China
ဦးတည်ချက်တူ လျှောက်လှမ်းပြီး တရုတ်-အမေရိကန် ကုန်သွယ်စီးပွားရေးအတွက် တည်ငြိမ်မှု ဖြည့်တင်းပေး
ပေကျင်း၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)
အသစ်တစ်ကြိမ် တရုတ်-အမေရိကန် ကုန်သွယ်စီးပွားရေး စေ့စပ်ညှိနှိုင်းမှုသည် အောက်တိုဘာ ၂၆ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပ ပြီးစီးခဲ့သည်။
ယခုအကြိမ် စေ့စပ်ညှိနှိုင်းမှုသည် နိုင်ငံတကာ အသိုင်းအဝိုင်း၏ အထူးဂရုပြုမှုခံခဲ့ရသည်။ နှစ်ဖက်သည် ယခုနှစ်မှစ၍ နှစ်နိုင်ငံ ခေါင်းဆောင်များ ဖုန်းခေါ်ဆိုမှုများမှ ရရှိထားသော သဘောတူညီမှုများကို လမ်းညွှန်မှုအဖြစ်ထားရှိကာ အမေရိကန်က တရုတ်နိုင်ငံ ပင်လယ်ရေကြောင်းကုန်စည်သယ်ယူပို့ဆောင်ရေးနှင့် သင်္ဘောတည်ဆောက်ရေးလုပ်ငန်းဆိုင်ရာ ၃၀၁ အစီအမံ၊ အလားတူ စည်းကြပ်ခွန် ရပ်ဆိုင်းကာလအား သက်တမ်းတိုးခြင်း၊ Fentanyl စည်းကြပ်ခွန်နှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှု၊ လယ်ယာထွက်ကုန်များ ကုန်သွယ်ရေး၊ ပို့ကုန်စီမံထိန်းချုပ်ရေး စသည့် နှစ်ဖက်၏ ဘုံဂရုပြုသော အရေးပါသည့် ကုန်သွယ်စီးပွားရေး ကိစ္စရပ်များအပေါ် ပွင့်လင်းရိုးသားသော၊ နက်ရှိုင်းသော၊ အပြုသဘောဆောင်မှု ကြွယ်ဝသော စေ့စပ်ညှိနှိုင်းဖလှယ်မှုများ ပြုလုပ်၍ ကိုယ်စီ စိုးရိမ်မှုများကို ဖြေရှင်းရန် စီစဉ်မှုများနှင့်ပတ်သက်၍ အခြေခံသဘောတူညီချက် ရရှိခဲ့သည်။ နှစ်ဖက်သည် တိကျသော အသေးစိတ်အချက်အလက်များကို တစ်ဆင့်တိုး အတည်ပြုပြီး ကိုယ်စီနိုင်ငံအတွင်းခွင့်ပြုချက် လုပ်ထုံးလုပ်နည်းများကို ဖော်ဆောင်သွားရန် သဘောတူညီခဲ့သည်။
နိုင်ငံခေါင်းဆောင်များ၏ သံတမန်ရေးသည် တရုတ်-အမေရိကန် ဆက်ဆံရေးအပေါ် အစားထိုး၍မရသော မဟာဗျူဟာ ဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ လွန်ခဲ့သော လအနည်းငယ်အတွင်း နှစ်နိုင်ငံခေါင်းဆောင်တို့၏ ဖုန်းဖြင့်ဆက်သွယ်မှုများမှ ရရှိခဲ့သော အရေးပါသည့် သဘောတူညီချက်များ လမ်းညွှန်မှုအောက်တွင် နှစ်ဖက် ကုန်သွယ်စီးပွားရေးအဖွဲ့များသည် စေ့စပ်ညှိနှိုင်းမှုများ ကြိမ်ဖန်များစွာ ကျင်းပခဲ့ကြပြီး အပြုသဘောဆောင်သော သဘောတူညီမှုများရရှိခဲ့ရာ တန်းတူညီမျှမှု၊ လေးစားမှုနှင့် အပြန်အလှန်အကျိုးပြုသော စိတ်ဓာတ်ကို ထင်ဟပ်စေခဲ့ကာ အမေရိကန်-တရုတ် ကုန်သွယ်ရေးဆက်ဆံရေးအား ကောင်းမွန် တည်ငြိမ်ပြီး စဉ်ဆက်မပြတ်ဖြစ်သော ဖွံ့ဖြိုးရေးလမ်းကြောင်းဆီသို့ ဦးတည်စေခဲ့သည်။ ယင်းက တရုတ်-အမေရိကန် ဤဧရာမသင်္ဘောကြီးနှစ်စင်း အတူတကွ ရှေ့ဆက်၍ လမ်းကြောင်းမှန်မှ မသွေဖည်ရန်၊ အရှိန်မပျက်ရန် သေချာစေလိုပါက နိုင်ငံတော်ခေါင်းဆောင်နှစ်ဦး၏ မဟာဗျူဟာမြောက် ဦးဆောင်မှုကို မယိမ်းမယိုင် ခိုင်ခိုင်မာမာ လက်ကိုင်ထားရမည်၊ နှစ်နိုင်ငံခေါင်းဆောင်များ၏ အရေးကြီးသဘောတူညီချက်များအား အတိအကျ အခိုင်အမာ အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း အပြည့်အဝ ဖော်ပြခဲ့သည်။
