Connect with us

China

“ခေတ်သစ်စိုက်ပျိုးရေးတောင်သူ” က အမည်းရောင်မြေကြီးထက်တွင် ကျေးလက်ဖွံ့ဖြိုးတိုးတက်မှုလမ်း အိပ်မက်ဖော်ဆောင်

တရုတ်နိုင်ငံ ကျီလျင်ပြည်နယ် စစ်ဖိန်မြို့ လီစုခရိုင် သမဝါယမအသင်းအတွင်း၌ ရိတ်သိမ်းထားသော ပဲပုပ်အား နေလှန်းနေသည့် ဟန်ဖုန့်ရှန်းကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စစ်ဖိန် (ကျီလျင်)၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

အသက် ၄၃ နှစ်အရွယ် ဟန်ဖုန့်ရှန်းသည် တရုတ်နိုင်ငံတစ်ဝန်း စားနပ်ရိက္ခာထွက်သည့် ခရိုင်ကြီးဖြစ်သော ကျီလျင်ပြည်နယ် လီစုခရိုင်မှ “ခေတ်သစ်စိုက်ပျိုးရေးတောင်သူ” ဖြစ်သည်။
၂၀၀၈ ခုနှစ်တွင် တက္ကသိုလ် ဘွဲ့ရပြီးနောက် မြို့ပြ၌ ဆက်လက်နေထိုင်၍ အလုပ်လုပ်ကိုင်ရန် စဉ်းစားခဲ့ဖူးသော ဟန်ဖုန့်ရှန်းက ဇာတိမြေသို့ပြန်လာကြည့်ရှုချိန်တွင် သမားရိုးကျ စိုက်ပျိုးရေးထုတ်လုပ်မှုပုံစံသည် ခေတ်မီအသွင်ပြောင်းလာသော လိုအပ်ချက်နှင့် လိုက်လျောညီထွေစွာ လုပ်ဆောင်နိုင်ရန် ခက်ခဲသည်ကို သတိပြုမိခဲ့သည်။ ဇာတိမြေအခက်အခဲကို ဖြေရှင်းရန်အတွက် ၎င်းသည် မြို့ပြရှိအလုပ်ကို စွန့်လွှတ်ကာ ၂၀၁၀ ပြည့်နှစ်တွင် လီစုခရိုင် ဖုန့်ဟွမ်ဆန်း စိုက်ပျိုးရေးစက်ပစ္စည်း စိုက်ပျိုးရေးတောင်သူ ကျွမ်းကျင် သမဝါယမအသင်းအား ထူထောင်ခဲ့သည်။
နှစ်ပေါင်းများစွာအတွင်း ဟန်ဖုန့်ရှန်းသည် ရွာသူ၊ ရွာသားများကို ဦးဆောင်၍ ခေတ်မီစိုက်ပျိုးရေး ထုတ်လုပ်မှုလုပ်ငန်း ဖော်ဆောင်ခဲ့ပြီး အကြီးစား စိုက်ပျိုးရေးစက်ပစ္စည်းများကို အသုံးပြုကာ စိုက်ပျိုးမှုလုပ်ငန်းစဉ်တစ်ရပ်လုံး စက်ပစ္စည်းများဖြင့် ထွန်ယက်စိုက်ပျိုးမှုကို ဖော်ဆောင်ခဲ့သည်။ လက်ရှိတွင် ၎င်း၏ သမဝါယမအသင်း၌ အကြီးစား စိုက်ပျိုးရေးစက်ပစ္စည်း ၇၆ လုံး (စုံ) ၊ အစုအဖွဲ့လိုက် လုပ်ကိုင်သည့် မြေဧရိယာသည် တရုတ်မူ (Mu) ၁၅,၀၀၀ (၁,၀၀၀ ဟက်တာ) ရှိလာရာ အနီးတစ်ဝိုက် ကျေးရွာ ၉ ရွာ၊ တောင်သူ မိသားစု ၈၀၀ ကျော်ကိုလည်း ဝန်ဆောင်မှုပေးအကျိုးပြုခဲ့ပြီး စိုက်ပျိုးမှုလုပ်ငန်းစဉ်တစ်ရပ်လုံး စက်ပစ္စည်းများဖြင့် စိုက်ပျိုးမှုကို ဖော်ဆောင်ခဲ့သည်။
ယနေ့တွင် ဟန်ဖုန့်ရှန်းသည် သမဝါယမအသင်းအား ဦးဆောင်၍ စိုက်ပျိုးရေးလုပ်ငန်း ပုံစံအသစ်အား တက်ကြွစွာစူးစမ်းလေ့လာခဲ့ရာ e-commerce တိုက်ရိုက်ထုတ်လွှင့်မှု စသည့် နည်းလမ်းများဖြင့် “စိုက်ပျိုးမှု၊ ပျိုးထောင်မှုနှင့် ရောင်းချမှု” ဟူသည့် စိုက်ပျိုးရေးလုပ်ငန်းစက်ဝန်းကို ဖော်ဆောင်ခဲ့ရာ ကျေးလက်ဖွံ့ဖြိုးတိုးတက်မှုအတွက် အားအင်သစ်များ ဖြည့်တင်းပေးခဲ့သည်။
“ခေတ်သစ်အမျိုးသမီးတွေအနေနဲ့ ကျွန်မတို့က ဘဝကို ကောင်းမွန်အောင် ကျော်ဖြတ်ရမှာ ဖြစ်သလို လုပ်ငန်းကိုပါ ပိုကောင်းမွန်အောင် လုပ်ကိုင်ရမှာဖြစ်တယ်” ဟု ဟန်ဖုန့်ရှန်းက ပြောကြားခဲ့သည်။
ရွှေဝါရောင်လွှမ်းသော အောက်တိုဘာလသည် တရုတ်နိုင်ငံ ကျီလျင်ပြည်နယ် အမည်းရောင်မြေကြီးထက်တွင် အထွက်နှုန်းကောင်းသော ရာသီချိန်ဖြစ်သည်။ ဟန်ဖုန့်ရှန်းသည် ၎င်း၏ သမဝါယမအသင်းနှင့်အတူ မျှော်လင့်ချက် စိုက်ခင်းထက်တွင် အောင်မြင်မှုသီးနှံများကို လှိုင်လှိုင်ရိတ်သိမ်းလျက်ရှိပေသည်။ (Xinhua)

