China
အတူတည်ဆောက်မှု၊ အတူမျှဝေခံစားမှု၊ အတူတကွ ဆန်းသစ်တီထွင်မှု- တရုတ်နိုင်ငံ အဆိုပြုသော သတ္တုတွင်းလုပ်ငန်းဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု အစီအမံ
ထျန်းကျင်း၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)
“အပြန်အလှန်ပေါင်းစည်းချိတ်ဆက်၍ အတူတည်ဆောက်၊ အတူမျှဝေခံစားခြင်း” ဟူသော ခေါင်းစဉ်ဖြင့် ၂၀၂၅ ခုနှစ် တရုတ်နိုင်ငံ နိုင်ငံတကာသတ္တုတွင်းလုပ်ငန်းဆိုင်ရာ ညီလာခံကို အောက်တိုဘာ ၂၃ ရက်တွင် တရုတ်နိုင်ငံ ထျန်းကျင်းမြို့၌ ဖွင့်လှစ်ကျင်းပခဲ့သည်။ သဘာဝအရင်းအမြစ်ရေးရာဝန်ကြီးဌာနမှ အစီအမံ ၃ ရပ်အဆိုပြု၍ သတ္တုတွင်းလုပ်ငန်းဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုး မြှင့်တင်ကာ ကမ္ဘာလုံးဆိုင်ရာ သတ္တုတွင်းလုပ်ငန်း အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးခဲ့ကြောင်း သတင်းထောက်က အဆိုပါညီလာခံမှ သိရှိခဲ့သည်။
လက်ရှိတွင် ထွန်းသစ်စ စက်မှုလုပ်ငန်း၏ သတ္တုအရင်းအမြစ်များ လိုအပ်မှုမှာ လျင်မြန်စွာ တိုးတက်လာပြီး ကမ္ဘာလုံးဆိုင်ရာ သတ္တုတွင်းလုပ်ငန်းမှာ အရှိန်မြင့် အသွင်ပြောင်းလဲသည့် အရေးကြီးကာလတွင် ရောက်ရှိနေရာ သတ္တုတွင်းလုပ်ငန်းကဏ္ဍအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးအခွင့်အလမ်းသစ်များကို ဆုပ်ကိုင်နိုင်ရန်၊ ပူးပေါင်းဆောင်ရွက်မှု စာမျက်နှာအသစ်သို့ တိုးချဲ့နိုင်ရန် မျှော်လင့်လျက်ရှိသည်။ သဘာဝအရင်းအမြစ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ တရုတ်ဘူမိဗေဒစစ်တမ်းရေးရာဌာန အကြီးအကဲ ရွှီတာ့ချွမ်က သဘာဝအရင်းအမြစ်ရေးရာဝန်ကြီးဌာနကို ကိုယ်စားပြုကာ ညီလာခံတွင် အစီအမံ ၃ ရပ် အဆိုပြုခဲ့သည်။ ယင်းတို့မှာ-
ပထမအချက်အနေဖြင့် ဆန်းသစ်တီထွင်မှုဂေဟ အတူတကွတည်ဆောက်ကာ သတ္တုတွင်းလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းအားသစ်များ ပံ့ပိုးပေးခြင်း ဖြစ်သည်။ သတ္တုတွင်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဂေဟပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေး ထိရောက်စွာ ဟန်ချက်ညီဆောင်ရွက်မှုကို မြှင့်တင်ကာ ထွန်းသစ်စနည်းပညာ၏ ဆန်းသစ်တီထွင်မှုနှင့် အသုံးချမှုကို တစ်ဆင့်တိုး တွန်းအားပေးဆောင်ရွက်၍ ဒစ်ဂျစ်တယ်စမတ်အသွင်ပြောင်းရေးကို အရှိန်မြှင့်ပြီး သတ္တုတွင်းလုပ်ငန်း မြင့်မားသောထိရောက်မှု၊ ဉာဏ်ရည်၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်ခြင်း ဖြစ်သည်။
ဒုတိယအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များကို အတူမျှဝေခံစားကာ သတ္တုတွင်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုံစံအသစ် ပံ့ပိုးပေးခြင်း ဖြစ်သည်။ သတ္တုတွင်းလုပ်ငန်း ကုမ္ပဏီများအနေဖြင့် လူမှုအကျိုးပြုလုပ်ငန်းများ တာဝန်ယူဆောင်ရွက်ခြင်း (CSR) ကို တက်ကြွစွာ လက်တွေ့လုပ်ဆောင်ရန်၊ သတ္တုပစ္စည်း ကုန်ချောထုတ်လုပ်ရေးလုပ်ငန်းကွင်းဆက်ကို တိုးချဲ့ရန်၊ ပိုမိုများပြားသော အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးရန်၊ ဂေဟပတ်ဝန်းကျင် မွမ်းမံစီမံခန့်ခွဲမှုကို အားကောင်းစေရန်၊ သတ္တုထုတ်လုပ်မှုအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ အတူမျှဝေခံစားမှု အဆင့်ကို အဆက်မပြတ် မြှင့်တင်ရန် အားပေးခြင်း ဖြစ်သည်။
