China
တရုတ်နိုင်ငံက ထုတ်ပြန်သော မြေရှားစသည့် သက်ဆိုင်ရာပစ္စည်း ပို့ကုန်ထိန်းချုပ်မှုအစီအမံများက ပါကစ္စတန်နှင့် သက်ဆိုင်မှုမရှိကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

ပေကျင်း၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငက မကြာသေးမီရက်အတွင်း ထုတ်ပြန်ခဲ့သော မြေရှားစသည့် သက်ဆိုင်ရာပစ္စည်း ပို့ကုန်ထိန်းချုပ်မှုအစီအမံများသည် ပါကစ္စတန်နှင့် မည်သည့်သက်ဆိုင်မှုမျှမရှိကြောင်း၊ ယင်းမှာ တရုတ်နိုင်ငံအစိုးရက တရားဥပဒေစည်းကမ်းစည်းကမ်းများနှင့်အညီ မိမိ၏ပို့ကုန်ထိန်းချုပ်မှုစနစ်ကို ကောင်းမွန်ပြည့်စုံစေရန် တရား၀င်လုပ်ဆောင်ချက်တစ်ခုဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က အောက်တိုဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။
မကြာသေးမီရက်က ပါကစ္စတန်သည် တရုတ်နိုင်ငံ စက်ပစ္စည်းနှင့် နည်းပညာများသုံး၍ အမေရိကန်ထံ မြေရှားသတ္ထု တင်ပို့ခဲ့ရာ တရုတ်နိုင်ငံက မြေရှားသတ္ထုနှင့်သက်ဆိုင်သော နည်းပညာများ တင်ပို့မှုကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်သော စည်းမျဉ်းအသစ်များ ချမှတ်ရန် တွန်းအားဖြစ်စေခဲ့ကြောင်း၊ အချို့သော ကိုယ်ပိုင်မီဒီယာများက ဗီဒီယိုနှင့် ဆောင်းပါးများ ထုတ်ဝေ၍ “ပါကစ္စတန်က မြေရှားနမူနာကို အမေရိကန်ထံ လက်ဆောင်ပေးပြီး မြေရှား ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ သဘောတူခဲ့တယ်” ၊ “ပါကစ္စတန်က မြေရှားနမူနာတွေကို အမေရိကန်ထံ တင်ပို့မှုအပေါ် တရုတ်က တန်ပြန်အရေးယူမှုများ ပြုလုပ်ခဲ့တယ်” ဟု ပြောကြားခဲ့သည်ဟု မီဒီယာများက သတင်းထုတ်ပြန်ခဲ့ကြောင်း၊ ထို့အပေါ် ပြောရေးဆိုခွင့်ရှိသူအနေဖြင့် မည်သို့ မှတ်ချက်ပြုလိုပါသနည်းဟု သတင်းထောက်တစ်ဦးက အဆိုပါနေ့ သတင်းစာ ရှင်းလင်းပွဲတွင် မေးမြန်းခဲ့သည်။
လျင်ကျန့်က တရုတ်နှင့် ပါကစ္စတန်သည် အချိန်အခါမရွေး မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်များဖြစ်ရာ နှစ်နိုင်ငံ သံမဏိပမာ ခိုင်မာသော ချစ်ကြည်ရေးသည် အချိန်ကာလကြာလာသည်နှင့်အမျှ ပို၍ခိုင်မာမြဲမြံလာကြောင်း၊ နှစ်ဖက်လုံးသည် မြင့်မားသော မဟာဗျူဟာ အပြန်အလှန်ယုံကြည်မှုကို ထိန်းသိမ်းထားပြီး နှစ်ဖက်၏ ဘုံအကျိုးစီးပွားနှင့် သက်ဆိုင်သော ကိစ္စရပ်ကြီးများတွင် နီးကပ်စွာ ဆွေးနွေးညှိနှိုင်းကြကြောင်း ပြောကြားခဲ့သည်။