အမေရိကန်-တရုတ် ကုန်သွယ်စီးပွားရေး ဆက်ဆံရေး၏ အနှစ်သာရသည် အပြန်အလှန် အကျိုး ဖြစ်ထွန်း၍ ဘုံအကျိုးစီးပွားဖော်ဆောင်ခြင်းဖြစ်သည်။ နှစ်ဖက် ပူးပေါင်းဆောင်ရွက်ပါက နှစ်ဖက်လုံးအတွက် အကျိုးပြုမည်ဖြစ်ပြီး တိုက်ခိုက်ပါက နှစ်ဖက်စလုံး ထိခိုက်နစ်နာမည်ဖြစ်သည်။ အမေရိကန်နှင့် တရုတ်တို့သည် ကျယ်ပြန့်သော ဘုံအကျိုးစီးပွားများနှင့် ကြီးမားသော ပူးပေါင်းဆောင်ရွက်မှု အလားအလာများကို ပိုင်ဆိုင်ထားကြပြီး ကုန်သွယ်စီးပွားရေးကဏ္ဍတွင် အားသာချက်များ အပြန်အလှန်ဖြည့်ဆည်းပေးခြင်း၊ အပြန်အလှန် အကျိုးဖြစ်ထွန်း၍ ဘုံအကျိုးစီးပွားဖော်ဆောင်ခြင်း အခင်းအကျင်း ပေါ်ပေါက်လာခဲ့ပြီဖြစ်သည်။ ကမ္ဘာ့ထိပ်တန်း စီးပွားရေးအုပ်စုကြီး နှစ်ခုအနေဖြင့် အမေရိကန်နှင့် တရုတ်တို့သည် ကုန်သွယ်စီးပွားရေး ကူးလူးဆက်ဆံမှုတွင် အတိုင်းအတာ ကြီးမားမှု၊ အနှစ်သာရ ကြွယ်ဝမှု၊ လွှမ်းခြုံနိုင်စွမ်း ကျယ်ပြန့်မှု၊ အဓိကအုပ်စုများနှင့် ပါဝင်ပတ်သက်မှုမှာ စုံလင်မှုများရှိသဖြင့် သဘောထားကွဲလွဲချက်ရှိခြင်းသည် ပုံမှန်ပင် ဖြစ်သည်။ ကုန်သွယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများတွင် ပေါ်ပေါက်လာသည့် သဘောထားကွဲလွဲချက်များနှင့် ပဋိပက္ခများအတွက် နှစ်ဖက်လုံးသည် အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်ရေး အခြေခံမူများကို အခြေခံ၍ တန်းတူညီမျှသော ဆွေးနွေးညှိနှိုင်းမှုများမှတစ်ဆင့် နှစ်ဖက်လုံး စိုးရိမ်မှုများကို သင့်လျော်ကောင်းမွန်စွာ ဖြေရှင်းနိုင်မည့် နည်းလမ်းကို ရှာဖွေသင့်သည်။
တရုတ်-အမေရိကန် ကုန်သွယ်စီးပွားရေး ဆက်ဆံရေး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းကာကွယ်ခြင်းသည် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ ပြည်သူများ၏ အခြေခံ အကျိုးစီးပွားနှင့် ကိုက်ညီမှုရှိပြီး နိုင်ငံတကာ အသိုင်းအဝိုင်း၏ မျှော်လင့်ချက်နှင့်လည်း ကိုက်ညီမှုရှိသည်။ စည်းကြပ်ခွန်စစ်ပွဲ၊ ကုန်သွယ်ရေးစစ်ပွဲသည် မည်သည့်တစ်ဖက်၏ အကျိုးစီးပွားနှင့်မျှ ကိုက်ညီမှုမရှိဖြစ်ရာ တရုတ်နိုင်ငံသည် တာဝန်ယူမှုရှိသည့် သဘောထားကို အစဉ်အမြဲ လက်ကိုင်ထားကာ ဆွေးနွေးညှိနှိုင်းမှုတစ်ဆင့် အငြင်းပွားမှုများကို ဖြေရှင်းမည့် အခြေခံသဘောထားကို အခိုင်အမာ ထိန်းသိမ်းထားပြီး အမေရိကန်နှင့် ကုန်သွယ်စီးပွားရေး စေ့စပ်ညှိနှိုင်းမှုများ အကြိမ်ကြိမ်ပြုလုပ်ကာ နှစ်ဖက် ကုန်သွယ်စီးပွားရေး ဆက်ဆံရေး တည်ငြိမ်စေရန် ကြိုးစားသွားလျက်ရှိသည်။ ယခုအကြိမ် စေ့စပ်ညှိနှိုင်းရေးတွင် နှစ်ဖက်သည် နှစ်နိုင်ငံ ခေါင်းဆောင်တို့၏ မဟာဗျူဟာ ဦးဆောင်မှုအောက်၌ တရုတ်-အမေရိကန် ကုန်သွယ်စီးပွားရေး စေ့စပ်ညှိနှိုင်းမှု ယန္တရားအခန်းကဏ္ဍကို အပြည့်အဝ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်ဖက်က ကုန်သွယ်စီးပွားရေးကဏ္ဍ၌ ကိုယ်စီ၏ စိုးရိမ်ပူပန်မှုကိစ္စရပ်များတွင် နီးကပ်စွာ ဆွေးနွေးညှိနှိုင်းမှုကို ထိန်းသိမ်းကာ တရုတ်-အမေရိကန် ကုန်သွယ်စီးပွားရေး ဆက်ဆံရေး ကောင်းမွန် တည်ငြိမ်ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်သွား၍ နှစ်နိုင်ငံပြည်သူအား အကျိုးရှိစေလျက် ကမ္ဘာကြီး စည်ပင်သာယာရေးကို မြှင့်တင်သွားမည်ဟု နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြသည်။
တရုတ်နှင့်အမေရိကန်တို့သည် အပြန်အလှန် အောင်မြင်စေရန်၊ ဘုံသာယာဝပြောစေရန်၊ နှစ်နိုင်ငံ အကျိုး၊ ကမ္ဘာ့အကျိုး ဖြစ်ထွန်းစေရန် အပြည့်အဝ ဆောင်ရွက်နိုင်သည်။ တရုတ်-အမေရိကန် ကုန်သွယ်စီးပွားရေး စေ့စပ်ညှိနှိုင်းမှု ရလဒ်များသည် ခက်ခက်ခဲခဲရရှိခြင်းဖြစ်ရာ နှစ်ဖက်က အတူတကွ ကာကွယ်ထိန်းသိမ်းရန် လိုအပ်ပေသည်။ အမေရိကန်အနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ဦးတည်ချက်တူ လျှောက်လှမ်းပြီး နှစ်နိုင်ငံခေါင်းဆောင်တို့ ဖုန်းခေါ်ဆိုမှုများမှရရှိသောအရေးကြီး သဘောတူညီချက်နှင့် ယခုနှစ်အတွင်း ပြုလုပ်ခဲ့သော ကုန်သွယ်စီးပွားရေး စေ့စပ်ညှိနှိုင်းမှုများစွာ၏ ရလဒ်များကို အတူတကွ လက်တွေ့ ဖော်ဆောင်ကာ အပြန်အလှန်ယုံကြည်မှုများ စုဆောင်းခြင်း၊ သဘောထားကွဲပြားမှုများကို စီမံထိန်းချုပ်ခြင်းအား တစ်ဆင့်တိုးဆောင်ရွက်၍ အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့လျက် နှစ်ဖက် ကုန်သွယ်စီးပွားရေးဆက်ဆံရေးကို ပိုမိုမြင့်မားသောအဆင့်သို့ အဆက်မပြတ် တွန်းအားပေးသွားရန် မျှော်လင့်ရပေသည်။ (Xinhua)

ဆွေးနွေးပွဲမတိုင်မီ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းနှင့် အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Scott Bessent တို့ စုပေါင်းဓာတ်ပုံရိုက်ကူးနေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
…………………………..
