China
သမ္မတ ရှီကျင့်ဖိန်၏ နိုင်ငံတော်ခရီးစဉ်ဆိုင်ရာ အစီအစဉ်များနှင့် တရုတ်နိုင်ငံ၏ မျှော်မှန်းချက်များကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန မိတ်ဆက်ပြောကြား
ပေကျင်း၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကိုရီးယားသမ္မတနိုင်ငံ (တောင်ကိုရီးယားနိုင်ငံ) သမ္မတ လီဂျေမြောင်၏ ဖိတ်ကြားချက်အရ အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ တောင်ကိုရီးယားနိုင်ငံ ဂယောင်းဂျူမြို့သို့ သွားရောက်၍ (၃၂) ကြိမ်မြောက် အာရှပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေး တက်ရောက်ပြီး တောင်ကိုရီးယားနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် သွားရောက်မည်ဖြစ်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက အောက်တိုဘာ ၂၄ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သက်ဆိုင်ရာ အစီအစဉ်များနှင့် တရုတ်နိုင်ငံ၏ မျှော်မှန်းချက်များကို မိတ်ဆက်ပြောကြားခဲ့သည်။
APEC သည် အာရှပစိဖိတ်ဒေသ အရေးပါဆုံးဖြစ်သော စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ယန္တရားဖြစ်ကြောင်း၊ သမ္မတ ရှီကျင့်ဖိန်က ယခုနှစ် APEC ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေးတက်ရောက်ခြင်းသည် တရုတ်နိုင်ငံ၏ အာရှပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအပေါ် အထူးအလေးထားမှုကို ပြသခဲ့ကြောင်း၊ သမ္မတ ရှီကျင့်ဖိန်သည် အစည်းအဝေးတွင် အရေးကြီးမိန့်ခွန်းပြောကြားမည်ဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံ့ခေါင်းဆောင်များနှင့် နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံအသီးသီးနှင့်အတူ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအား တွန်းအားပေးဆောင်ရွက်ရန်၊ အာရှ-ပစိဖိတ် စီးပွားရေး တိုးတက်မှုအတွက် ပံ့ပိုးကူညီမှုများ မြှင့်တင်ပေးရန်၊ အာရှ-ပစိဖိတ် အေးအတူပူအမျှအသိုက်အဝန်း အတူလက်တွဲ ဖွဲ့စည်းတည်ဆောက်ရန် ဆန္ဒရှိကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။
တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံသည် အိမ်နီးချင်းနှင့် ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် တရုတ်-တောင်ကိုရီးယားဆက်ဆံရေးကို အလေးထားပြီး တောင်ကိုရီးယားနိုင်ငံအပေါ် မူဝါဒများသည် တည်ငြိမ်မှုနှင့် စဉ်ဆက်မပြတ်မှုကို ထိန်းသိမ်းထားကြောင်း၊ ယခုအကြိမ် နိုင်ငံတော်ခရီးစဉ်သည် သမ္မတ ရှီကျင့်ဖိန်၏ ၁၁ နှစ်ကြာပြီးနောက် တောင်ကိုရီးယားသို့ ထပ်မံ၍ နိုင်ငံတော်ခရီးသွားရောက်ခြင်းဖြစ်သလို သမ္မတ လီဂျေမြောင် ရာထူးတာဝန်ထမ်းဆောင်ပြီးနောက် တရုတ်-တောင်ကိုရီးယား နိုင်ငံခေါင်းဆောင်များ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးမှုလည်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် တောင်ကိုရီးယားနိုင်ငံနှင့်အတူ သံတမန်ဆက်ဆံရေးထူထောင်ခြင်း မူလရည်ရွယ်ချက်ကို အခိုင်အမာလက်ကိုင်ထားပြီး အိမ်နီးချင်း ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် အကျိုးဖြစ်ထွန်း၍ ဘုံအကျိုးစီးပွားဖော်ဆောင်မှုတို့ ထိန်းသိမ်းကာ တရုတ်-တောင်ကိုရီးယား မဟာဗျူဟာပူးပေါင်းဆောင်ရွက်မှုဆက်ဆံရေး အဆက်မပြတ် ရှေ့သို့ ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။ (Xinhua)
……………….
(Chinese Version)
外交部发言人介绍习近平主席出访有关安排和中方期待
新华社北京10月24日电(记者董雪、马卓言)应大韩民国总统李在明邀请,国家主席习近平将于10月30日至11月1日赴韩国庆州出席亚太经合组织第三十二次领导人非正式会议并对韩国进行国事访问。外交部发言人郭嘉昆24日在例行记者会上介绍有关安排和中方期待。
郭嘉昆表示,亚太经合组织是亚太地区最重要的经济合作机制。习近平主席出席今年亚太经合组织领导人非正式会议,体现了中方对亚太区域经济合作的高度重视。习近平主席将在会上发表重要讲话,并同有关国家领导人双边会见。中方愿同各方一道努力,为推进亚太区域合作、促进亚太经济增长作出贡献,携手构建亚太命运共同体。
郭嘉昆说,中国和韩国是近邻和合作伙伴。中方重视中韩关系,对韩政策保持稳定性和连续性,此访是习近平主席时隔11年再次对韩国进行国事访问,也是李在明总统就任后中韩元首首次会晤。中方愿同韩方一道,坚守建交初心,坚持睦邻友好、互利共赢,推动中韩战略合作伙伴关系不断向前发展。(完)
图说:这是2024年12月31日在韩国庆州火车站前拍摄的亚太经合组织领导人非正式会议的宣传标语。新华社记者 姚琪琳 摄
