Connect with us

China

ဝမ်ရိနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုတို့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ဇူလိုင် ၁၁ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုတို့ အောက်တိုဘာ ၂၇ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြသည်။
ထိုသို့ ဆက်သွယ်ဆွေးနွေးရာတွင် တရုတ်-အမေရိကန် ဆက်ဆံရေးသည် ကမ္ဘာကြီး၏ လားရာအပေါ် သက်ရောက်မှုရှိပြီး ကောင်းမွန် တည်ငြိမ်၍ စဉ်ဆက်မပြတ်သော နှစ်ဖက်ဆက်ဆံရေးသည် နှစ်နိုင်ငံ ရေရှည်အကျိုးစီးပွားနှင့် ကိုက်ညီမှုရှိသလို နိုင်ငံတကာ အသိုင်းအဝိုင်း၏ ဘုံမျှော်လင့်ချက်လည်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ ဒေါ်နယ်ထရမ့် နှစ်ဦးလုံးသည် ကမ္ဘာအဆင့် ခေါင်းဆောင်များဖြစ်ကြပြီး ရေရှည်ကူးလူးဆက်ဆံမှု၊ အပြန်အလှန် လေးစားမှုတို့သည် တရုတ်-အမေရိကန် ဆက်ဆံရေး၏ အဖိုးတန်ဆုံးသော မဟာဗျူဟာပိုင်ဆိုင်မှုဖြစ်လာခဲ့ကြကြောင်း၊ မကြာသေးမီကာလတွင် တရုတ်-အမေရိကန် ကုန်သွယ်စီးပွားရေး ဆက်ဆံရေးသည် ထပ်မံ၍ ဂယက်ရိုက်ခတ်မှုများ ပေါ်ထွက်ခဲ့ကြောင်း၊ ကွာလာလမ်ပူ ကုန်သွယ်စီးပွားရေးကဏ္ဍ ဆွေးနွေးမှုမှတစ်ဆင့် နှစ်ဖက်သည် ရပ်တည်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး နားလည်မှုတိုးတက်စေခဲ့ရာ လက်ရှိအရေးတကြီးဖြစ်နေသော ကုန်သွယ်စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကို အလားတူ ဖြေရှင်းရန် မူဘောင်သဘောတူညီချက်တစ်ရပ်ကို ရရှိခဲ့ကြောင်း၊ ယင်းမှာ နှစ်ဖက်အနေဖြင့် နှစ်နိုင်ငံခေါင်းဆောင်တို့ ရရှိထားသော အရေးကြီး သဘောတူညီမှုများကို အပြည့်အဝ လက်တွေ့ဖော်ဆောင်ခြင်း၊ တန်းတူညီမျှမှု၊ လေးစားမှု၊ အပြန်အလှန်အကျိုးပြုမှု စိတ်ဓာတ်ကို လက်ကိုင်ထားခြင်း၊ အပြန်အလှန်ဆွေးနွေးမှုမှတစ်ဆင့် ပဋိပက္ခများ ဖျန်ဖြေပေးမှုကို အခိုင်အမာ ထိန်းသိမ်းထားခြင်း၊ ဆန္ဒအလျှောက် ဖိအားပေးသည့် လုပ်ရပ်ကို စွန့်လွှတ်ခြင်းတို့ လုပ်ဆောင်မှသာလျှင် နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်သွားကာ ရှေ့သို့ ဆက်လျှောက်ရန် တွန်းအားပေးမြှင့်တင်နိုင်မည်ကို ထပ်မံသက်သေထူခဲ့ကြောင်း၊ နှစ်ဖက်အနေဖြင့် ဦးတည်ချက်အတူ လျှောက်လှမ်းကာ တရုတ်-အမေရိကန် အဆင့်မြင့်အလွှာ အပြန်အလှန် ဆက်ဆံမှုအတွက် ကောင်းမွန်စွာ ပြင်ဆင်ကာ နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေအနေများ ဖန်တီးပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

မာကိုရူဘီယိုက အမေရိကန်-တရုတ်ဆက်ဆံရေးသည် ကမ္ဘာပေါ်တွင် အရေးကြီးဆုံး နှစ်ဖက်ဆက်ဆံရေးဖြစ်ပြီး အဆင့်မြင့်အလွှာ အပြန်အလှန်ဆက်ဆံမှုမှတစ်ဆင့် ကမ္ဘာကြီးထံ အပြုသဘောဆောင်သော သတင်းစကားများ ဖြန့်ဝေပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
…………………………….
(Chinese Version)
王毅同美国国务卿鲁比奥通电话
新华社北京10月27日电 10月27日,中共中央政治局委员、外交部长王毅同美国国务卿鲁比奥通电话。
王毅表示,中美关系牵动世界的走向,一个健康、稳定、可持续的双边关系符合两国长远利益,也是国际社会共同期待。习近平主席和特朗普总统都是世界级领袖,长期交往、彼此尊重,这已成为中美关系最宝贵的战略资产。前段时间,中美经贸关系再次出现波折。通过吉隆坡经贸会谈,双方澄清了立场,增进了理解,就对等解决当前紧迫的经贸问题达成框架共识。这再次证明,只要双方不折不扣落实两国元首达成的重要共识,秉承平等、尊重、互惠精神,坚持通过对话化解矛盾,摒弃动辄施压的做法,就有可能推动两国关系稳下来、向前走。希望双方相向而行,为中美高层互动做好准备,为两国关系发展创造条件。
鲁比奥表示,美中关系是世界上最重要的双边关系,期待通过高层互动,向世界发出积极信号。(完)
图说:7月11日,中共中央政治局委员、外交部长王毅在吉隆坡会见美国国务卿鲁比奥。 新华社记者 程一恒 摄
新华社北京10月27日电 10月27日,中共中央政治局委员、外交部长王毅同美国国务卿鲁比奥通电话。