Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီ တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီတို့ ရုရှားနိုင်ငံ ကာဇန်မြို့ ၌ ကျင်းပသော BRICS နိုင်ငံခေါင်းဆောင်များအစည်းအဝေးအတွင်း ဒေသစံတော်ချိန် အောက်တိုဘာလ ၂၃ ရက်က သီးခြားတွေ့ဆုံခဲ့စဉ် (ဆင်ဟွာ)

ကာဇန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဒေသစံတော်ချိန် အောက်တိုဘာလ ၂၃ ရက်တွင် ရုရှားနိုင်ငံ ကာဇန်မြို့ ၌ ကျင်းပသော BRICS နိုင်ငံခေါင်းဆောင်များအစည်းအဝေး တက်ရောက်စဉ် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီနှင့် သီးခြားတွေ့ဆုံဆွေးနွေးခဲ့သည်။
သမ္မတ ရှီကျင့်ဖိန်က တရုတ်နှင့် အိန္ဒိယတို့သည် ရှေးဟောင်းယဉ်ကျေးမှု နိုင်ငံ၊ ဖွံ့ဖြိုးဆဲနိုင်ငံကြီးနှင့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ အရေးပါသော အဖွဲ့ဝင်များ ဖြစ်ကြကြောင်း၊ နှစ်နိုင်ငံလုံးသည် ခေတ်မီအသွင်ပြောင်း တည်ဆောက်ရေး၏ အဓိကကျသော ကာလတစ်ခုတွင် ရှိနေကြကြောင်း ထောက်ပြခဲ့သည်။ တရုတ်နှင့် အိန္ဒိယတို့သည် သမိုင်းရေစီးကြောင်းနှင့် နှစ်နိုင်ငံဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ချက်ကို မှန်ကန်စွာ လက်ကိုင်ထားခြင်းသည် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများ၏ အခြေခံ အကျိုးစီးပွားနှင့် ကိုက်ညီကြောင်း၊ နှစ်ဖက်စလုံးအနေဖြင့် ဆွေးနွေးညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ဆောင်ရွက်သင့်ပါကြောင်း၊ မဟာဗျူဟာမြောက် အပြန်အလှန်ယုံကြည်မှုကို မြှင့်တင်ကာ ကိုယ်စီဖွံ့ဖြိုးတိုးတက်ရေးအိပ်မက်များကို အကောင်အထည်ဖော်ရာတွင် အပြန်အလှန် ပံ့ပိုးကူညီသင့်ကြောင်း၊ နှစ်ဖက်စလုံးအနေဖြင့် နိုင်ငံတကာတာဝန်များကိုလည်း ထမ်းဆောင်ရမည်ဖြစ်ပြီး များလှစွာသော ဖွံ့ဖြိုးဆဲနိုင်ငံများပူးတွဲ၍ ကိုယ်ပိုင်အင်အားကို မြှင့်တင်ရာတွင် စံနာမူနာအဖြစ် ရပ်တည်ရန်၊ ကမ္ဘာ့ဗဟုအသွင်ပြောင်းလဲရေး၊ နိုင်ငံတကာဆက်ဆံရေး ဒီမိုကရေစီအသွင်ပြောင်းရေးကို မြှင့်တင်ရန် ပံ့ပိုးကူညီကြရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
သမ္မတ ရှီကျင့်ဖိန်က တရုတ်-အိန္ဒိယ ဆက်ဆံရေး ပဓာနမှာ လူဦးရေ ၁.၄ ဘီလီယံကျော်ရှိသော အိမ်နီးချင်း ဖွံ့ဖြိုးဆဲနိုင်ငံကြီးနှစ်နိုင်ငံ မည်ကဲ့သို့ ဆက်ဆံရမည့်အရေးပင် ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။ “ဖွံ့ဖြိုးတိုးတက်မှု”သည် လက်ရှိတွင် တရုတ်-အိန္ဒိယ နှစ်နိုင်ငံ၏ အကြီးမားဆုံး “ဘုံရည်မှန်းချက်” ဖြစ်ကြောင်း၊ တရုတ်-အိန္ဒိယ၏ “အပြန်အလှန် ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများ ဆောင်ကြဉ်းပေး၍ အပြန်အလှန် ခြိမ်းခြောက်မှုမဖြစ်စေရေး”၊ ” ပြိုင်ဘက်မဟုတ်သည့် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်” ဟူသော အရေးကြီးသော သဘောတူညီမှုကို နှစ်နိုင်ငံအနေဖြင့် ဆက်လက် အခိုင်အမာ လက်ကိုင်ထားသင့်ကြောင်း၊ မှန်ကန်သော ဗျူဟာမြောက် သိရှိနားလည်မှုကို ဆက်လက်ထိန်းသိမ်း၍ အိမ်နီးချင်းနိုင်ငံကြီးများအကြား သဟဇာတရှိစွာ အတူယှဉ်တွဲနေထိုင်ရေးနှင့် ဘုံဖွံ့ဖြိုးတိုးတက်ရေး၏ တောက်ပမှန်ကန်သောလမ်းကြောင်းကို အတူတကွ ကြိုးပမ်း ဖော်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။

ဝန်ကြီးချုပ် မိုဒီက အိန္ဒိယ-တရုတ် ဆက်ဆံရေး တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေးသည် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများအတွက် အဓိက အရေးပါကြောင်း၊ ယင်းသည် လူဦးရေ ၂.၈ ဘီလီယံ၏ အကျိုးစီးပွား၊ အနာဂတ်နှင့် ပတ်သက်နေပြီး ဒေသတွင်းမှသည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအထိပါ အလွန်အရေးကြီးကြောင်း ပြောကြားခဲ့သည်။ လက်ရှိ ရှုပ်ထွေးနေသော နိုင်ငံတကာ အခြေအနေတွင် ရှေးဟောင်းယဉ်ကျေးမှုနှင့် အဓိက စီးပွားရေး အင်ဂျင်ကြီး နှစ်ခုအနေဖြင့် အိန္ဒိယ-တရုတ် ပူးပေါင်းဆောင်ရွက်မှုသည် စီးပွားရေး ပြန်လည် ထူထောင်ရေးနှင့် ကမ္ဘာ့ဗဟုအသွင်ပြောင်းရေးကို မြှင့်တင်ရန် အထောက်အကူပြုကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ မဟာဗျူဟာမြောက် ဆွေးနွေးမှုကို အားဖြည့်ဆောင်ရွက်သွားရန်၊ မဟာဗျူဟာမြောက် အပြန်အလှန်ယုံကြည်မှုကို တိုးမြှင့်ရန်နှင့် အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင်ရန် ဆန္ဒရှိကြောင်း၊ တရုတ်နိုင်ငံက ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ၏ အလှည့်ကျဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခြင်းကို အိန္ဒိယနိုင်ငံအနေဖြင့် အပြည့်အဝထောက်ခံလိုကြောင်းနှင့် BRICS စသည့် နိုင်ငံပေါင်းစုံ မူဘောင်များအတွင်း ဆွေးနွေးပူးပေါင်းဆောင်ရွက်မှုများ အားဖြည့်ဆောင်ရွက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
နှစ်နိုင်ငံခေါင်းဆောင်များသည် နှစ်နိုင်ငံ၏ ကြိမ်ဖန်များစွာ ဆက်သွယ်ဆွေးနွေးမှုများမှတစ်ဆင့် နယ်စပ်ဒေသများနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ဖြေရှင်းရာတွင် ရရှိထားသော အရေးကြီး တိုးတက်မှုများကို အပြုသဘော သုံးသပ်ခဲ့ကြသည်။ မိုဒီသည် နှစ်နိုင်ငံကြား ဆက်ဆံရေး ကောင်းမွန်လာစေရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စဉ်စားချက်များနှင့် အကြံပြုချက်များကို အဆိုပြုခဲ့ရာ ရှီကျင့်ဖိန်က ယင်းနှင့် ပတ်သက်၍ မူအားဖြင့် သဘောတူညီခဲ့ကြောင်း သိရသည်။

