Connect with us

China

ဆောက်လုပ်ရေးလုပ်ငန်းခွင်ကြောင့် တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ကျိကုန့်မြို့ အဆောက်အဦ မီးလောင်မှု ဖြစ်ပွားရသည်ဟု ကနဦး စုံစမ်းစစ်ဆေးချက်များအရ သိရ

တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ကျိကုန့်မြို့ “၇.၁၇” မီးလောင်မှုအခင်းဖြစ်ရာနေရာတွင် ရှာဖွေကယ်ဆယ်ရေး ပြုလုပ်နေသည်ကို ဇူလိုင် ၁၈ ရက် နံနက်အစောပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

ကျိကုန့် ၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ကျိကုန့်မြို့ရှိ “၇.၁၇” မီးလောင်မှုဖြစ်ပွားသည့် ကျိုးတင် အဆောက်အဦ၏ ကယ်ဆယ်ရေးလုပ်ငန်းမှာ ဇူလိုင် ၁၈ ရက် နံနက် ၃ နာရီတွင် ပြီးဆုံးခဲ့ပြီး အခင်းဖြစ်ရာနေရာ၌ ပိတ်မိနေသူ တစ်ဦးမျှ မရှိတော့ကြောင်း ယင်းဒေသ အဆင့်မြင့်နည်းပညာဇုန် ဂေဟပတ်ဝန်းကျင်နှင့် အရေးပေါ် စီမံခန့်ခွဲမှုဌာန၏ ကြေညာချက်အရ သိရသည်။
မီးလောင်မှုကြောင့် လူ ၁၆ ဦး သေဆုံးပြီး ဒဏ်ရာရသူ အားလုံး ကောင်းမွန်စွာ ကုသမှု ခံယူခဲ့ကြောင်း၊ ကနဦး စုံစမ်းစစ်ဆေးမှုအရ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကြောင့် ယင်းမီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသေးစိတ် အခြေအနေများကို ဆက်လက်စုံစမ်းလျက်ရှိကြောင်း၊ နောက်ဆက်တွဲနေရာချလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေကြောင်း (Xinhua)

………………………………………..
(Chinese Version)
初步调查显示:四川自贡大楼火灾由施工作业引发
自贡(四川),2024年7月18日
当日,四川自贡高新区生态环境与应急管理局发布情况通报,自贡市九鼎大楼“7·17”火灾事故现场救援已于7月18日凌晨三时结束,现场已无被困人员。火灾造成16人遇难,受伤人员均得到妥善救治。经初步调查,此次火灾事故由施工作业引发,具体情况正在进一步调查中。善后工作正在进行。
图说:这是7月18日凌晨在四川省自贡市拍摄的“7·17”火灾事故搜救现场。新华社记者 王曦 摄