Connect with us

China

အမေရိကန်၏ ဗီဇာကန့်သတ်မှုများက တရုတ်နှင့် ဗဟိုအမေရိကနိုင်ငံများကြား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ခေတ်ရေစီးကြောင်းကို တားဆီးနိုင်မည်မဟုတ်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

ပေကျင်း၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)
အမေရိကန်၏ လတ်တလောကြေညာသော ဗီဇာကန့်သတ်မှုဆိုင်ရာ အစီအမံများ၊ ဗဟိုအမေရိကရှိ စက်မှုစီးပွားရေးလုပ်ငန်းရှင်များအား တရုတ်နိုင်ငံအစိုးရပိုင် ကုမ္ပဏီလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်မှုမပြုရန် ခြိမ်းခြောက်သည့် လုပ်ရပ်များနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက ဗဟိုအမေရိကနိုင်ငံများနှင့် တရုတ်နိုင်ငံတို့၏ ပုံမှန်ဖလှယ်ဆက်ဆံမှုများအပေါ် အမေရိကန်ဘက်၏ ဝင်ရောက်စွက်ဖက်ခြင်းသည် ၎င်း၏ ဗိုလ်ကျကြီးစိုးမှု လုပ်ရပ်ကို ထပ်မံထင်ဟပ်စေကြောင်း၊ အမေရိကန်ဘက်က ဗီဇာရမ်းကားဆောင်ရွက်မှုသည် အမှန်တကယ် နားလည်တတ်ကျွမ်းသူများကို တုန်လှုပ်စေနိုင်မည်မဟုတ်သလို တရုတ်နှင့် ဗဟိုအမေရိကနိုင်ငံများကြားဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ခေတ်ရေစီးကြောင်းကိုလည်း တားဆီးနိုင်မည်မဟုတ်ကြောင်း အောက်တိုဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
လတ်တလောတွင် အမေရိကန်က တရုတ်ကွန်မြူနစ်ပါတီနှင့် ပူးပေါင်းဆောင်ရွက်သော၊ ဗဟိုအမေရိကနိုင်ငံများတွင် တရားဥပဒေစိုးမိုးမှု ပျက်ပြားစေသော ဗဟိုအမေရိကနိုင်ငံများရှိ နိုင်ငံသားများနှင့် ၎င်းတို့၏ ဆွေမျိုးများ အမေရိကန်ပြည်ဝင်ခွင့်ဗီဇာရရှိခြင်းကို ကန့်သတ်ကြောင်း ကြေညာခဲ့ပြီး ယင်းဖြင့် ဗဟိုအမေရိကရှိ စက်မှုစီးပွားရေးလုပ်ငန်းရှင်များအား တရုတ်နိုင်ငံအစိုးရပိုင် ကုမ္ပဏီလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်မှုမပြုရန် ခြိမ်းခြောက်ခဲ့ရာ တရုတ်နိုင်ငံအနေဖြင့် ယင်းအပေါ် မည်သို့ မှတ်ချက်ပြုလိုပါသနည်းဟု သတင်းထောက်တစ်ဦးက အဆိုပါနေ့ သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းခဲ့ခြင်းဖြစ်သည်။
လတ်တလော အမေရိကန် ပြဋ္ဌာန်းသော ဗီဇာကန့်သတ်ချက်အစီအမံနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံသည် ယင်းမတိုင်မီ လေးနက်ခိုင်မာသော သဘောထားကို ရှင်းရှင်းလင်းလင်းပြောကြားခဲ့ပြီး အလေးအနက် ကန့်ကွက်ကြောင်း အမေရိကန်ဘက်ထံ အဆိုပြုပြီးဖြစ်ကြောင်း၊ အမေရိကန်ဘက်သည် “တရားဥပဒေစိုးမိုးရေး” အမည်ခံဖြင့် တရားမဝင်သည့် လုပ်ရပ်များ ဆောင်ရွက်ကာ တစ်ဖက်သတ် အရေးယူပိတ်ဆို့မှုများမှတစ်ဆင့် ဒေသတွင်းနိုင်ငံများနှင့် ပုဂ္ဂိုလ်များအား နိုင်ငံရေးအရ ဖိနှိပ်ခြင်း၊ စီးပွားရေးအရ အကျပ်ကိုင်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ ၎င်းတို့၏ပြည်တွင်းဥပဒေကို နိုင်ငံတကာ ဥပဒေများနှင့် အပြည်ပြည်ဆိုင်ရာတာဝန်ဝတ္တရားများအထက်တွင် စီးနင်းပြီး အခြားနိုင်ငံများ၏ တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားကို ထိခိုက်စေခြင်း၊ နိုင်ငံတော်အချုပ်အခြာအာဏာ တန်းတူညီမျှမှု၊ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှုခြင်း မပြုဟူသော အခြေခံမူများကို ပြင်းထန်စွာ ချိုးဖောက်ခြင်း၊ နိုင်ငံတကာ စည်းစနစ်များကို ပြင်းထန်စွာ ဖျက်ဆီးခြင်းသည် စံတင်လောက်သော ဗိုလ်ကျကြီးစိုးမှုဝါဒ လုပ်ရပ်ပင်ဖြစ်ကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။
အမေရိကန်သည် ဗဟိုအမေရိကနိုင်ငံများနှင့် တရုတ်နိုင်ငံတို့ကြား ပုံမှန်ဖလှယ်ဆက်ဆံမှုအပေါ် ဝင်ရောက်စွက်ဖက်ကာ သက်ဆိုင်ရာ ဝေဖန်ပြောဆိုမှုများသည် အငြိုးအတေးများဖြင့် ပြည့်နှက်နေပြီး လုံးဝအခြေအမြစ်မရှိခြင်း၊ ဗဟိုအမေရိကနိုင်ငံများအပေါ် အခြေခံလေးစားမှုကင်းမဲ့နေခြင်းသည် အမေရိကန်၏ ဗိုလ်ကျကြီးစိုးမှု လုပ်ရပ်ကို ထပ်မံထင်ဟပ်စေပြီး အမေရိကန်နိုင်ငံရေးသမားအချို့၏ အမြစ်တွယ်နေသော မောက်မာမှုနှင့် အမြင်စောင်းမှုများကို ထုတ်ဖော်လိုက်ခြင်းဖြစ်ကြောင်း၊ အမေရိကန်ဘက်က ဗီဇာရမ်းကားဆောင်ရွက်မှုသည် အမှန်တကယ် နားလည်တတ်ကျွမ်းသူများကို တုန်လှုပ်စေနိုင်မည်မဟုတ်သလို တရုတ်နှင့် ဗဟိုအမေရိကနိုင်ငံများကြားဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ခေတ်ရေစီးကြောင်းကိုလည်း တားဆီးနိုင်မည်မဟုတ်ကြောင်း၊ တရုတ်နိုင်ငံသည် ဗဟိုအမေရိကနိုင်ငံများ၏ မိတ်ဆွေကောင်းနှင့် မိတ်ဖက်ကောင်းအဖြစ် အစဉ်အမြဲ ရပ်တည်သွားမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးအတွက် ပူးပေါင်းဆောင်ရွက်ကာ တရုတ်-လက်တင်အမေရိက အေးအတူ ပူအမျှ အသိုက်အဝန်းကို အတူတကွ တည်ဆောက်သွားမည်ဖြစ်ကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။ (Xinhua)
……………………………….
(Chinese Version)
外交部:美方挥舞签证大棒挡不住中国同中美洲国家关系发展的时代大势
新华社北京10月21日电(记者邵艺博、许可)针对美方近期宣布签证限制举措、威胁中美洲工商界人士不得同中国国有企业开展合作等行径,外交部发言人郭嘉昆21日表示,美方对中美洲国家同中国的正常交流交往指手画脚,再次反映了美方霸道霸权的作风。美方挥舞签证大棒吓不倒真正的有识之士,挡不住中国同中美洲国家关系发展的时代大势。
当日例行记者会上,有记者问:近期,美国宣布限制与中国共产党合作、破坏中美洲国家法治的中美洲国家公民及其亲属获得美国签证。美方还以此威胁中美洲工商界人士不得同中国国有企业开展合作。中方对此有何评论?
郭嘉昆表示,针对近期美方出台签证限制举措,中方此前已经阐明严正立场,并向美方提出严正交涉。美方以“法治”之名行非法之实,通过单边制裁对地区国家和人士进行政治打压和经济胁迫,将国内法凌驾于国际法和国际义务之上,损害他国正当合法权益,严重违背国家主权平等、不干涉内政原则,严重破坏国际秩序,是典型的霸权主义行径。
郭嘉昆说,美方对中美洲国家同中国的正常交流交往指手画脚,有关指责充满恶意、毫无根据,缺乏对中美洲国家的基本尊重,再次反映了美方霸道霸权的作风,暴露出一些美国政客根深蒂固的傲慢和偏见。美方挥舞签证大棒吓不倒真正的有识之士,挡不住中国同中美洲国家关系发展的时代大势。中国将始终做中美洲国家的好朋友、好伙伴,共谋发展振兴,共建中拉命运共同体。(完)

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.