Connect with us

China

တန်ချိန်သောင်းချီအဆင့်ရှိသော လျှပ်စစ်စွမ်းအင်သီးသန့်သုံး ကုန်တင်သင်္ဘောကြီးကို ဟူပေပြည်နယ် ရီချန်းမြို့၌ ရေချ၍ စက်ပစ္စည်းများတပ်ဆင်

“ကယ်ကျိုးပါ့” လျှပ်စစ်စွမ်းအင်သီးသန့်သုံး ကုန်တင်သင်္ဘောကြီးကို အောက်တိုဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရီချန်း (ဟူပေ)၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟူပေပြည်နယ် ရီချန်းမြို့၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် အစိမ်းရောင် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးညီလာခံတွင် တရုတ်နိုင်ငံ၏ လက်ရှိအကြီးဆုံးဖြစ်သော တန်ချိန်သောင်းချီ အဆင့်ရှိသည့် လျှပ်စစ်စွမ်းအင်သီးသန့်သုံး ကုန်တင်သင်္ဘောကြီး ရေချခြင်းနှင့် အမည်ပေးခြင်း အခမ်းအနား ကျင်းပခဲ့ပြီး ယင်းသင်္ဘောကို “ကယ်ကျိုးပါ့” ဟု တရားဝင် အမည်ပေးခဲ့သည်။ အဆိုပါသင်္ဘောမှာ ယခုအခါ ကိုယ်ထည်အတွင်း စက်ပစ္စည်းများတပ်ဆင် အဆင့်သို့ ရောက်ရှိလာခဲ့သည်။
တရုတ်နိုင်ငံ၏ တန်ချိန်သောင်းချီအဆင့် လျှပ်စစ်စွမ်းအင်သီးသန့်သုံး ကုန်တင်သင်္ဘော သုတေသနပြုတည်ဆောက်ခြင်းနှင့် စံနမူနာအသုံးချမှုစီမံကိန်းတစ်ခုအနေဖြင့် ယခု ရေချ၍အမည်ပေးထားသော “ကယ်ကျိုးပါ့” သင်္ဘောသည် လျှပ်စစ်စွမ်းအင်သီးသန့် အသုံးပြုမှုနှင့် စမတ်နည်းပညာ အသုံးချမှုတို့တွင် ထိုးဖောက်အောင်မြင်မှုများ ရရှိခဲ့ပြီး ယင်းမှာ တရုတ်နိုင်ငံ မြစ်ရေကြောင်းပို့ဆောင်ရေး၏ အစိမ်းရောင် စမတ်အသွင်ပြောင်း ဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကကျသော အဆင့်သို့ လျှောက်လှမ်းခဲ့သည့် အမှတ်သင်္ကေတဖြစ်ပေသည်။
“ကယ်ကျိုးပါ့” လျှပ်စစ်စွမ်းအင်သီးသန့်သုံး ကုန်တင်သင်္ဘောကြီး၏ စုစုပေါင်းအလျားအရှည်မှာ ၁၃၀ မီတာရှိပြီး အကြီးဆုံး ဝန်တင်အလေးချိန်မှာ တန်ချိန် ၁၃,၀၀၀ ကျော် ရှိကြောင်း၊ သင်္ဘောကြီးတွင် လီသီယမ်ဘက်ထရီသေတ္တာပုံစံ ၁၂ ခုကို စွမ်းအင်အရင်းအမြစ်အဖြစ် တပ်ဆင်ပေးထားပြီး စုစုပေါင်းဓာတ်အားပမာဏ ၂၄,၀၀၀ ကီလိုဝပ်နာရီအထိရှိကာ ဓာတ်အားအမြန်လဲလှယ်ဖြည့်တင်းနိုင်ရာ မောင်းနှင်နိုင်သည့် အကွာအဝေးမှာ ကီလိုမီတာ ၅၀၀ အထိရှိကြောင်း သိရသည်။ (Xinhua)

တန်ချိန်သောင်းချီ အဆင့်ရှိသည့် လျှပ်စစ်စွမ်းအင်သီးသန့်သုံး ကုန်တင်သင်္ဘောကြီး အထူးဆိပ်ကမ်းတွင် ဘက်ထရီချိတ်ဆွဲတပ်ဆင်နေသည်ကို အောက်တိုဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………..
(Chinese Version)
万吨级纯电动散货船在湖北宜昌下水舾装
新华社照片,宜昌(湖北),2025年10月23日
10月23日,在湖北宜昌举行的2025绿色能源发展大会上,举办了我国目前最大的万吨级纯电动散货船下水及命名仪式,将其正式命名为“葛洲坝”号。该船也由此转入舾装阶段。 作为我国万吨级纯电动散货船研制及示范应用项目,此次下水和命名的“葛洲坝”号在纯电动力与智能技术应用上实现多项突破,标志着我国内河航运绿色智能化发展迈出关键一步。 据介绍,“葛洲坝”号纯电动散货船总长近130米,最大载重量超过1.3万吨。船舶配备12个锂电池箱式电源作为动力源,总电量达24000千瓦时,支持快速换电,续航里程可达500公里。
图说1:10月23日拍摄的 “葛洲坝”号纯电动散货船(无人机照片)。 新华社记者 肖艺九 摄
图说2:10月20日,万吨级纯电动散货船在专用码头吊装电池(无人机照片)。新华社发(郑家裕摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.