China
လီချန်နှင့် စင်ကာပူနိုင်ငံ ယာယီသမ္မတ Eddie Teo တွေ့ဆုံဆွေးနွေး
စင်ကာပူ၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် ဒေသစံတော်ချိန် အောက်တိုဘာ ၂၆ ရက်တွင် စင်ကာပူနိုင်ငံ သမ္မတအိမ်တော်၌ စင်ကာပူနိုင်ငံ ယာယီသမ္မတ Eddie Teo နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် လီချန်က ယနေ့ကမ္ဘာကြီးသည် လှုပ်ခတ်ပြောင်းလဲနေသော ကာလအသစ်သို့ ဝင်ရောက်နေရာ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများ ရောယှက်ပေါင်းစပ်လာကြောင်း၊ တရုတ်နှင့် စင်ကာပူတို့သည် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနှင့် အရေးကြီး ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်အနေဖြင့် ပိုမိုရင်းနှီးစွာ စည်းလုံးညီညွတ်၍ ညှိနှိုင်းပူးပေါင်းဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။
အနာဂတ်အား မျက်နှာမူ၍ တရုတ်နိုင်ငံသည် စင်ကာပူနိုင်ငံနှင့်အတူ အဆင့်မြင့်အလွှာ သွားလာဆက်ဆံမှုနှင့် မဟာဗျူဟာ ချိတ်ဆက်မှုကို မြှင့်တင်ကာ အပြန်အလှန်၏ ဗဟိုအကျိုးစီးပွားနှင့် အရေးကြီး ဂရုပြုမှုများကို ထောက်ခံအားပေးသွားလိုကြောင်း၊ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုအား နက်ရှိုင်းစေပြီး အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့သွားလိုကြောင်း၊ တရုတ်-စင်ကာပူဆက်ဆံရေး စဉ်ဆက်မပြတ် တည်ငြိမ်ကောင်းမွန်စွာ တိုးတက်လာရန် တွန်းအားပေးခြင်းဖြင့် နှစ်နိုင်ငံ၊ ဒေသတွင်းနှင့် တစ်ကမ္ဘာလုံးအား ပိုမိုကောင်းမွန်စွာ အကျိုးပြုသွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
မကြာသေးမီက ၂၀ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ စတုတ္ထအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးတွင် ၁၅ ကြိမ်မြောက် ၅ နှစ်စီမံကိန်း ရေးဆွဲမှုအကြံပြုချက်အား စိစစ်အတည်ပြုခဲ့ရာ တရုတ်-စင်ကာပူ အနာဂတ် ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးကြီးအခွင့်အလမ်းများ ပံ့ပိုးပေးလိုက်ကြောင်း လီချန်က ထောက်ပြပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် စင်ကာပူနိုင်ငံနှင့်အတူ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အလားအလာများကို ဖော်ထုတ်ပြီး ဒစ်ဂျစ်တယ်စီးပွားရေး၊ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု၊ ဉာဏ်ရည်တု (AI) စသည့် ထွန်းသစ်စကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ကာ ကိုယ်စီ၏ ခေတ်မီအသွင်ပြောင်းရေး လုပ်ငန်းစဉ်အတွက် ပိုမိုများပြားသော တွန်းအားများ ဖြည့်တင်းပေးလိုကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် စင်ကာပူ လုပ်ငန်းကုမ္ပဏီများစွာက တရုတ်နိုင်ငံ၏ ဈေးကွက်ကြီးတွင် ဆက်လက်နက်ရှိုင်းစွာ လုပ်ငန်းဖော်ဆောင်၍ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို မျှဝေခံစားရန် ကြိုဆိုကြောင်း၊ နှစ်ဖက်အနေဖြင့် ဖွံ့ဖြိုးတိုးတက်မှု အတွေ့အကြုံဖလှယ်မှုကို မြှင့်တင်ပြီး လူမှုယဉ်ကျေးမှုကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ ဖော်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် စင်ကာပူနိုင်ငံနှင့်အတူ နိုင်ငံစုံယန္တရားများတွင် ချိတ်ဆက်ညှိနှိုင်းမှုကို