တရုတ်နိုင်ငံ ကျီလျင်ပြည်နယ် စစ်ဖိန်မြို့ လီစုခရိုင် သမဝါယမအသင်းအတွင်း၌ တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း သမဝါယမအသင်း၏ စိုက်ပျိုးရေထုတ်ကုန်များအား မိတ်ဆက်ပေးနေသည့် ဟန်ဖုန့်ရှန်းကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————
(Chinese Version)
“新农人”黑土地上逐梦乡村振兴路
新华社照片,四平(吉林),2025年10月10日
43岁的韩凤香是全国产粮大县吉林梨树的“新农人”。2008年大学毕业后,曾想留在城里工作的韩凤香回乡探望时发现,传统的农业生产模式难以适应现代化的需求。为了解决家乡困境,她放弃城中工作,于2010年创办了梨树县凤凰山农机农民专业合作社。
多年来,韩凤香带领村民开展现代化农业生产,应用大型农机具开展全程机械化耕作。截至目前,她的合作社已经拥有大型农机具76台(套),集约经营的土地面积达到了15000亩,服务带动周边9个村、800多户农民,实现了全程机械化作业。
如今,韩凤香带领合作社积极探索农业新模式,通过电商直播等途径,发展“种养加销”的循环农业,为乡村振兴注入新活力。“我们作为新时代女性,不仅要把日子过好,更要把事业干好。”韩凤香说。
金秋十月,正值吉林省黑土地丰收季节,韩凤香又带着她的合作社在希望的田野上收获满满。
1、10月9日,韩凤香在合作社内晾晒刚收获的大豆。 新华社记者 颜麟蕴 摄
2、10月9日,韩凤香在合作社内直播介绍合作社的农产品。新华社记者 颜麟蕴 摄