Connect with us

China

ရေလက်ကြားနှစ်ဖက်ဒေသ ဆက်ဆံရေး အခြေအနေအသစ် ပညာရပ်ဆိုင်ရာဆွေးနွေးပွဲနှင့် ချင်းဟွာတက္ကသိုလ်၏ ရေလက်ကြားနှစ်ဖက်ဒေသဖိုရမ်ကို ပေကျင်းမြို့၌ ကျင်းပ

ရေလက်ကြားနှစ်ဖက်ဒေသဆက်ဆံရေး အခြေအနေအသစ် ပညာရပ်ဆိုင်ရာဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

ရေလက်ကြားနှစ်ဖက်ဒေသ ဆက်ဆံရေး အခြေအနေအသစ် ပညာရပ်ဆိုင်ရာဆွေးနွေးပွဲနှင့် ချင်းဟွာတက္ကသိုလ်၏ ရေလက်ကြားနှစ်ဖက်ဒေသဖိုရမ်ကို တရုတ်နိုင်ငံ ပေကျင်းမြို့၌ အောက်တိုဘာ ၂၃ ရက်တွင် ကျင်းပခဲ့သည်။

အခမ်းအနားတက်ရောက်လာကြသော ပညာရှင်များက လက်ရှိ ရေလက်ကြားနှစ်ဖက်ဒေသတွင် ပေါင်းစည်းဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်မြင့်တက်လာပြီး လူပုဂ္ဂိုလ်များ ကူးလူးသွားလာမှု ပိုမိုနီးကပ်လာကာ ကျွန်းပေါ်ရှိ ပြည်သူများ၏ ပြည်မကြီးသို့ သွားရောက်၍ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန် ဆန္ဒမှာ ပိုမိုပြင်းပြလာသည့် အခြေအနေသစ်တစ်ရပ် ပေါ်ပေါက်လျက်ရှိကြောင်း ယူဆကြသည်။ ရေလက်ကြားနှစ်ဖက်ဒေသ မွေးချင်းများအနေဖြင့် ပေါင်းစည်းဖွံ့ဖြိုးတိုးတက်မှု“ ဗဟိုချက်သို့ဦးတည်သောစိတ်ဓာတ်အင်အား” ကို အဆက်မပြတ်အားကောင်းစေပြီး “ထိုင်ဝမ် သီးခြားခွဲထွက်ရေး” အား ဆန့်ကျင်ရန်၊ “ထိုင်ဝမ် သီးခြားခွဲထွက်ရေး” ကို တားဆီးရန် ယုံကြည်ချက်ကို အခိုင်အမာထားရှိကာ ရေလက်ကြားနှစ်ဖက်ဒေသ ဆက်ဆံရေး ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပေါင်းစည်းရေးကိုတွန်းအားပေးသော ပြည်သူ့ဆန္ဒအခြေခံအုတ်မြစ်ကို နက်ရှိုင်းစွာပျိုးထောင်သွားသင့်ကြောင်း ယူဆပေသည်။ (Xinhua)

တရုတ်နိုင်ငံ ချင်းဟွာတက္ကသိုလ် ပါတီကော်မတီ ဒုတိယအတွင်းရေးမှူး၊ ကျောင်းရေးရာကော်မတီ ဒုတိယညွှန်ကြားရေးမှူး ကော့ရုန်က ရေလက်ကြားနှစ်ဖက်ဒေသဆက်ဆံရေး အခြေအနေအသစ် ပညာရပ်ဆိုင်ရာဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် အမှာစကားပြောကြားနေသည်ကို အောက်တိုဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………..
(Chinese Version)
两岸关系新形势学术研讨会暨清华两岸论坛在京举行
新华社照片,北京,2025年10月23日
10月23日,两岸关系新形势学术研讨会暨清华两岸论坛在清华大学举行。与会学者认为,当前两岸呈现融合发展增添动能,人员往来更为密切,岛内民众赴大陆发展意愿更趋强烈的新态势。两岸同胞应不断增强融合发展“向心力”,坚定反“独”遏“独”信心,继续厚植两岸关系和平发展与推进统一的民意基础。
图说1:10月23日拍摄的研讨会开幕式。 新华社记者 陈晔华 摄
图说2:10月23日,清华大学党委副书记、校务委员会副主任过勇在研讨会开幕式上致辞。新华社记者 陈晔华 摄

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.