China
လီချန်နှင့် သီရိလင်္ကာနိုင်ငံ ဝန်ကြီးချုပ် Harini Amarasuriya တွေ့ဆုံဆွေးနွေး

ပေကျင်း၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် အောက်တိုဘာ ၁၃ ရက် ညနေပိုင်းတွင် တရုတ်နိုင်ငံ ပေကျင်းမြို့ တျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာ၌ တရုတ်နိုင်ငံသို့ လာရောက်၍ ကမ္ဘာ့အမျိုးသမီးခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်သည့် သီရိလင်္ကာနိုင်ငံ ဝန်ကြီးချုပ် Harini Amarasuriya နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် လီချန်က တရုတ်နိုင်ငံနှင့် သီရိလင်္ကာနိုင်ငံသည် နက်ရှိုင်းသော အစဉ်အလာ ချစ်ကြည်ရေးရှိကြောင်း၊ သံတမန်ဆက်ဆံရေး ထူထောင်သည့် ၆၈ နှစ်ကြာကာလအတွင်း နှစ်နိုင်ငံ ဆက်ဆံရေးသည် အစဉ်တစိုက် ကောင်းမွန်တည်ငြိမ်စွာ တိုးတက်လျက်ရှိပြီး နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှု ရလဒ်များ ကြွယ်ဝလှကြောင်း ပြောကြားခဲ့သည်။
ယခုနှစ် ဇန်နဝါရီလတွင် သမ္မတ Anura Kumara Dissanayake သည် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဥ် သွားရောက်ခဲ့ရာ သမ္မတ ရှီကျင့်ဖိန်နှင့် အရေးကြီးတွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် စပ်လျဉ်း၍ မဟာဗျူဟာလမ်းညွှန်မှု အသစ်လုပ်ဆောင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် သီရိလင်္ကာအား အိမ်နီးချင်းသံတမန်ဆက်ဆံရေး၏ အရေးကြီးဦးတည်ချက်အဖြစ် အစဉ်အမြဲထားရှိကြောင်း၊ သီရိလင်္ကာနိုင်ငံနှင့်အတူ အစဉ်အလာချစ်ကြည်ရေး တိုးမြှင့်ရန်၊ အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုအား နက်ရှိုင်းစေရန် လုပ်ဆောင်ပြီး တရုတ်-သီရိလင်္ကာ အေးအတူပူအမျှ အသိုက်အဝန်းအား ကြိုးပမ်းတည်ဆောက်ခြင်းဖြင့် နှစ်နိုင်ငံပြည်သူများကို ပိုမိုကောင်းမွန်စွာ အကျိုးပြုသွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် သီရိလင်္ကာနိုင်ငံနှင့်အတူ မဟာဗျူဟာမြောက် ချိတ်ဆက်မှုကို မြှင့်တင်ပြီး “ရပ်ဝန်းနှင့် ပိုးလမ်းမ” အရည်အသွေးမြင့် အတူတကွတည်ဆောက်မှု မူဘောင်အောက်တွင် နှစ်ဖက်ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှုပမာဏကို တစ်ဆင့်တိုး တိုးချဲ့ကာ ကိုလံဘိုဆိပ်ကမ်းမြို့၊ ဟမ်ဘန်ဘိုတာ ဘက်စုံဖော်ဆောင်ရေး စသည့် အရေးကြီးစီမံကိန်းများကို တွန်းအားပေးဖော်ဆောင်သွားလိုကြောင်း၊ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ ခေတ်မီစိုက်ပျိုးရေး၊ ပင်လယ်သမုဒ္ဒရာ စီးပွားရေး စသည့်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ကာ အပြန်အလှန်အကျိုးဖြစ်ထွန်း၍ ဘုံအကျိုးစီးပွားဖော်ဆောင်သော ပူးပေါင်းဆောင်ရွက်မှုအား ပိုမိုကောင်းမွန်စွာ ဖော်ဆောင်သွားလိုကြောင်း လီချန်က ထောက်ပြ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် သီရိလင်္ကာနိုင်ငံမှ ပိုမိုများပြားသော အရည်အသွေးမြင့်ထုတ်ကုန်များကို တင်သွင်းလိုပြီး စွမ်းဆောင်ရည်ရှိသော တရုတ်လုပ်ငန်းကုမ္ပဏီများ သီရိလင်္ကာနိုင်ငံသို့ သွားရောက် ရင်းနှီးမြှုပ်နှံရန် ဆက်လက်အားပေးသွားမည်ဖြစ်ကြောင်း၊ နှစ်ဖက်အနေဖြင့် ပညာရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေး၊ အမျိုးသမီးကဏ္ဍ၊ ဒေသန္တရ စသည့် ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာ လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် သီရိလင်္ကာနိုင်ငံနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) ကို အကောင်အထည်ဖော်၍ ကုလသမဂ္ဂ စသည့်ယန္တရားများ၌ ချိတ်ဆက်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ကာ စစ်မှန်သော နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုဝါဒအား ဘက်ပေါင်းစုံ လက်တွေ့ကျင့်သုံးခြင်းအား တွန်းအားပေးပြီး နိုင်ငံတကာ တရားမျှတမှုနှင့် သမာသမတ်ကျမှုအား ကာကွယ်ထိန်းသိမ်းလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