(Chinese Version)
新华时评|相向而行,为中美经贸关系注入稳定性
新华社北京10月26日电 题:相向而行,为中美经贸关系注入稳定性
新华社记者樊宇
新一轮中美经贸磋商26日在马来西亚吉隆坡落下帷幕。本次磋商受到国际社会高度关注。双方以今年以来两国元首历次通话重要共识为引领,围绕美对华海事物流和造船业301措施、延长对等关税暂停期、芬太尼关税和执法合作、农产品贸易、出口管制等双方共同关心的重要经贸问题,进行了坦诚、深入、富有建设性的交流磋商,就解决各自关切的安排达成基本共识。双方同意进一步确定具体细节,并履行各自国内批准程序。
元首外交对中美关系发挥着不可替代的战略引领作用。过去几个月,正是在两国元首历次通话重要共识指引下,双方经贸团队举行多轮磋商,达成积极共识,体现了平等、尊重和互惠的精神,推动中美经贸关系朝着健康、稳定、可持续方向发展。这充分表明,确保中美这两艘巨轮共同前行,不偏航、不失速,就必须坚持两国元首的战略引领不动摇,坚持落实两国元首重要共识不打折扣。
中美经贸关系的本质是互利共赢,双方合则两利、斗则俱伤。中美拥有广泛的共同利益和广阔的合作空间,在经贸领域已形成优势互补、互利共赢的格局。中美作为全球前两大经济体,经贸交往规模庞大、内涵丰富、覆盖面广、涉及主体多元,存在分歧是正常的。对于在经贸合作中出现的分歧和摩擦,双方应本着相互尊重、和平共处、合作共赢的原则,通过平等对话协商,找到妥善解决彼此关切的办法。
维护中美经贸关系稳定发展,符合两国和两国人民的根本利益,也符合国际社会的期待。关税战、贸易战不符合任何一方的利益,中方始终本着负责任态度,坚持通过对话协商解决争议的基本立场,与美方开展多轮经贸磋商,努力稳定双边经贸关系。本次磋商,双方同意,将在两国元首战略引领下,充分发挥中美经贸磋商机制作用,就双方在经贸领域的各自关切保持密切沟通,推动中美经贸关系健康、稳定、可持续发展,造福两国人民,促进世界繁荣。
中美完全可以相互成就、共同繁荣,造福两国、惠及世界。中美经贸磋商成果来之不易,需要双方共同维护。希望美方与中方相向而行,共同落实好两国元首历次通话重要共识和今年以来历次经贸磋商成果,进一步积累互信、管控分歧,拓展互利合作,推动双边经贸关系不断迈向更高水平。(完)
图说1:这是10月24日在马来西亚吉隆坡拍摄的中美经贸磋商举办地默迪卡118大楼(无人机照片)。新华社记者 朱炜 摄
图说2:这是10月25日磋商前,中共中央政治局委员、国务院副总理何立峰与美国财政部长贝森特合影。 新华社记者 白雪骐 摄
