ်မှု၊ ဇီဝလောင်စာ၊ စက္ကူကုန်ချောထုတ်လုပ်ရေးလုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။
ယခုအကြိမ် လက်မှတ်ရေးထိုးမှုတွင် ယွမ် ၁ ဘီလီယံနှင့်အထက်ရှိသည့် စီမံကိန်း စုစုပေါင်း ၄၅ ခုရှိကာ စွမ်းအင်သစ်၊ အဆင့်မြင့်စက်ပစ္စည်း၊ သတ္တုအား အသေးစိတ်အချောကိုင်ခြင်း၊ အဓိကသတ္တု (critical metals) ၊ ဇီဝဆေးဝါး၊ စီးပွားဖြစ်သုံး အာကာသလုပ်ငန်းနှင့် ဝေဟင်နိမ့်စီးပွားရေး၊ အသေးစား အထည်ချုပ်လုပ်ငန်း စသည့် အသေးစိတ်ခွဲထားသော လုပ်ငန်းများ ပါဝင်ကာ ၎င်းအနက် ယွမ် ဆယ်ဘီလီယံအထက်ရှိသည့် စီမံကိန်း ၂ ခု၊ ယွမ် ၅ ဘီလီယံမှ ၁၀ ဘီလီယံရှိသည့် စီမံကိန်း ၃ ခုပါဝင်ကြောင်း သိရသည်။ (Xinhua)


———————
(Chinese Version)
第22届中国—东盟博览会签约155个项目
新华社南宁9月18日电(记者朱丽莉)18日,第22届中国—东盟博览会签约仪式在广西南宁举行。现场签约项目155个,包括产业项目94个、“人工智能+”赋能千行百业项目44个、国际经贸类项目17个。
本届东博会签约仪式聚焦“AI唱主角、企业为主体”主题,围绕打造面向东盟的人工智能国际合作高地、构建跨区域跨境产业链供应链,着力推动签约一批标志性合作项目成果。
据介绍,“人工智能+”项目44个,涵盖人工智能基础层、技术层、应用层,涉及“人工智能+”制造业、服务业、农业、文旅等行业领域,为中国—东盟合作注入AI能量。
此次签约的国际经贸合作项目,涉及越南、马来西亚、缅甸、老挝、柬埔寨、印度尼西亚等6个东盟国家,其中包括中国—东盟人工智能创新合作老挝中心建设运营项目;签约的外商投资项目涉及特色农产品综合智能生产、生物燃料、纸品加工等产业。
此次签约10亿元以上项目共45个,涵盖新能源、高端装备、金属精深加工、关键金属、生物医药、商业航天和低空经济、轻工纺织等细分行业,其中百亿元以上项目2个,50亿元至100亿元项目3个。(完)
图说1:这是9月17日拍摄的广西南宁国际会展中心。新华社记者 黄孝邦 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.