China
ဝမ်ရိနှင့် မော်ရိုကို နိုင်ငံခြားရေးဝန်ကြီး Nasser Bourita တွေ့ဆုံဆွေးနွေး

ပေကျင်း၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် စက်တင်ဘာ ၁၉ ရက်တွင် ပေကျင်းမြို့၌ မော်ရိုကို နိုင်ငံခြားရေးဝန်ကြီး Nasser Bourita နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ရိက နှစ်နိုင်ငံခေါင်းဆောင်တို့၏ မဟာဗျူဟာ လမ်းညွှန်မှုအောက်တွင် တရုတ်-မော်ရိုကို မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး၏ “တန်ဖိုး” မှာ အဆက်မပြတ် မြင့်တက်လျက်ရှိကြောင်း၊ သမ္မတ ရှီကျင့်ဖိန် အဆိုပြုသော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံသည် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ကျယ်ကျယ်ပြန့်ပြန့် ကြိုဆိုမှုနှင့် ထောက်ခံမှုရရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မော်ရိုကိုနိုင်ငံ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့်အတူ နိုင်ငံတကာ စည်းစနစ်အား ပိုမို တရားမျှတ၊ ကျိုးကြောင်းဆီလျော်သော ဦးတည်ချက်ဆီသို့ ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။
Bourita က ဘုရင် Mohammed VI ၏ သမ္မတ ရှီကျင့်ဖိန်အပေါ် ရင်းနှီးစွာ နှုတ်ခွန်းဆက်စကားကို ဝမ်ရိမှတစ်ဆင့် ပြောကြားခဲ့ပြီး တရုတ်နိုင်ငံနှင့် ဆက်ဆံရေးအား ဖွံ့ဖြိုးတိုးတက်စေခြင်းသည် မော်ရိုကို၏ မယိမ်းယိုင်သော မဟာဗျူဟာမြောက် ရွေးချယ်မှုဖြစ်ကြောင်း၊ မော်ရိုကိုနိုင်ငံအနေဖြင့် သမ္မတ ရှီကျင့်ဖိန် အဆိုပြုသော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံကို ကြိုဆိုထောက်ခံကြောင်း ပြောကြားခဲ့သည်။ (Xinhua)
………………………………………..
(Chinese Version)
王毅同摩洛哥外交大臣布里达会谈
新华社北京9月19日电 中共中央政治局委员、外交部长王毅19日在北京同摩洛哥外交大臣布里达举行会谈。
王毅表示,在两国领导人战略引领下,中摩战略伙伴关系“含金量”不断提升。习近平主席提出全球治理倡议,受到国际社会普遍欢迎和支持。中方愿同包括摩方在内的国际社会一道,推动国际秩序朝着更加公正合理的方向发展。
布里达请王毅外长转达穆罕默德六世国王对习近平主席的亲切问候,表示发展对华关系是摩洛哥坚定不移的战略选择。摩方欢迎并支持习近平主席提出的全球治理倡议。(完)
图说:9月19日,中共中央政治局委员、外交部长王毅在北京同摩洛哥外交大臣布里达举行会谈。 新华社记者 王晔 摄