China
“တိမ်ထိပ်ဖျားက ရွာလေး” လောင်မူသန်း၏ လူမှုဘဝအငွေ့အသက်နှင့် ကြွယ်ဝရေးလမ်း
ကူမင်း၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)
လောင်မူသိန်းရွာသည် ကမ္ဘာ့သဘာဝအမွေအနှစ်ဖြစ်သော “မြစ်သုံးစင်း တူဆုံစီးဆင်းရာ” ဒေသ၏ တရုတ်နိုင်ငံ ယူနန်ပြည်နယ် နုကျန်းလျှိုမြောင် အချက်အချာနေရာ၌ တည်ရှိသည်။ ၎င်းသည် ပိလော်နှင်းတောင် တောင်ခါးပန်း၏ မြေနိမ့်လျှောစောက်နေရာ၌ တည်ရှိကာ ပျမ်းမျှအားဖြင့် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်မီတာ ၁,၈၀၀ ခန့်ရှိသည်။ ဤနေရာ၌ လျှိုမြောင်ရှုခင်းသည် ခန်းနားလှပပြီး တိုင်းရင်းသား ယဉ်ကျေးမှု အငွေ့အသက်များ ကြိုင်လှိုင်လျက်ရှိသောကြောင့် စံတင်လောက်သည့် နုလူမျိုးကျေးရွာလေးတစ်ခု ဖြစ်ပေသည်။
ယခင်က လမ်းပန်းဆက်သွယ်ရေး အဆင်မပြေသဖြင့် လောင်မူသိန်းရွာလေးသည် ကာလကြာရှည်စွာ ပြင်ပနှင့် အဆက်အသွယ်ပြတ်တောက်ခဲ့ပြီး လူသိနည်းလှသည်။ လတ်တလောနှစ်ပိုင်းတွင် အခြေခံအဆောက်အဦများ အဆက်မပြတ် ပြည့်စုံလာပြီး ကျေးလက်ခရီးသွားလာရေးလုပ်ငန်း အရှိန်အဟုန်မြင့် ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လောင်မူသိန်းရွာသည်လည်း အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့သည်။
ရွာသူ၊ ရွာသားများက တည်းခိုခန်း၊ စိုက်ပျိုးရေး အပန်းဖြေတည်းခိုခန်းများ ဖွင့်လှစ်ခြင်းနှင့် ဒေသထွက်ကုန်များ ရောင်းချခြင်း စသည့်နည်းလမ်းများဖြင့် ဝင်ငွေကို သိသိသာသာမြှင့်တင်လိုက်သည်။ တစ်ချိန်တည်းတွင် ၎င်းတို့က သမားရိုးကျ နေထိုင်မှုဘဝပုံစံကို ခိုင်မြဲစွာ စောင့်ထိန်းနေဆဲဖြစ်သဖြင့် ကျေးလက် လူနေမှုဘဝ အငွေ့အသက်များကို ထိန်းသိမ်းထားကာ ပိုမိုများပြားသည့် ခရီးသွားဧည့်သည်များ အဆိုပါ “တိမ်ထိပ်ဖျားက ရွာလေး” သို့ လာရောက်၍ တစ်မူထူးခြားသည့် ဆွဲဆောင်မှုကို လက်တွေ့ခံစားရန် ဆွဲဆောင်လျက်ရှိပေသည်။ (Xinhua)

တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ လောင်မူသိန်းရွာ၏ ရှုမျှော်စင်မှ နုကျန်းမြစ် လျှိုမြောင်ကြီး ရှုခင်းကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ လောင်မူသိန်းရွာမှ ရွာသူများဖြစ်သော ကျန်းကွမ်းရှင်း (ဝဲဘက်) နှင့် လီယွိလန်တို့က တည်းခိုခန်းတွင် ခရီးသွားဧည့်သည်များအား တိုင်းရင်းသားအကဖြင့် ကပြတင်ဆက်နေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)



——————-
(Chinese Version)
新时代中国调研行之文化中华丨“云端村落”老姆登的烟火气与致富路
新华社照片,昆明,2025年10月24日
老姆登村位于世界自然遗产“三江并流”区域的怒江大峡谷腹地,坐落在碧罗雪山半山腰间的缓坡地带,平均海拔约1800米。这里峡谷风光壮美、民族文化浓郁,是一个典型的怒族村落。
过去,由于交通不便,老姆登村长期处于闭塞状态,鲜为人知。近年来,随着基础设施不断完善和乡村旅游的蓬勃发展,老姆登村发生了翻天覆地的变化。村民们通过发展民宿、农家乐和销售土特产等方式显著提升了收入,同时,他们依然坚守传统生活方式,保留着浓厚的乡村“烟火气”,吸引越来越多的游客前来体验这座“云端村落”的独特魅力。
1、空中俯瞰依山而建的老姆登村(无人机照片,10月20日摄)。 新华社记者 胡超 摄
2、10月20日在老姆登村的观景台上拍摄的怒江大峡谷风光。新华社记者 胡超 摄
3、老姆登村村民曾关心(左)、李玉兰在客栈里给游客表演民族歌舞(10月19日摄)。新华社记者 胡超 摄