နှစ်နိုင်ငံနယ်စပ်ရေးရာ အထူးကိုယ်စားလှယ်များအကြား တွေ့ဆုံဆွေးနွေးမှုယန္တရား၏ အခန်းကဏ္ဍကို ကောင်းမွန်စွာ ဆောင်ရွက်၍ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို အတူတကွထိန်းသိမ်းကာ တရားမျှတပြီး ကျိုးကြောင်းဆီလျော်သော ဖြေရှင်းမှုနည်းလမ်းများကို ရှာဖွေရန် နှစ်ဖက်သဘောတူခဲ့ကြသည်။
နှစ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးများနှင့် အလွှာအသီးသီး အရာရှိများ အပြန်အလှန်ဆွေးနွေးမှုများပြုလုပ်၍ နှစ်နိုင်ငံ ဆက်ဆံရေးကို တည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ်သို့ ဆောလျင်စွာ ပြန်လည်ရောက်ရှိ လာစေရေးအတွက် တွန်းအားပေးရန် နှစ်ဖက်သဘောတူညီခဲ့ကြသည်။
နိုင်ငံပေါင်းစုံ အခမ်းအနားနေရာများ၌ ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ဆောင်ရွက်ကာ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဘုံအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် နှစ်ဖက်သဘောတူခဲ့ကြသည်။
ဤအကြိမ်တွေ့ဆုံမှုသည် အပြုသဘောဆောင်ပြီး အရေးကြီးသော အနက်အဓိပ္ပါယ်ရှိသည်ဟု နှစ်ဖက်စလုံးက ယူဆကြကြောင်း၊ ဒေသတွင်းနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေး၊ သာယာဝပြောရေး၊ ကမ္ဘာ့ဗဟုအသွင်ပြောင်းရေး တွန်းအားပေးရာတွင် အပြုသဘော အကျိုးဆောင်ရန်၊ တိကျသော သဘောထားကွဲလွဲမှုများကြောင့် နှစ်နိုင်ငံကြား ဆက်ဆံရေးကို ထိခိုက်ခြင်း မရှိစေရန် တရုတ်-အိန္ဒိယ ဆက်ဆံရေးကို မဟာဗျူဟာ အမြင်နှင့် ရေရှည်ရှုထောင့်မှ ကိုင်တွယ်ဖြေရှင်းရန် သဘောတူခဲ့ကြကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် ချိုက်ချီ၊ ဝမ်ရိ စသည်တို့ ပါဝင် တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီတို့ ရုရှားနိုင်ငံ ကာဇန်မြို့ ၌ ကျင်းပသော BRICS နိုင်ငံခေါင်းဆောင်များအစည်းအဝေးအတွင်း ဒေသစံတော်ချိန် အောက်တိုဘာလ ၂၃ ရက်က သီးခြားတွေ့ဆုံခဲ့စဉ် (ဆင်ဟွာ)

……………………..
(Chinese Version)
习近平会见印度总理莫迪
新华社俄罗斯喀山10月23日电(记者韩梁 彭培根)当地时间10月23日,国家主席习近平在喀山出席金砖国家领导人会晤期间会见印度总理莫迪。
习近平指出,中国和印度同为文明古国、发展中大国、全球南方重要成员,都处在各自国家现代化建设的关键时期。中印正确把握历史潮流和两国关系发展方向,符合两国和两国人民根本利益。双方应该加强沟通合作,增进战略互信,相互成就彼此发展梦想。双方也要肩负起国际责任,为广大发展中国家联合自强作出表率,为推动世界多极化、国际关系民主化作出贡献。
习近平强调,中印关系本质是两个14亿多人口的相邻发展中大国如何相处的问题。发展是中印两国当前最大的“公约数”。双方应该继续坚持中印“互为发展机遇、互不构成威胁”、“是合作伙伴而非竞争对手”等重要共识,坚持正确战略认知,共谋相邻大国和睦相处、共同发展的光明正道。
莫迪表示,印中关系保持稳定发展对两国和两国人民至关重要,事关28亿人民的福祉和未来,对地区乃至世界和平与稳定也十分重要。在当前复杂国际形势下,作为两大古老文明和两大经济引擎,印中合作有利于促进经济复苏和世界多极化。印方愿同中方加强战略沟通,增进战略互信,拓展互利合作。印方愿全力支持中方担任上海合作组织轮值主席国工作,并在金砖等多边框架内加强沟通合作。
两位领导人积极评价近期双方通过密集沟通就解决边境地区有关问题取得重要进展。莫迪就改善和发展两国关系提出设想和建议,习近平对此表示原则赞同。
双方同意,发挥好两国边界问题特别代表会晤机制作用,共同维护好边境地区和平安宁,寻求公平合理的解决方案。
双方同意,两国外长和各层级官员开展对话,推动两国关系早日重回稳定发展轨道。
双方同意,在多边场合加强沟通和合作,维护发展中国家共同利益。
双方认为,本次会见具有建设性和重要意义,同意从战略高度和长远角度看待和处理中印关系,不让具体分歧影响两国关系大局,为地区和世界和平与繁荣、推进世界多极化作出积极贡献。
蔡奇、王毅等参加会见。(完)
图说:当地时间10月23日,国家主席习近平在喀山出席金砖国家领导人会晤期间会见印度总理莫迪。

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.