Connect with us

China

“ကမ္ဘာ့မြို့တော်ဝန်များ ဆွေးနွေးပွဲ- သွန်းဟွမ်” ဖွင့်လှစ်၊ ယဉ်ကျေးမှုမြို့ပြ စီမံခန့်ခွဲရေး အတူတကွ ဆွေးနွေး

တရုတ်နိုင်ငံ ကန်းစုပြည်နယ် သွန်းဟွမ်နိုင်ငံတကာ ကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာ၌ “ကမ္ဘာ့မြို့တော်ဝန်များ ဆွေးနွေးပွဲ- သွန်းဟွမ်” ဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

သွန်းဟွမ် (ကန်းစု)၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)
“ကမ္ဘာ့မြို့တော်ဝန်များ ဆွေးနွေးပွဲ- သွန်းဟွမ်” ကို ပိုးလမ်းမ ရှေးဟောင်းမြို့ဖြစ်သော တရုတ်နိုင်ငံ ကန်းစုပြည်နယ် သွန်းဟွမ်မြို့တွင် အောက်တိုဘာ ၁၃ ရက်က ဖွင့်လှစ်ခဲ့သည်။ နိုင်ငံပေါင်း ၁၀ နိုင်ငံမှ မြို့တော်ဝန်များ၊ မြို့တော်ဝန်ကိုယ်စားလှယ်များ၊ တရုတ်နိုင်ငံဆိုင်ရာ သံတမန်များ၊ လူငယ် တရုတ်ဗေဒပညာရှင်များစသည့် ပြည်တွင်းပြည်ပဧည့်သည်တော်များသည် ဖိုရမ်သို့ တက်ရောက်ခဲ့ပြီး ယဉ်ကျေးမှုမြို့ပြများ စီမံခန့်ခွဲရေးတွင် ရင်ဆိုင်နေရသော အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများကို အတူတကွ ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးကာလအတွင်း ဧည့်သည်တော်များသည် “ယဉ်ကျေးမှုသံစုံတီးဝိုင်းနှင့် သဟဇာတဖြစ်သောပဲ့တင်သံ” ဟူသော ခေါင်းစဉ်ကို အခိုင်အမာ ချိတ်ဆက်ကာ ယဉ်ကျေးမှုမြို့ပြများ၏ သဘာဝအရင်းအမြစ်များမြှင့်တင်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး၊ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေး၊ စမတ်မြို့ပြတည်ဆောက်ရေး စသည့် တိကျသော စီမံခန့်ခွဲရေး လက်တွေ့ကျင့်သုံးမှုများကို အဓိကထားဆွေးနွေးခဲ့ကြသလို မြို့အသီးသီးက ယဉ်ကျေးမှုအမွေအနှစ်များကာကွယ်မှုနှင့် မြို့ပြစီမံခန့်ခွဲမှုအတွေ့အကြုံများကို မျှဝေခဲ့ကြပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအားမြှင့်တင်ရန် ဉာဏ်ပညာများကို ပံ့ပိုးကူညီခဲ့သည်။ (Xinhua)

“ကမ္ဘာ့မြို့တော်ဝန်များ ဆွေးနွေးပွဲ- သွန်းဟွမ်” ဖွင့်ပွဲ အခမ်းအနားတွင် ပြည်တွင်းပြည်ပ ဧည့်သည်တော်များ တက်ရောက်ကြသည်ကို အောက်တိုဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………….
(Chinese Version)
“世界市长对话·敦煌”开幕 共话文化城市治理
新华社照片,敦煌(甘肃),2025年10月13日
10月13日,“世界市长对话·敦煌”在丝路古城甘肃省敦煌市开幕。来自10个国家的市长、市长代表、驻华使节、青年汉学家等中外嘉宾参加论坛,共同探讨文化城市治理面临的机遇和挑战。与会期间,嘉宾们紧扣“文明交响 和合共鸣”主题,重点围绕文化城市的资源禀赋、环境保护、绿色发展、智慧城市建设等具体治理实践展开对话,分享各城市在文化遗产保护与城市治理中的经验,为推动可持续发展贡献智慧。
图说1:这是10月13日在敦煌国际会展中心拍摄的“世界市长对话·敦煌”开幕式现场。 新华社记者 范培珅 摄
图说2:10月13日,中外嘉宾参加“世界市长对话·敦煌”开幕式。新华社记者 范培珅 摄