China
လီချန်နှင့် ဩစတြေးလျနိုင်ငံ ဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနီစီ တွေ့ဆုံဆွေးနွေး
ကွာလာလမ်ပူ၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ဩစတြေးလျနိုင်ငံ ဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနီစီနှင့် ဒေသစံတော်ချိန် အောက်တိုဘာ ၂၇ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် လီချန်က ယခုနှစ် ဇူလိုင်လတွင် သမ္မတ ရှီကျင့်ဖိန်နှင့် အဆွေတော် ဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေးခဲ့ရာ တရုတ်- ဩစတြေးလျ ဆက်ဆံရေး နက်ရှိုင်းစေရေးအတွက် အစီအစဉ်အသစ်များရေးဆွဲခဲ့ကြောင်း၊ လတ်တလောကာလတွင် နှစ်နိုင်ငံဆက်ဆံရေးသည် တက်ကြွကောင်းမွန်သော အရှိန်အဟုန် ဆက်လက်ဖြစ်ပေါ်နေပြီး ကဏ္ဍအသီးသီး ဖလှယ်မှု၊ ပူးပေါင်းဆောင်ရွက်မှုများသည် တည်ငြိမ်စွာ တိုးတက်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဩစတြေးလျနိုင်ငံနှင့်အတူ မဟာဗျူဟာ ညှိနှိုင်းဆွေးနွေးမှုများ ထိန်းသိမ်းထားကာ အပြန်အလှန်အကျိုးပြုသော ပူးပေါင်းဆောင်ရွက်မှုများ ချဲ့ထွင်ရန်၊ လက်တွဲ၍ ရှေ့သို့ ဆက်လက်လျှောက်လှမ်းရန်၊ ပိုမို ရင့်ကျက်တည်ငြိမ်သော၊ ရလဒ်ကြွယ်ဝသော တရုတ်- ဩစတြေးလျ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တည်ဆောက်ရန်၊ နှစ်နိုင်ငံပြည်သူများ ပိုမိုကောင်းမွန်စွာ အကျိုးပြုရန်၊ ဒေသတွင်းနှင့် ကမ္ဘာကြီး ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုကြီးမားသော ပံ့ပိုးကူညီမှုများ လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် သြစတြေးလျနိုင်ငံနှင့်အတူ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ ချိတ်ဆက်ခြင်း၊ မူဝါဒများ ညှိနှိုင်းဆောင်ရွက်ခြင်းများ အားကောင်းစေရန်၊ တရုတ်-သြစတြေးလျ မဟာဗျူဟာမြောက် စီးပွားရေးတွေ့ဆုံဆွေးနွေးခြင်း၊ စီးပွားရေး ပူးတွဲကော်မတီစသည့် ယန္တရားဆိုင်ရာ အပြန်အလှန်ဆွေးနွေးမှု အခန်းကဏ္ဍကို ပိုမိုကောင်းမွန်စွာ အသုံးချရန်၊ နှစ်နိုင်ငံ လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက် သုံးသပ်ဆွေးနွေးရေးနှင့်အဆင့်မြှင့်တင်ရေးအား တက်ကြွစွာ ဆွေးနွေး၍ တွန်းအားပေး လုပ်ဆောင်ရန်၊ ကုန်သွယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအား တစ်ဆင့်တိုး နက်ရှိုင်း ခိုင်မာလာစေရန်၊ အစိမ်းရောင် စီးပွားရေး၊ အဆင့်မြင့်နည်းပညာနှင့် ဒစ်ဂျစ်တယ်ထုတ်လုပ်ရေးလုပ်ငန်း စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု အလားအလာများကို ရှာဖွေရန် ဆန္ဒရှိကြောင်း၊ တရုတ်နိုင်ငံသည် အရည်အချင်းရှိသော တရုတ်ကုမ္ပဏီလုပ်ငန်းများ သြစတြေးလျသို့ သွားရောက် ရင်းနှီးမြှုပ်နှံခြင်းကို ဆက်လက်အားပေးမည်ဖြစ်ပြီး သြစတြေးလျအနေဖြင့် သြစတြေးလျနိုင်ငံ၌ တရုတ်ကုမ္ပဏီလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုနှင့် လုပ်ကိုင်ဆောင်ရွက်မှုများကို အများပြည်သူသိရှိသော၊ ပွင့်လင်းမြင်သာသော၊ ခွဲခြားဆက်ဆံမှုမရှိသော ပတ်ဝန်းကျင်ကို ဖန်တီးပေးရန် မျှော်လင့်ကြောင်း လီချန်က ထောက်ပြခဲ့သည်။
