China
ဝမ်ရိနှင့် ချီလီ သမ္မတဟောင်း Michelle Bachelet တွေ့ဆုံဆွေးနွေး

ပေကျင်း၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် တရုတ်နိုင်ငံသို့ လာရောက်၍ ကမ္ဘာ့အမျိုးသမီးခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး တက်ရောက်သည့် ချီလီ သမ္မတဟောင်း Michelle Bachelet နှင့် ပေကျင်းမြို့၌ အောက်တိုဘာ ၁၄ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် ဝမ်ရိက မစ္စ Bachelet သည် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ဓမ္မဓိဋ္ဌာန်ကျကျ ဆင်ခြင်တုံတရားဖြင့် ရှုမြင်ပြီး နှစ်ဖက်ကြား တန်းတူညီမျှ ချစ်ကြည်ရေး ဖလှယ်မှုကို တွန်းအားပေးဆောင်ရွက်ခဲ့ရာ အဆွေတော်အနေဖြင့် ကုလသမဂ္ဂဆိုင်ရာ လုပ်ငန်းများ၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့အတွက် အပြုသဘောဆောင်သော ကြိုးပမ်းအားထုတ်မှုများ ဆက်လက်ပြုလုပ်သွားမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ကုလသမဂ္ဂသည် ပြုပြင်ပြောင်းလဲရန် လိုအပ်ကြောင်း၊ သို့သော် ရည်ရွယ်ချက်မှာ အားနည်းစေရန်မဟုတ်ဘဲ အားကောင်းစေရန်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ကုလသမဂ္ဂဆိုင်ရာ လုပ်ငန်းများ၏ ခိုင်မာသော ထိန်းသိမ်းကာကွယ်ပေးသူ၊ ရေရှည်ပူးပေါင်းဆောင်ရွက်သူ အစဉ်အမြဲ ဖြစ်ပြီး စစ်မှန်သော နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို တက်ကြွစွာ လက်တွေ့ဖော်ဆောင်ကာ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း ဖွဲ့စည်းတည်ဆောက်ရေးကို တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
Bachelet က ကမ္ဘာ့အမျိုးသမီးခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး အောင်မြင်စွာ ကျင်းပခြင်းအပေါ် တရုတ်နိုင်ငံအား ဂုဏ်ပြုခဲ့ပြီး ပြုပြင်ပြောင်းလဲမှုမှတစ်ဆင့် ကုလသမဂ္ဂအခန်းကဏ္ဍကို အားကောင်းစေကာ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို အတူတကွ၍ ကိုင်တွယ်ဖြေရှင်းမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
………………..
(Chinese Version)
王毅会见智利前总统巴切莱特
新华社北京10月14日电 10月14日,中共中央政治局委员、外交部长王毅在京会见来华出席全球妇女峰会的智利前总统巴切莱特。
王毅表示,巴切莱特女士客观理性看待中国发展,推动双方平等友好交流,希望你继续为联合国事业及世界和平与稳定做出积极努力。
王毅说,联合国需要改革,但目的不是削弱而是要加强。中国始终是联合国事业的坚定维护者、长期合作者,积极践行真正的多边主义,推动构建人类命运共同体。
巴切莱特祝贺中方成功举办全球妇女峰会,表示需通过改革强化联合国作用,携手应对全球性挑战。(完)
图说:10月14日,中共中央政治局委员、外交部长王毅在北京会见来华出席全球妇女峰会的智利前总统巴切莱特。 新华社记者 高洁 摄