China
တရုတ်-ဥရောပ အာတိတ် အမြန်ရေလမ်းကြောင်း ပထမဆုံး ကုန်တင်သင်္ဘော ဗြိတိန်နိုင်ငံသို့ ဆိုက်ရောက်

လန်ဒန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)
ရက်ပေါင်း ၂၀ ကြာပြီးနောက် တရုတ်-ဥရောပ အာတိတ် ကွန်တိန်နာအမြန်ရေလမ်းကြောင်း၏ ပထမဆုံးသော ကုန်တင်သင်္ဘောသည် အောက်တိုဘာ ၁၃ ရက် ညပိုင်းတွင် ဗြိတိန်နိုင်ငံ Felixstowe ဆိပ်ကမ်းသို့ ဆိုက်ရောက်ခဲ့သည်။ အဆိုပါကုန်တင်သင်္ဘောသည် တရုတ်နိုင်ငံ နင်းပေါမြို့ သန်းဆန်းဆိပ်ကမ်းမှ ထွက်ခွာခဲ့ပြီး စံကွန်တိန်နာ အလုံး ၄,၀၀၀ ခန့် အပြည့်သယ်ဆောင်လာပြီး ဗြိတိန်၊ ဂျာမနီ၊ ပိုလန်နှင့် နယ်သာလန်ရှိ ဆိပ်ကမ်းများတွင် ဆက်လက်၍ ကုန်ချလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။ “ဝင်ရိုးစွန်း ပိုးလမ်းမ” ၏ အဓိကကျသော ကုန်တင်လမ်းကြောင်းများအနက် တစ်ခုအနေဖြင့် တရုတ်-ဥရောပ အာတိတ် အမြန်ရေလမ်းကြောင်း ဖြတ်သန်းသွားသော အာတိတ် အရှေ့မြောက်ရေလမ်းကြောင်းသည် အရှေ့အာရှနှင့် ဥရောပ ဆက်သွယ်ပေးသော ထွန်းသစ်စ နိုင်ငံတကာရေလမ်းကြောင်းဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက် ပိုမိုကောင်းမွန်စေရန်၊ လမ်းကြောင်းတစ်လျှောက် ကုန်သွယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်အတွက် အရေးပါသော တန်ဖိုးရှိသည်။ (Xinhua)
……………………
(Chinese Version)
中欧北极快航航线首艘货船抵达英国
新华社照片,伦敦,2025年10月14日
历时20天,中欧北极集装箱快航航线首艘货船13日晚抵达英国费利克斯托港。该艘货船从宁波舟山港出发,满载约4000个标准箱,将陆续在英国、德国、波兰和荷兰的港口完成卸载作业。作为“冰上丝绸之路”核心承载通道之一,中欧北极快航所经的北极东北航道是连接东亚与欧洲的新兴国际航运线路,对优化全球供应链、促进沿线经贸合作具有重要价值。
图说:10月13日,在英国费利克斯托港,中欧北极快航航线首艘货船驶入码头。 新华社记者 李颖 摄