China
ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းတည်ငြိမ်ရေး ထိန်းသိမ်းကာကွယ်ရန် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို မဖြစ်မနေ လက်ကိုင်ထားရမည်ဖြစ်သလို “ထိုင်ဝမ်ခွဲထွက်ရေး” ကို မဖြစ်မနေ ပြတ်ပြတ်သားသား ဆန့်ကျင်ရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား
ပေကျင်း၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)
လက်ရှိ ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းတည်ငြိမ်ရေး၏ အကြီးဆုံး ခြိမ်းခြောက်မှုမှာ “ထိုင်ဝမ်ခွဲထွက်ရေး” လုပ်ရပ်များနှင့် ပြင်ပအင်အားစုများ၏ ထင်သလိုလိုက်လျော ထောက်ခံမှုများဖြစ်ကြောင်း၊ ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းတည်ငြိမ်ရေး ထိန်းသိမ်းကာကွယ်ရန် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို မဖြစ်မနေ လက်ကိုင်ထားရမည်ဖြစ်သလို “ထိုင်ဝမ်ခွဲထွက်ရေး” ကို မဖြစ်မနေ ပြတ်ပြတ်သားသား ဆန့်ကျင်ရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ကောကျားခွန်းက အောက်တိုဘာ ၂၄ ရက် သက်ဆိုင်ရာမေးမြန်းမှုများကို ဖြေကြားရာတွင် ထောက်ပြခဲ့သည်။
ရိုက်တာသတင်းဌာန၏ သတင်းဖော်ပြမှုအရ ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Wadephul က အဆိုပါသတင်းဌာန၏ မေးမြန်းခန်းတစ်ခုတွင် ဂျာမနီအစိုးရ၏ တရုတ်တစ်နိုင်ငံတည်းမူဝါဒကို လက်ကိုင်ထားခြင်းဆိုင်ရာ ရပ်တည်ချက်မှာ ပြောင်းလဲမှုမရှိသော်လည်း မူဝါဒ၏ တိကျသော လက်တွေ့ဖော်ဆောင်မှုများကို ၎င်း ကိုယ်တိုင်ဆုံးဖြတ်မည်ဖြစ်ပြီး ထိုင်ဝမ်ရေလက်ကြားရှိ လက်ရှိအခြေအနေကို အင်အားသုံး၍ ပြောင်းလဲခြင်းကို ထောက်ခံမည်မဟုတ်ဟု ပြောကြားခဲ့ရာ တရုတ်နိုင်ငံအနေဖြင့် ယင်းအပေါ် မည်သို့ မှတ်ချက်ပြုလိုပါသနည်း ဟူ၍ သတင်းထောက်တစ်ဦးက ထိုနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းခဲ့ခြင်းဖြစ်သည်။
ကမ္ဘာပေါ်တွင် တရုတ်နိုင်ငံသည် တစ်နိုင်ငံတည်းသာရှိပြီး ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ တစ်စိတ်တစ်ဒေသဖြစ်ကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရသည် တရုတ်တစ်နိုင်ငံလုံးကို ကိုယ်စားပြုသည့် တစ်ခုတည်းသော တရားဝင်အစိုးရဖြစ်ကြောင်း၊ ယင်းမှာ တရုတ်တစ်နိုင်ငံတည်းမူဝါဒ၏ အပြည့်စုံဆုံး၊ အတိကျဆုံးသော ဖော်ပြချက်ဖြစ်သလို တစ်ခုတည်းသော ဖော်ပြချက်လည်းဖြစ်ရာ “စိတ်ကြိုက်သတ်မှတ်ရန်” အတွက် မည်သည့် အကြောင်းပြချက်နှင့် အလားအလာမရှိကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။
လက်ရှိ ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းတည်ငြိမ်ရေး၏ အကြီးဆုံး ခြိမ်းခြောက်မှုမှာ “ထိုင်ဝမ်ခွဲထွက်ရေး” လုပ်ရပ်များနှင့် ပြင်ပအင်အားစုများ၏ ထင်သလို ပံ့ပိုးကူညီမှုများဖြစ်ရာ ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းတည်ငြိမ်ရေး ထိန်းသိမ်းကာကွယ်ရန် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို မဖြစ်မနေ လက်ကိုင်ထားရမည်ဖြစ်သလို “ထိုင်ဝမ်ခွဲထွက်ရေး” ကို မဖြစ်မနေ ပြတ်ပြတ်သားသား ဆန့်ကျင်ရမည်ဖြစ်ကြောင်း၊ ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းတည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်ရန်သာ ပြောပြီး “ထိုင်ဝမ်ခွဲထွက်ရေး” ကို ဆန့်ကျင်ရန် မပြောပါက ယင်းမှာ အမှန်စင်စစ်အားဖြင့် “ထိုင်ဝမ်ခွဲထွက်ရေး” လှုပ်ရှားမှုများအပေါ် ထင်သလိုလိုက်လျော ထောက်ခံခြင်းဖြစ်ရာ ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းတည်ငြိမ်ရေးအပေါ် ပြင်းထန်သော ရိုက်ခတ်မှုများဖြစ်ပေါ်စေမည်ဖြစ်ကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။
“ဂျာမနီအနေနဲ့ တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာ လက်ကိုင်ထားပြီး “ထိုင်ဝမ်ခွဲထွက်ရေး” လုပ်ရပ်အားလုံးကို ပြတ်ပြတ်သားသား ဆန့်ကျင်ဖို့ မျှော်လင့်ပါတယ်” ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။ (Xinhua)
………………..
(Chinese Version)
外交部:维护台海和平稳定就必须坚持一个中国原则,必须明确反对“台独”
新华社北京10月24日电(记者马卓言、董雪)外交部发言人郭嘉昆24日在回答有关提问时指出,当前台海和平稳定的最大威胁是“台独”分裂行径和外部势力的纵容支持,维护台海和平稳定就必须坚持一个中国原则,必须明确反对“台独”。
当日例行记者会上,有记者问:据路透社报道,德国外长瓦德富尔接受该社采访时表示,德政府坚持一中政策的立场没有改变,但将自行决定政策的具体实施,不支持以武力改变台海现状。中方对此有何评论?
郭嘉昆表示,世界上只有一个中国,台湾是中国的一部分,中华人民共和国政府是代表全中国的唯一合法政府。这是一个中国原则最完整、最准确的表述,也是唯一的表述,没有任何“自定义”的理由和空间。
郭嘉昆指出,当前台海和平稳定的最大威胁是“台独”分裂行径和外部势力的纵容支持,维护台海和平稳定就必须坚持一个中国原则,必须明确反对“台独”。只说维护台海现状,却不说反对“台独”,这实质上是对“台独”活动的纵容支持,将对台海和平稳定造成严重冲击。
“希望德方严格恪守一个中国原则,旗帜鲜明反对任何‘台独’分裂行径。”郭嘉昆说。(完)
