Connect with us

China

Japan Masters ကြက်တောင်ရိုက်ပြိုင်ပွဲ၌ တရုတ်ကြက်တောင်အသင်းက အမျိုးသားတစ်ဦးချင်းနှင့် အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် ချန်ပီယံဆုများ ဆွတ်ခူး

တိုကျို၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)

Japan Masters ကြက်တောင်ရိုက်ပြိုင်ပွဲသည် ဗိုလ်လုပွဲစဉ်အသီးသီးကို နိုဝင်ဘာ ၁၇ ရက်က ကျင်းပခဲ့ရာ တရုတ်အသင်းမှ လီစီးဖုန်းနှင့် လျိုစိန့်စူး/ ထန်နင် တို့က အမျိုးသားတစ်ဦးချင်းနှင့် အမျိုးသမီး နှစ်ယောက်တွဲ ချန်ပီယံဆု အသီးသီး ရရှိခဲ့ကြသည်။
အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲတွင် လီစီးဖုန်းသည် မလေးရှား လက်ရွေးစင် လျန်ကျွန့်ဟောင်ကို ၂၁-၁၀ ၊ ၂၁-၁၃ မှတ်များဖြင့် ပွဲငယ် ၂ ပွဲ ဆက်တိုက် အနိုင်ရကာ ၎င်း၏ ယခုရာသီပြိုင်ပွဲ ပထမဆုံး ခရီးစဉ်၏ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သည်။ ယခုအကြိမ်ပြိုင်ပွဲတွင် လီစီးဖုန်းက ပြင်သစ်ဆယ်ကျော်သက် ကစားသမား Alex Lanier၊ ဂျပန်လက်ရွေးစင် Kenta Nishimoto၊ ပဲရစ်အိုလံပစ်ချန်ပီယံ Viktor Axelsen စသည့် ကျွမ်းကျင်ကစားသမားများစွာကို အနိုင်ယူခဲ့ပြီး နောက်ဆုံးတွင် ဆုပေးစင်မြင့်ထက်ကို တက်လှမ်းနိုင်ခဲ့သည်။

အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် ပဲရစ်အိုလံပစ်ငွေတံဆိပ်ဆုရှင် လျိုစိန့်စူး/ ထန်နင်တို့သည် ဂျပန်အဖွဲ့ Yuki Fukushima/ Mayu Matsumoto ကို ၂၁-၁၅၊ ၂၁-၅ မှတ်များဖြင့် လွယ်ကူစွာ အနိုင်ရခဲ့သည်။ ချန်ပီယံရရှိပြီးနောက် စုပေါင်း ရမှတ်များဖြင့် ၎င်းတို့သည် အမျိုးသမီးနှစ်ယောက်တွဲ ကမ္ဘာ့ ပထမဆုံးနေရာသို့ ပြန်လည်ရောက်ရှိလာမည်ဖြစ်သည်။
အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲတွင် ဂျပန်လက်ရွေးစင် Akane Yamaguchi က အင်ဒိုနီးရှားလက်ရွေးစင် Gregoria Mariska Tunjung ကို ၂၁-၁၂ မှတ်ဖြင့် အနိုင်ရကာ အိမ်ရှင်နိုင်ငံအတွက် ရွှေတံဆိပ်တစ်ခု ဆွတ်ခူးနိုင်ခဲ့သည်။ အင်ဒိုနီးရှားအဖွဲ့ Fajar Alfian/ Rahmat Adianto က ဂျပန်အဖွဲ့ Yugo Kobayashi/ Takuro Hoki ကို ၂-၁ မှတ်ဖြင့် အမျိုးသားနှစ်ယောက်တွဲ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သည်။ ထိုင်းအဖွဲ့ Dechapol Puavaranukroh /Supissara Paewsampran သည် ကျား၊မ နှစ်ယောက်တွဲ ချန်ပီယံဆု ဆွတ်ခူးခဲ့သည်။ ၎င်းတို့သည် ဖိုင်နယ်ပွဲတွင် အကြိတ်အနယ် ၃ ပွဲ ယှဉ်ပြိုင်ခဲ့ကြရာ ၂-၁ မှတ်ဖြင့် ပြင်သစ်အဖွဲ့ Thom Gicquel/ Delphine Delrue ကို အနိုင်ရခဲ့သည်။

၂၀၂၄ ခုနှစ် Japan Masters ကြက်တောင်ရိုက်ပြိုင်ပွဲကို ဂျပန်နိုင်ငံ၊ Kumamoto ခရိုင်တွင် နိုဝင်ဘာ ၁၂ ရက်မှ ၁၇ ရက်အထိ BWF World Tour Super 500 အတွက်ကျင်းပခဲ့ခြင်းဖြစ်သည်။ (Xinhua)


……………………………
(Chinese Version)
日本羽毛球大师赛:国羽收获男单、女双冠军
新华社东京11月17日电(记者岳晨星)日本羽毛球大师赛17日进行了各项目决赛,中国队的李诗沣、刘圣书/谭宁分别夺得男单、女双冠军。
男单决赛中,李诗沣以21:10、21:13直落两盘战胜马来西亚选手梁峻豪,夺得个人本赛季首个巡回赛冠军。在本次比赛中,李诗沣击败法国小将拉尼耶、日本选手西本拳太、巴黎奥运会冠军安赛龙等一众好手,最终登顶领奖台。
女双方面,巴黎奥运会亚军刘圣书/谭宁以21:15、21:5轻取日本组合福岛由纪/松本麻佑。凭借夺冠后的积分,她们也将重返女双世界第一。
女单决赛中,日本选手山口茜以两个21:12击败印尼选手玛丽斯卡,为东道主夺得一枚金牌;印尼组合阿尔菲安/阿迪安托以2:1战胜日本组合小林优吾/保木卓朗,夺得男双冠军;泰国组合德差波/苏皮萨拉摘得混双冠军,他们在决赛中鏖战三局,以2:1击败法国组合吉凯尔/德尔吕。
2024年日本羽毛球大师赛于11月12日至17日在日本熊本县举行,为世界羽联巡回赛超级500赛事。