“ကျွန်တော်သိရသလောက်ဆိုရင် ပါကစ္စတန်-အမေရိကန် သတ္တုတူးဖော်ရေး ပူးပေါင်းဆောင်ရွက်မှု ကိစ္စနှင့်စပ်လျဉ်းပြီး တရုတ်နဲ့ ပါကစ္စတန် နှစ်ဖက်ကြား ညှိနှိုင်းဆွေးနွေးမှုရှိပါတယ်။ ပါကစ္စတန်နဲ့ အမေရိကန်ရဲ့ ကူးလူးဆက်ဆံမှုက တရုတ်အကျိုးစီးပွားနဲ့ တရုတ်-ပါကစ္စတန် ပူးပေါင်းဆောင်ရွက်မှုကို လုံးဝထိခိုက်မှာမဟုတ်ကြောင်း ပါကစ္စတန်ဘက်က အလေးအနက်ထား ပြောကြားခဲ့တယ်” ဟု လျင်ကျန့်က ပြောကြားခဲ့သည်။ “ပါကစ္စတန်ခေါင်းဆောင်က အမေရိကန်ခေါင်းဆောင်ထံ ပြသလက်ဆောင်ပေးခဲ့တဲ့ သတ္တုတုံးမှာ ဝန်ထမ်းများ ဝယ်ယူခဲ့တဲ့ ပါကစ္စတန်ကျောက်မျက် သတ္တုအရိုင်းတုံး နမူနာများသာဖြစ်တယ်။ ခင်ဗျား ခုနကဖော်ပြခဲ့တဲ့ ဆက်စပ်သတင်းများမှာ အမှန်တရားကိုသေချာမသိခြင်း သို့မဟုတ် ရိပ်ဖမ်းသံဖမ်းပြောကြားခြင်း၊ နှစ်ဦးကြား သဘောထားကွဲပြားအောင် လုပ်ဆောင်ခြင်းတို့ဖြစ်ပြီး အခြေအမြစ် မရှိဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ မကြာသေးမီရက်က ထုတ်ပြန်ခဲ့သော မြေရှားစသည့် သက်ဆိုင်ရာပစ္စည်း ပို့ကုန်ထိန်းချုပ်မှုအစီအမံများသည် ပါကစ္စတန်နှင့် မည်သည့်သက်ဆိုင်မှုမျှမရှိကြောင်း၊ ယင်းမှာ တရုတ်နိုင်ငံအစိုးရက တရားဥပဒေစည်းကမ်းစည်းကမ်းများနှင့်အညီ မိမိ၏ပို့ကုန်ထိန်းချုပ်မှုစနစ်ကို ကောင်းမွန်ပြည့်စုံစေရန် တရား၀င်လုပ်ရပ်တစ်ခုဖြစ်ကြောင်း၊ ရည်ရွယ်ချက်မှာ ကမ္ဘာကြီး ငြိမ်းချမ်းရေးနှင့် ဒေသတွင်းတည်ငြိမ်ရေးကို ပိုမိုကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ပြီး ပြန့်ပွားမှု တားဆီးရေးစသည့် နိုင်ငံတကာ တာဝန်များကို ကျေပွန်အောင် ဆောင်ရွက်ရန်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က ပြောကြားခဲ့သည်။ (Xinhua)
……………….
(Chinese Version)
外交部:中方发布关于稀土等相关物项出口管制措施与巴基斯坦没有关联
新华社北京10月13日电(记者邵艺博)外交部发言人林剑13日表示,中方日前发布关于稀土等相关物项的出口管制措施,与巴基斯坦没有任何关联,这是中国政府依据法律法规,完善自身出口管制体系的正当做法。
当日例行记者会上,有记者问:近日,有媒体报道,巴基斯坦利用中国设备和技术向美国出口稀土,触发了中国出台严格管控稀土相关技术出口的新规,部分自媒体发表视频和文章,称“巴方向美赠送稀土样品并同意开展稀土合作”“中国出招反制巴基斯坦向美国出口稀土”。请问发言人对此有何评论?
林剑表示,中国和巴基斯坦是全天候战略合作伙伴,两国铁杆友谊历久弥坚。双方始终保持高度战略互信,在事关双方共同利益的重大问题上密切沟通。
“据我所知,关于巴美矿产合作事,中巴双方有沟通,巴方强调,巴方与美方的交往绝不会损害中方利益和中巴合作。”林剑说:“巴方领导人向美方领导人展示和赠送的矿石,是工作人员购买的巴宝石原矿样品。你刚才提到的相关报道或是不了解实情,或是捕风捉影,甚至是挑拨离间,是缺乏根据的。”
林剑表示,中方日前发布关于稀土等相关物项的出口管制措施,与巴基斯坦没有任何关联,这是中国政府依据法律法规,完善自身出口管制体系的正当做法,旨在更好维护世界和平与地区稳定,履行防扩散等国际义务。(完)