China
ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏ ရည်ရွယ်ချက်နှင့် အခြေခံမူများက နိုင်ငံတကာတရားဥပဒေစိုးမိုးရေးကို လက်တွေ့လုပ်ဆောင်ရန်” စည်းမျဉ်းများ” ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား
ပေကျင်း၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏ ရည်ရွယ်ချက်နှင့် အခြေခံမူများသည် နိုင်ငံတကာ တရားဥပဒေ ဖြစ်ပေါ်စေသည့် အခြေခံဖြစ်ပြီး နိုင်ငံတကာတရားဥပဒေစိုးမိုးရေးကို လက်တွေ့လုပ်ဆောင်ရန် ”စည်းမျဉ်းများ” ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ကုလသမဂ္ဂအား ဗဟိုပြုသော နိုင်ငံတကာ စနစ်၊ နိုင်ငံတကာဥပဒေကို အခြေခံသော နိုင်ငံတကာ စည်းစနစ်၊ ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏ ရည်ရွယ်ချက်နှင့် အခြေခံမူများကို အခြေခံသော နိုင်ငံတကာ ဆက်ဆံရေး အခြေခံစံနှုန်းများကို အခိုင်အမာ ထိန်းသိမ်းထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက အောက်တိုဘာ ၂၃ ရက်က ပြောကြားခဲ့သည်။
အောက်တိုဘာ ၂၄ ရက်သည် ကုလသမဂ္ဂနေ့ဖြစ်သလို “ကုလသမဂ္ဂပဋိညာဉ်စာတမ်း” အသက်ဝင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ်နေ့လည်းဖြစ်ကြောင်း၊ ကမောက်ကမနှင့်တည်ငြိမ်မှုမရှိသော ကမ္ဘာကြီးနှင့် ရင်ဆိုင်နေရချိန်တွင် နိုင်ငံအများစုသည် ကုလသမဂ္ဂ၏အနေအထားကို ဆက်လက်ကာကွယ်ရန်၊ ကုလသမဂ္ဂ၏အခန်းကဏ္ဍကို အားကောင်းစေရန် တိုက်တွန်းကြကြောင်း၊ သို့သော် တစ်ချိန်တည်းမှာပင် နိုင်ငံတကာအသိုင်းအဝိုင်းတွင် တချို့သော သံသယအသံများလည်းရှိပြီး ကုလသမဂ္ဂ “ထိရောက်မှုဆုံးရှုံးခြင်း”၊ နိုင်ငံတကာဥပဒေ “ချို့ယွင်းခြင်း”၊ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုဝါဒ “စွမ်းဆောင်ရည်ဆုံးရှုံးခြင်း”ဟု ပြောကြသည့်အပြင် “ကုလသမဂ္ဂ ကျရှုံးသွားပြီ” ဟူ၍ပင် ပြောဆိုမှုများရှိရာ ပြောရေးဆိုခွင့်ရှိသူအနေဖြင့် ယင်းအပေါ် မည်သို့ မှတ်ချက်ပြုလိုပါသနည်းဟု သတင်းထောက်တစ်ဦးက အဆိုပါနေ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် မေးမြန်းခဲ့ခြင်းဖြစ်သည်။
ကုလသမဂ္ဂသည် ယနေ့ကမ္ဘာကြီး၏ ယေဘုယျအကျဆုံး၊ ကိုယ်စားအပြုနိုင်ဆုံး၊ ဩဇာသက်ရောက်မှုအရှိဆုံး ဖြစ်သော အစိုးရများကြား နိုင်ငံတကာအဖွဲ့အစည်းဖြစ်ပြီး နှစ် ၈၀ ကာလတစ်လျှောက်တွင် ငြိမ်းချမ်းရေး ထိန်းသိမ်းကာကွယ်ရေး၊ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေး၊ ပြည်သူ့နေထိုင်မှုဘဝ ကောင်းမွန်တိုးတက်ရေးတို့တွင် အစားထိုးမရသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း၊ ကုလသမဂ္ဂတွင် နိုင်ငံ၏အရွယ်အစား၊ အင်အား ခွဲခြားမှုမရှိဘဲ အားလုံးမှာ တန်းတူညီမျှဖြစ်သော အဖွဲ့ဝင်များဖြစ်သလို တူညီသော ထုတ်ဖော်ပြောဆိုခွင့်များရှိကြရာ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများ စေ့စပ်ညှိနှိုင်းခြင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များအား မျှဝေခံစားခြင်းတို့တွင် တရားမျှတစွာ ပါဝင်ဆောင်ရွက်နိုင်ကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။
ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏ ရည်ရွယ်ချက်နှင့် အခြေခံမူများသည် နိုင်ငံတကာ တရားဥပဒေဖြစ်ပေါ်စေသည့် အခြေခံဖြစ်ပြီး နိုင်ငံတကာတရားဥပဒေစိုးမိုးရေးကို လက်တွေ့လုပ်ဆောင်ရန် ”စည်းမျဉ်းများ” ဖြစ်ကြောင်း၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ အခြေခံမူများမရှိဘဲ ကိစ္စရပ်သည် အောင်မြင်စွာ လုပ်ဆောင်မည်မဟုတ်ကြောင်း၊ ယနေ့ခေတ်ကမ္ဘာကြီးတွင် မငြိမ်မသက်မှုများ မကြာခဏဖြစ်ပွားနေခြင်းသည် အချို့နိုင်ငံများက ကုလသမဂ္ဂပဋိညာဉ်စာတမ်းကို သင့်လျော်သည့်အခါတွင် အသုံးပြုပြီး ၎င်းတို့နှင့် ကိုက်ညီမှုမရှိသည့်အခါတွင် စွန့်ပယ်ခဲ့ကြသောကြောင့် ဖြစ်ကြောင်း၊ ကုလသမဂ္ဂမရှိသော ကမ္ဘာကြီးသည် ကြီးနိုင်ငယ်ညှဉ်း တောရိုင်းသဘာဝစည်းမျဉ်းသို့ နောက်ပြန်လှည့်သွားမည်ဖြစ်ပြီး မီးပွိုင့်မရှိသော လမ်းဆုံသကဲ့သို့ ထင်ရာစိုင်း တဇွတ်ထိုးမောင်းနှင်မှု၊ မတော်တဆဖြစ်မှုများမှာ ပုံမှန်အခြေအနေဖြစ်လာမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
စဉ်ဆက်မပြတ်ဖြစ်ပေါ်နေသော ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရချိန်တွင် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ စီမံခန့်ခွဲမှု လိုအပ်ချက်ကြီးလေးခုသည် အဆက်မပြတ် ဆိုးရွားလာရာ ကုလသမဂ္ဂ၏ဖွံ့ဖြိုးတိုးတက်ရေးသည် သမိုင်း၏ လမ်းဆုံလမ်းခွသို့ ရောက်ရှိလာခဲ့ကြောင်း၊ ဤနောက်ခံခြေအနေအောက်တွင် တာဝန်ယူမှုရှိသော နိုင်ငံကြီးတစ်ခုအနေဖြင့် တရုတ်နိုင်ငံက ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အစီအမံ(GDI)၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အစီအမံ (GSI)၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှု အစီအမံ (GCI)နှင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) တို့ကို အဆိုပြုခြင်းမှာ စစ်မှန်သော နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါကို ပိုမိုကောင်းမွန်စွာ ထိန်းသိမ်း၍ လက်တွေ့ကျင့်သုံးရန်၊ ပိုမိုတရားမျှတ၍ ကျိုးကြောင်းဆီလျော်သော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲရေး စနစ်ဖွဲ့စည်းတည်ဆောက်ရေးကို မြှင့်တင်ရန် ဖြစ်ကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီး လေးရပ်နှင့် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၏ ရည်ရွယ်ချက်နှင့် စည်းမျဉ်းများသည် အသက်သွေးကြောချင်း ဆက်စပ်လျက်ရှိပြီး ဖွံ့ဖြိုးတိုးတက်ရေးဖြင့် စည်ပင်သာယာမှုကို မြှင့်တင်သော၊ လုံခြုံရေးဖြင့် တည်ငြိမ်မှုကို အာမခံသော၊ ယဉ်ကျေးမှုဖြင့် အပြန်အလှန်ယုံကြည်မှုကို တိုးပွားစေသော၊ စီမံခန့်ခွဲမှုဖြင့် တရားမျှတမှုကို ရှာဖွေသော သက်ဝင်ထင်ရှားသည့် အခြေအနေတစ်ရပ်ဖြစ်ပေါ်လာစေကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။
နိုင်ငံတကာ အခြေအနေ မည်သို့ပင် ပြောင်းလဲစေကာမူ တရုတ်နိုင်ငံသည် ကုလသမဂ္ဂအား ဗဟိုပြုသော နိုင်ငံတကာ စနစ်၊ နိုင်ငံတကာဥပဒေကို အခြေခံသော နိုင်ငံတကာ စည်းစနစ်၊ ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏ ရည်ရွယ်ချက်နှင့် အခြေခံမူများကို အခြေခံသော နိုင်ငံတကာ ဆက်ဆံရေး အခြေခံစံနှုန်းများကို အခိုင်အမာ ထိန်းသိမ်းထားပြီး နိုင်ငံအသီးသီးနှင့်အတူ တန်းတူညီမျှ၍ စနစ်တကျဖြစ်သော ကမ္ဘာဗဟုဝင်ရိုးအသွင်ပြောင်းလဲရေးနှင့် အများအကျိုးပြု၍ အားလုံးပါဝင်နိုင်သော စီးပွားရေး ကမ္ဘာလုံးဆိုင်ရာ အသွင်ပြောင်းလဲရေးကို လက်တွဲ၍ တွန်းအားပေးဆောင်ရွက်ကာ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း ဖွဲ့စည်းတည်ဆောက်ရေး ရည်မှန်းချက်ဆီသို့ အတူတကွကြိုးစားလျှောက်လှမ်းသွားမည်ဖြစ်ကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။ (Xinhua)
………………………………
(Chinese Version)
外交部:联合国宪章宗旨和原则是践行国际法治的“规矩”
新华社北京10月23日电(记者邵艺博、许可)外交部发言人郭嘉昆23日表示,联合国宪章宗旨和原则构成国际法的基础,是践行国际法治的“规矩”。中国坚定维护以联合国为核心的国际体系、以国际法为基础的国际秩序、以联合国宪章宗旨和原则为基础的国际关系基本准则。
当日例行记者会上,有记者问:10月24日是联合国日,也是《联合国宪章》生效80周年纪念日。面对动荡不安的世界,绝大多数国家都呼吁要继续捍卫联合国地位,强化联合国作用。但同时国际上也有一些质疑之声,称联合国“失效”、国际法“失灵”、多边主义“失能”,甚至称“联合国已经失败”。请问发言人对此有何评论?
郭嘉昆说,联合国是当今世界最具普遍性、代表性和权威性的政府间国际组织,80年来为维护和平、促进发展、改善民生发挥了不可替代的作用。在联合国,国家不分大小强弱,都是平等一员,拥有同等的发声机会,能够公平参与国际规则谈判、共享可持续发展成果。
他表示,联合国宪章宗旨和原则构成国际法的基础,是践行国际法治的“规矩”。没有规矩,不成方圆。当今世界乱象频出,正是由于个别国家对联合国宪章合则用、不合则弃。一个没有联合国的世界,将退回到弱肉强食的丛林,犹如没有红绿灯的路口,横冲直撞、事故频发将成为常态。
郭嘉昆说,面对层出不穷的全球性挑战,不断加重的和平、发展、安全、治理四大赤字,联合国发展走到了历史的十字路口。在此背景下,中国作为负责任大国,提出全球发展倡议、全球安全倡议、全球文明倡议和全球治理倡议,就是为了更好维护和践行真正的多边主义,推动构建更加公正合理的全球治理体系。四大全球倡议与联合国宪章宗旨和原则一脉相承,形成以发展促繁荣、以安全保稳定、以文明增互信、以治理求公正的有机整体。
郭嘉昆表示,无论国际形势如何变化,中国坚定维护以联合国为核心的国际体系、以国际法为基础的国际秩序、以联合国宪章宗旨和原则为基础的国际关系基本准则,同各国一道,携手推进平等有序的世界多极化和普惠包容的经济全球化,共同朝着构建人类命运共同体的目标砥砺前行。(完)