တတိယအနေဖြင့် တံခါးဖွင့်လှစ်မှုရှိသော အခင်းအကျင်း အတူတကွဖန်တီးကာ သတ္တုတွင်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းအသစ်များ ပံ့ပိုးပေးခြင်း ဖြစ်သည်။ နိုင်ငံအသီးသီး၏ သတ္တုတွင်းလုပ်ငန်း မူဝါဒ၊ လုပ်ငန်းဆိုင်ရာ စံချိန်စံညွှန်းများ၊ နည်းပညာသတ်မှတ်ချက်များ စသည့် အပြန်အလှန် ချိတ်ဆက်အသိအမှတ်ပြုမှုကို တွန်းအားပေးကာ အခြေခံအဆောက်အအုံ အပြန်အလှန် ချိတ်ဆက်မှု အဆင့်ကို အဆက်မပြတ် မြှင့်တင်လျက် ပိုမိုများပြားသော လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများ လုပ်ဆောင်ပြီး အပြန်အလှန်အကျိုးပြု၍ ဘုံအကျိုးစီးပွားဖော်ဆောင်ရေးနှင့် အတူတကွ စည်ပင်သာယာရေးကို မြှင့်တင်ဆောင်ရွက်ခြင်း ဖြစ်သည်။
မကြာသေးမီနှစ်များတွင် တရုတ်နိုင်ငံသည် စွမ်းအင်အရင်းအမြစ်ဆိုင်ရာ နိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆက်သွယ်မှုကို တက်ကြွစွာ ထိန်းသိမ်းထားပြီး တရုတ်နိုင်ငံ နိုင်ငံတကာ သတ္တုတွင်းလုပ်ငန်းဆိုင်ရာညီလာခံ စသည့် နိုင်ငံတကာဖလှယ်ရေးပလက်ဖောင်းများမှတစ်ဆင့် ဘူမိဗေဒနှင့်သတ္တုထုတ်လုပ်ရေး ကဏ္ဍ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ကာ ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးကို ပိုမိုခိုင်မာစေကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စျေးကွက်ဝင်ရောက်ခွင့်ကို ဖြေလျှော့ပေးခြင်း၊ သတ္တုတွင်းလုပ်ငန်းကဏ္ဍ၏ ပြင်ပသို့ တံခါးဖွင့်လှစ်မှုအဆင့်ကို အဆက်မပြတ်မြင့်မားလာစေခြင်းတို့ဖြင့် ကမ္ဘာလုံးဆိုင်ရာသတ္တုတွင်းစျေးကွက် စည်ပင်ဖွံ့ဖြိုးရေးကို မြှင့်တင်ပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ် တရုတ်နိုင်ငံ နိုင်ငံတကာ သတ္တုတွင်းလုပ်ငန်းဆိုင်ရာ ညီလာခံကို သဘာဝအရင်းအမြစ်ရေးရာဝန်ကြီးဌာန၊ ထျန်းကျန်းမြို့ ပြည်သူ့အစိုးရတို့က လမ်းညွှန်ပေးပြီး တရုတ်နိုင်ငံ သတ္တုတွင်းအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပကာ ပြည်တွင်းပြည်ပ ပညာရှင် တစ်သောင်းနီးပါး တက်ရောက် ပါဝင်ပြသခဲ့ကြသည်။ (Xinhua)

သတ္တုတူးဖော်ရေး စက်ယန္တရားနှင့် ပစ္စည်းကိရိယာပြပွဲတွင် တက်ရောက်သူတစ်ဦးက အဝေးထိန်း မြေတူးစက်များကို ကိုယ်တိုင်စမ်းသပ်လုပ်ဆောင်နေသည်ကို အောက်တိုဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


………………………….
(Chinese Version)
共建共享共创 我国提出矿业国际合作倡议
新华社天津10月23日电(记者徐思钰)23日,以“互融互通 共建共享”为主题的2025中国国际矿业大会在天津开幕。记者从会上获悉,自然资源部提出三点倡议,进一步推动矿业国际合作,推动全球矿业高质量发展。
当前,新兴产业对矿产资源需求快速增长,全球矿业正处于加速转型的关键时期,矿业领域期盼把握发展新机遇、拓展合作新篇章。自然资源部副部长、中国地质调查局局长许大纯代表自然资源部在会上提出三点倡议:
一是共建创新生态,为矿业发展提供新动能。促进矿业开发与生态环境保护有效协同,进一步推动新兴技术的创新和应用,加快数智化转型,实现矿业高效、智能、可持续发展。
二是共享发展成果,为矿业发展提供新模式。鼓励矿业企业积极践行社会责任,延伸矿产品加工产业链,创造更多就业机会,加强生态修复治理,不断提高矿产资源开发成果共享水平。
三是共创开放格局,为矿业发展提供新机遇。推动各国矿业政策、行业标准、技术规范等对接互认,不断提升基础设施互联互通水平,开展更多务实合作项目,推动互利共赢和共同繁荣。
近年来,我国积极保持与有关能源资源国家、国际组织的联系,通过中国国际矿业大会等国际交流平台,推进地质矿产领域务实合作,进一步夯实友好合作关系;放宽外资市场准入,矿业领域对外开放水平不断提高,促进全球矿业市场繁荣。
2025中国国际矿业大会由自然资源部、天津市人民政府指导,中国矿业联合会主办,来自海内外近万名专业人士参会参展。(完)
图说1:10月23日拍摄的2025中国国际矿业大会开幕式现场。新华社记者 李然 摄
图说2:10月23日,参会者在矿山机械装备博览会上体验远控挖机。新华社记者 李然 摄