နီးကပ်စွာလုပ်ဆောင်ပြီး နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုဝါဒနှင့် လွတ်လပ်သောကုန်သွယ်ရေးကို အတူကာကွယ်ထိန်းသိမ်းကာ တန်းတူညီမျှ၍ စနစ်ကျသော ကမ္ဘာကြီး ဗဟုဝင်ရိုးအသွင်ပြောင်းမှု၊ ကျယ်ကျယ်ပြန့်ပြန့် အကျိုးပြု၍ အားလုံးပါဝင်သော စီးပွားရေး ကမ္ဘာလုံးဆိုင်ရာ အသွင်ပြောင်းမှုကို တွန်းအားပေးသွားလိုကြောင်း၊ တရုတ်နိုင်ငံအနေဖြင့်လည်း စင်ကာပူ စသည့် အာဆီယံနိုင်ငံများနှင့်အတူ တရုတ်-အာဆီယံ လွတ်လပ်သောကုန်သွယ်ရေးဇုန် ၃.၀ ဗားရှင်းအား ကောင်းမွန်စွာ တည်ဆောက်ပြီး ပိုမိုကြီးမားသော ဖွံ့ဖြိုးတိုးတက်မှုအား အတူလက်တွဲဖော်ဆောင်သွားရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
Eddie Teo က စင်ကာပူ-တရုတ် သွားလာမှုဆက်ဆံရေးသည် သမိုင်းကြောင်းကြာရှည်ပြီး ဆက်သွယ်မှုနီးကပ်ကြောင်း၊ ယခုနှစ်သည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၃၅ နှစ်ပြည့်ဖြစ်ရာ နှစ်ဖက်ဆက်ဆံရေးသည် အားကောင်းသော ဖွံ့ဖြိုးတိုးတက်မှု အလားအလာများရှိကြောင်း ပြောကြားခဲ့သည်။
၂၀ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ စတုတ္ထအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေး အောင်မြင်စွာ ကျင်းပမှုအတွက် စင်ကာပူနိုင်ငံမှ ဂုဏ်ပြုကြောင်း၊ တရုတ်နိုင်ငံ၏ ၁၅ ကြိမ်မြောက် ၅ နှစ်စီမံကိန်းသည် ဒေသတွင်းနှင့် တစ်ကမ္ဘာလုံးအား အကျိုးဖြစ်ထွန်းစေရန် မျှော်လင့်ကြောင်း၊ စင်ကာပူနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာချိတ်ဆက်မှုအား မြှင့်တင်ခြင်း၊ စီးပွားကုန်သွယ်ရေးနှင့် လူမှုယဉ်ကျေးမှု စသည့်ကဏ္ဍအသီးသီး၌ ပူးပေါင်းဖလှယ်မှုအား နီးကပ်စွာ လုပ်ဆောင်ခြင်း၊ အာဆီယံ-တရုတ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအား နက်ရှိုင်းစွာဖော်ဆောင်ခြင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ပြုပြင်ပြောင်းလဲမှုအား တွန်းအားပေးခြင်း၊ တံခါးဖွင့်လှစ်မှုပုံစံ ကမ္ဘာ့စီးပွားရေး တည်ဆောက်ခြင်းတို့အား လုပ်ဆောင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်နှင့် စင်ကာပူနိုင်ငံ ယာယီသမ္မတ Eddie Teo တို့ ဒေသစံတော်ချိန် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် စင်ကာပူနိုင်ငံ သမ္မတအိမ်တော်၌ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)
——————-
(Chinese Version)
李强会见新加坡代总统张赞成
新华社新加坡10月26日电(记者曹凯 刘春涛)当地时间10月26日,国务院总理李强在新加坡总统府会见新加坡代总统张赞成。
李强表示,当今世界进入新的动荡变革期,全球性挑战交织叠加,中新作为友好邻邦和重要合作伙伴,应当更加紧密地团结协作。面向未来,中方愿同新方加强高层交往和战略沟通,支持彼此核心利益和重大关切,深化政治互信,拓展互利合作,推动中新关系持续稳健发展,更好造福两国、地区乃至世界。
李强指出,前不久,中共二十届四中全会审议通过了“十五五”规划建议,为中新未来合作提供了重要机遇。中方愿同新方发掘经贸合作潜力,拓展数字经济、绿色发展、人工智能等新兴领域合作,为各自现代化进程增添更多动力。中方欢迎更多新加坡企业继续深耕中国大市场,分享发展大机遇。双方要增进发展经验交流,深化人文领域合作。中方愿同新方密切在多边机制的沟通协调,一道维护多边主义和自由贸易,推进平等有序的世界多极化、普惠包容的经济全球化。中方也愿同新加坡等东盟国家一道,建设好中国-东盟自贸区3.0版,携手实现更大发展。
张赞成表示,新中交往历史悠久、联系紧密,今年是两国建交35周年,双边关系发展势头强劲。新方祝贺中国共产党二十届四中全会胜利召开,期待中国的“十五五”规划惠及地区乃至世界,愿同中方加强发展战略对接,密切经贸、人文等各领域交流合作,深化东盟中国全面战略伙伴关系,推动世贸组织改革,建设开放型世界经济。(完)
图说:当地时间10月26日,国务院总理李强在新加坡总统府会见新加坡代总统张赞成。 新华社记者 高洁 摄
