Connect with us

China

တရုတ်နိုင်ငံ စိုက်ပျိုးရေးတက္ကသိုလ် ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများအား ရှီကျင့်ဖိန် ပြန်စာပေးပို့

ပေကျင်း၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)
မကြာသေးမီရက်ပိုင်းက တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော် သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံ စိုက်ပျိုးရေးတက္ကသိုလ် ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများအား ပြန်စာပေးပို့ခဲ့ရာ တရုတ်နိုင်ငံ စိုက်ပျိုးရေးတက္ကသိုလ် ထူထောင်ခြင်း ၁၂၀ နှစ်ပြည့် အခါသမယတွင် ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ၊ ဝန်ထမ်းများ၊ ကျောင်းသားဟောင်းများအား ဂုဏ်ပြုကြောင်း ပြောကြားခဲ့သည်။
ရှီကျင့်ဖိန်က လမ်းခရီးသစ်တွင် ၎င်းတို့အနေဖြင့် ကောင်းမွန်သော တက္ကသိုလ်ကျောင်း ဖွင့်လှစ်သင်ကြားမှု အစဉ်အလာကို မြှင့်တင်၍ စိုက်ပျိုးရေးဖြင့် နိုင်ငံတော်အား အကျိုးပြုလိုသည့် ခိုင်မြဲသောစိတ်ဓာတ်ဖြင့် ပညာသင်ကြားရေး ပြုပြင်ပြောင်းလဲမှုကို နက်ရှိုင်းစွာဖော်ဆောင်ရန်၊ စိုက်ပျိုးရေး သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုနှင့် ရလဒ်များအား လက်တွေ့ပြောင်းလဲအသုံးပြုမှုကို မြှင့်တင်ရန်၊ ပိုမိုများပြားသည့် စိုက်ပျိုးရေးအကြောင်းနားလည်၍ စိုက်ပျိုးမှုအား ချစ်မြတ်နိုးသည့် ကျွမ်းကျင်လူပုဂ္ဂိုလ်များကို ကြိုးပမ်းပျိုးထောင်ပေးရန်၊ စိုက်ပျိုးရေးအင်အားကြီးနိုင်ငံ တည်ဆောက်ရန်၊ တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းမှုအား တွန်းအားပေးရန်အတွက် အကျိုးထမ်းဆောင်မှုအသစ်များ လုပ်ဆောင်ရန် အလေးထား ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ စိုက်ပျိုးရေးတက္ကသိုလ်သည် ယခင်က ၁၉၀၅ ခုနှစ်တွင် ထူထောင်ခဲ့သည့် ပေကျင်း အင်ပါယာတက္ကသိုလ် စိုက်ပျိုးရေးပညာ တက္ကသိုလ်ဖြစ်ပြီး ၁၉၉၅ ခုနှစ်တွင် ပေကျင်း စိုက်ပျိုးရေးတက္ကသိုလ်နှင့် ပေကျင်း စိုက်ပျိုးရေး အင်ဂျင်နီယာတက္ကသိုလ်တို့အား ပေါင်းစပ်၍ ထူထောင်ခဲ့ခြင်းဖြစ်သည်။
လတ်တလောရက်ပိုင်းတွင် တရုတ်နိုင်ငံ စိုက်ပျိုးရေးတက္ကသိုလ်မှ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများက အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်ထံ စာရေးသား၍ တက္ကသိုလ်၏ နှစ်ပေါင်း ၁၂၀ အတွင်း ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်နှင့် သင်ကြားရေးရလဒ်များကို အစီရင်ခံတင်ပြကာ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်အဖြစ် တည်ဆောက်မှုအားအရှိန်မြှင့်ရန်၊ အင်အားကြီးနိုင်ငံ တည်ဆောက်ရေးနှင့် အမျိုးသားပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး ကြီးမြတ်သောလုပ်ငန်းအတွက် မလျှော့သောဇွဲဖြင့်ကြိုးပမ်းသွားရန် ဆုံးဖြတ်ချက်များကို ဖော်ပြခဲ့ကြောင်း သိရသည်။ (Xinhua)

——————-
(Chinese Version)
习近平给中国农业大学全体师生回信强调   弘扬优良办学传统矢志强农报国   努力培养更多知农爱农的专业人才
新华社北京10月16日电 近日,中共中央总书记、国家主席、中央军委主席习近平给中国农业大学全体师生回信,在中国农业大学建校120周年之际,向全校师生员工、广大校友表示祝贺。
习近平强调,新征程上,希望你们弘扬优良办学传统,矢志强农报国,深化教育教学改革,加强农业科技创新和成果转化应用,努力培养更多知农爱农的专业人才,为建设农业强国、推进中国式现代化作出新的贡献。(回信全文另发)
中国农业大学前身是1905年成立的京师大学堂农科大学,1995年由北京农业大学和北京农业工程大学合并组建而成。近日,中国农业大学全体师生给习近平总书记写信,汇报学校120年发展历程和办学成绩,表达加快建设世界一流大学,为强国建设、民族复兴伟业不懈奋斗的决心。(完)