နှစ်ဖက်အနေဖြင့် လူငယ်၊ ပညာရေးနှင့် ခရီးသွားလုပ်ငန်းစသည့် ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရမည်ဖြစ်ပြီး တရုတ်-သြစတြေးလျ ပြည်သူများ၏ ချစ်ကြည်ရင်းနှီးသော သံယောဇဉ်ကို အတူတကွစောင့်ရှောက်ကြရမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲရေး လိုအပ်ချက်များသည် အဆက်မပြတ် တိုးပွားလျက်ရှိရာ တရုတ်အနေဖြင့် သြစတြေးလျနှင့်အတူ ကုလသမဂ္ဂ၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့စသည့် နိုင်ငံစုံ ယန္တရားများတွင် ညှိနှိုင်းဆောင်ရွက်မှုများ အားကောင်းစေပြီး ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲရေးကို အဆက်မပြတ် ကောင်းမွန်၍ ဖွံ့ဖြိုးတိုးတက်ရန် မြှင့်တင်ပေးသွားလိုကြောင်း လီချန်က အလေးထား ပြောကြားခဲ့သည်။
အယ်လ်ဘာနီစီက လက်ရှိ သြစတြေးလျ-တရုတ်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန်မှာ ကောင်းမွန်လျက်ရှိပြီး ကဏ္ဍအသီးသီး လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုများသည် ချောမွေ့စွာ လုပ်ဆောင်လျက်ရှိကြောင်း၊ သြစတြေးလျနိုင်ငံသည် နှစ်ဖက်ဆက်ဆံရေး ရင့်ကျက်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရန် အားစိုက်ဆောင်ရွက်လျက်ရှိပြီး တရုတ်နိုင်ငံနှင့်အတူ အဆင့်မြင့်အလွှာ ကူးလူးဆက်ဆံမှုနှင့် အလွှာစုံအပြန်အလှန်ဆွေးနွေးမှုများ အားကောင်းစေရန်၊ အပြန်အလှန်နားလည်မှု နက်ရှိုင်းစေရန်၊ သဘောထားကွဲလွဲမှုကို ကောင်းမွန်ဆီလျော်စွာ စီမံထိန်းချုပ်ရန်၊ ကုန်သွယ်ရေး၊ အစိမ်းရောင် စီးပွားရေး၊ သတ္ထုထုတ်လုပ်ရေး၊ ရာသီဥတု ပြောင်းလဲရေး၊ လူမှုယဉ်ကျေးမှု စသည့် ကဏ္ဍပူးပေါင်းဆောင်ရွက်များကို ချဲ့ထွင်ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
သြစတြေးလျနိုင်ငံသည် တရုတ်နိုင်ငံက ၂၀၂၆ ခုနှစ် အာရှ ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေးအား ကြီးမှူးကျင်းပမည်ကို ထောက်ခံအားပေးပြီး တရုတ်နိုင်ငံနှင့်အတူ ညှိနှိုင်းဆွေးနွေးဆောင်ရွက်မှုများ ထိန်းသိမ်းထားကာ လွတ်လပ်သော ကုန်သွယ်ရေးစနစ်ကို ထိန်းသိမ်းကာကွယ်လျက် ဒေသတွင်းတည်ငြိမ်ရေး၊ သာယာဝပြောရေးကို မြှင့်တင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
……………………………
(Chinese Version)
李强会见澳大利亚总理阿尔巴尼斯
新华社吉隆坡10月27日电(记者陈琛 李斯博)当地时间10月27日,国务院总理李强在马来西亚吉隆坡会见澳大利亚总理阿尔巴尼斯。
李强表示,今年7月习近平主席同总理先生举行会晤,就深化中澳关系作出新的规划。近段时期,两国关系继续呈现积极向好势头,各领域交流合作稳步推进。中方愿同澳方保持战略沟通,拓展互利合作,继续携手前行,打造更加成熟稳定、富有成果的中澳全面战略伙伴关系,更好造福两国人民,也为地区和世界的和平、稳定与发展作出更大贡献。
李强指出,中方愿同澳方加强发展战略对接和政策协调,更好发挥中澳战略经济对话、经济联委会等机制性对话作用,积极探讨推进两国自贸协定的审议和升级,进一步推动经贸合作走深走实,挖掘绿色经济、高新技术、数字产业等领域合作潜力。中方将继续支持更多有实力的中国企业赴澳投资,希望澳方为中国企业在澳投资经营提供公开、透明和非歧视的环境。双方要推进两国青年、教育、旅游等交流合作,共同呵护中澳人民的友好感情。当前全球治理赤字不断加剧,中方愿同澳方加强在联合国、世贸组织等多边机制协调,推动全球治理不断完善发展。
阿尔巴尼斯表示,当前澳中关系发展势头良好,各领域务实合作进展顺利。澳方致力于推动双边关系成熟稳定发展,愿同中方加强高层交往和各层级对话,深化相互理解,妥善管控分歧,拓展贸易、绿色经济、矿产、气候变化、人文等领域合作。澳方支持中国主办2026年亚太经合组织领导人非正式会议,愿同中方保持沟通协作,维护自由贸易体制,促进地区稳定繁荣。(完)
图说:当地时间10月27日,国务院总理李强在马来西亚吉隆坡会见澳大利亚总理阿尔巴尼斯。 新华社记者 黄敬文 摄