Harini Amarasuriya က သမ္မတ ရှီကျင့်ဖိန်သည် ကမ္ဘာ့အမျိုးသမီးခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတွင် အရေးကြီးမိန့်ခွန်းပြောကြားခဲ့ရာ ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးကဏ္ဍ လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအတွက် ဦးဆောင်သည့်အခန်းကဏ္ဍမှ ပါဝင်ခဲ့သောကြောင့် သီရိလင်္ကာနိုင်ငံအနေဖြင့် များစွာ တန်ဖိုးထားချီးကျူးကြောင်း ပြောကြားခဲ့သည်။
သီရိလင်္ကာ-တရုတ်ဆက်ဆံရေးသည် သမိုင်းကြောင်းကြာရှည်ပြီး နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု ရလဒ်များ ပြည့်ဝကြောင်း၊ သီရိလင်္ကာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒအား ခိုင်မာစွာ ထောက်ခံအားပေးပြီး ထိုင်ဝမ်၊ ရှီးဇန့်၊ ရှင်းကျန်းသည် တရုတ်နယ်မြေပိုင်နက်၏ ခွဲထုတ်၍မရသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ သီရိလင်္ကာနိုင်ငံအစိုးရအနေဖြင့် တရုတ်နိုင်ငံနှင့်ဆက်ဆံရေးအား များစွာအလေးထားပြီး သီရိလင်္ကာနိုင်ငံ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်နိုင်ငံ၏ အဖိုးတန်ကူညီပံ့ပိုးပေးမှုကို ကျေးဇူးတင်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
သီရိလင်္ကာနိုင်ငံအနေဖြင့် သမ္မတ ရှီကျင့်ဖိန်က အဆိုပြုသည့် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အဆိုပြုချက်နှင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) အား ခိုင်မာစွာ ထောက်ခံအားပေးကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ အလွှာစုံ သွားလာဆက်ဆံမှုအား တစ်ဆင့်တိုးမြှင့်တင်ရန်၊ ရင်းနှီးမြှုပ်နှံမှု၊ ဆိပ်ကမ်း၊ အခြေခံအဆောက်အဦ၊ စိုက်ပျိုးရေး၊ အထည်ချုပ်၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ဒစ်ဂျစ်တယ်စီးပွားရေး စသည့်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေရန်၊ ပညာရေး၊ လူငယ် စသည့် ပြည်သူအချင်းချင်းဖလှယ်မှုများကို တိုးမြှင့်ရန်၊ နိုင်ငံစုံ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများကို နီးကပ်စွာလုပ်ဆောင်ပြီး သီရိလင်္ကာ-တရုတ်ဆက်ဆံရေး ပိုမိုမြင့်မားသောအဆင့်သို့တက်ရောက်သွားရန် တွန်းအားပေးလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
အထက်ပါတွေ့ဆုံဆွေးနွေးပွဲသို့ ဝူကျိန့်လုန် တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)
——————–
(Chinese Version)
李强会见斯里兰卡总理阿马拉苏里亚
新华社北京10月13日电 国务院总理李强10月13日下午在北京钓鱼台国宾馆会见来华出席全球妇女峰会的斯里兰卡总理阿马拉苏里亚。
李强表示,中国和斯里兰卡有着深厚的传统友谊,建交68年来,两国关系始终稳健发展,双方合作成果丰硕。今年1月,迪萨纳亚克总统对中国进行国事访问,习近平主席同他举行重要会晤,就两国关系发展作出新的战略指引。中方始终把斯里兰卡置于周边外交重要方向,愿同斯方弘扬传统友谊,深化互利合作,努力打造中斯命运共同体,更好惠及两国人民。
李强指出,中方愿同斯方加强发展战略对接,在高质量共建“一带一路”框架下,进一步扩大双向贸易投资规模,推进科伦坡港口城、汉班托塔综合开发等重点项目,拓展绿色发展、数字经济、现代农业、海洋经济等领域合作,更好实现互利共赢。中方愿进口斯里兰卡更多优质产品,将继续鼓励有实力的中国企业赴斯投资。双方要深化教育、文化、旅游、妇女、地方等交流合作。中方愿同斯方一道落实全球治理倡议,加强在联合国等机制的沟通协作,推动各方践行真正的多边主义,维护国际公平正义。
阿马拉苏里亚表示,习近平主席在全球妇女峰会上发表重要讲话,为推进全球妇女事业发展发挥了引领作用,斯方高度赞赏。斯中关系历史悠久,双边合作成果丰硕。斯方坚定支持一个中国原则,认为台湾、西藏、新疆是中国领土不可分割的一部分。斯政府高度重视对华关系,感谢中方对斯经济社会发展提供的宝贵支持。斯方坚定支持习近平主席提出的“一带一路”倡议和全球治理倡议,期待同中方进一步加强各层级往来,深化投资、港口、基建、农业、纺织业、减贫、数字经济等领域合作,促进教育、青年等人文交流,密切多边协作,推动斯中关系迈向更高水平。
吴政隆参加会见。(完)
图说:10月13日下午,国务院总理李强在北京钓鱼台国宾馆会见来华出席全球妇女峰会的斯里兰卡总理阿马拉苏里亚。 新华社记者 黄敬文 摄