Connect with us

China

ဝမ်ရိ လန်ထင်းဖိုရမ်အခမ်းအနား တက်ရောက်၍ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) လက်တွေ့ဖော်ဆောင်ရေးနှင့် စပ်လျဉ်း၍ မိန့်ခွန်းပြောကြား

၂၃ ကြိမ်မြောက် လန်ထင်းဖိုရမ် (Lanting Forum) ကို တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ တက်ရောက်ခဲ့ပြီး “ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) လက်တွေ့ဖော်ဆောင်ခြင်း၊ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း အတူတကွ တည်ဆောက်ခြင်း” ဟူသော ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားနေသည်ကို အောက်တိုဘာ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)

၂၃ ကြိမ်မြောက် လန်ထင်းဖိုရမ် (Lanting Forum) ကို တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၌ အောက်တိုဘာ ၂၇ ရက်က ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ တက်ရောက်ခဲ့ပြီး “ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) လက်တွေ့ဖော်ဆောင်ခြင်း၊ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း အတူတကွ တည်ဆောက်ခြင်း” ဟူသော ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားခဲ့သည်။

ထိုသို့မိန့်ခွန်းပြောကြားရာတွင် ဝမ်ရိက လွန်ခဲ့သောလတွင် သမ္မတ ရှီကျင့်ဖိန်သည် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) ကို လေးနက်စွာ အဆိုပြုခဲ့ကြောင်း၊ GGI သည် ကမ္ဘာကြီးအတွက် တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီသော နောက်ထပ်တစ်ခု အရေးပါသည့် အများပြည်သူထုတ်ကုန် ဖြစ်ကာ ကမ္ဘာကြီးလိုအပ်ချက်နှင့် ကိုက်ညီမှုရှိသလို လူသားတို့ စိတ်ဆန္ဒနှင့်လည်း လိုက်လျောညီထွေမှုရှိပြီး ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အစီအမံ (GDI)၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အစီအမံ (GSI)၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှု အစီအမံ (GCI) တို့နှင့်အတူ ကမောက်ကမနှင့် မငြိမ်မသက်ဖြစ်နေသော ကမ္ဘာကြီးအတွက် အဖိုးတန်သော တည်ငြိမ်မှု၊ သေချာရေရာမှု ဖြည့်တင်းပေးခဲ့ရာ နိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်းပေါင်း ၁၄၀ ကျော်၏ တိကျပြတ်သားသော ထောက်ခံမှုကို လျင်မြန်စွာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

GGI ၏ ရှင်းလင်းတိကျဆုံးသော အချက်အလက်မှာ စည်းလုံးမှုအင်းအားကို စုစည်းရန်ဖြစ်ကြောင်း၊ အခိုင်မာဆုံးသော ရပ်တည်ချက်မှာ နိုင်ငံပေါင်းစုံပူးပေါင်းဆောင်ရွက်မှုဟူသော အလံကို မြင့်မြင့်မြှောက်ထူရန်ဖြစ်ကြောင်း၊ အတောင့်တဆုံး မျှော်မှန်းချက်မှာ တရားမျှတသော အနာဂတ်ကို ကြိုးပမ်းဖော်ဆော်ရန်ဖြစ်ကြောင်း ဝမ်ရိက အလေးအနက်ထား ပြောကြားခဲ့သည်။

နိုင်ငံအသီးသီးအနေဖြင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့် နိုင်ငံတကာ ဆက်ဆံရေး အခြေခံမူများကို အတူတကွ ကာကွယ်ကြရမည်ဖြစ်ပြီး နိုင်ငံတကာ တာဝန်ဝတ္တရားများကို ဘက်စုံ ကောင်းမွန်စွာ ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ ဘုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်ကို စုပေါင်းအားဖြင့် တွန်းအားပေးကာ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲရေး ထိရောက်မှုကို မြှင့်တင်ကြရမည်ဖြစ်ကြောင်း၊ အရေးတကြီး ထင်ရှားသော စိန်ခေါ်မှုများကို စည်းလုံးညီညွတ်စွာ ကိုင်တွယ်ဖြေရှင်း၍ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲရေး အားနည်းချက်များကို ဖြည့်စွက်ပေးရမည်ဖြစ်ကြောင်း၊ ကမ္ဘာ့တောင်ဘက်ခြမ်း တောင်းဆိုချက်များကို တက်တက်ကြွကြွတုံ့ပြန်ပေး၍ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲရေး မူဘောင်ကို ပြည့်စုံကောင်းမွန်စေရမည်ဖြစ်ကြောင်း၊ အမျိုးစုံလင်သော အဓိကအုပ်စု အခန်းကဏ္ဍကို အပြည့်အဝအသုံးချပြီး ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲရေး စုပေါင်းအားကို စုစည်းရမည်ဖြစ်ကြောင်း ၎င်းက အလေးပေး ပြောကြားခဲ့သည်။

၂၀ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ စတုတ္ထအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးသည် မကြာသေးမီက အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီး အစည်းအဝေးသည်  “၁၅ ကြိမ်မြောက် ၅ နှစ် စီမံကိန်း” အကြံပြုချက်များကို အတည်ပြုခဲ့ကြောင်း၊ ခေတ်မီအသွင်ပြောင်းရေးကို ဆက်လက် တွန်းအားပေးဆောင်ရွက်လျက်ရှိသော တရုတ်နိုင်ငံသည် နိုင်ငံအသီးသီး၏ ဘုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျယ်ပြန့်သောအခွင့်အလမ်းများ မုချ ဖန်တီးပေးမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဟူသည့် ကြီးမြတ်သောလုပ်ငန်းအပေါ် အစဉ်အာရုံစိုက် ဆောင်ရွက်နေသော တရုတ်နိုင်ငံသည် လူသားမျိုးနွယ် တိုးတက်ရေးကို မြှင့်တင်ရန် ပိုမိုကြီးမားသောတာဝန်ယူမှုကို မုချ ပြသသွားမည်ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
ယခုအကြိမ် ဖိုရမ်ကို တရုတ်နိုင်ငံ အများပြည်သူ သံတမန်ရေးအသင်းမှ ကြီးမှူးကျင်းပသည်။ (Xinhua)

…………………..
(Chinese Version)
王毅出席蓝厅论坛就落实全球治理倡议发表讲话
新华社北京10月27日电(记者朱超、陆君钰)第二十三届蓝厅论坛27日在外交部举行,中共中央政治局委员、外交部长王毅出席并发表题为《落实全球治理倡议 共建人类命运共同体》的讲话。
王毅表示,上个月,习近平主席郑重提出全球治理倡议。全球治理倡议是中国为世界贡献的又一重大公共产品,契合世界所需,顺应人心所向,同全球发展倡议、全球安全倡议、全球文明倡议一道,为动荡不安的世界注入宝贵的稳定性、确定性,迅速得到140多个国家和国际组织的明确支持。
王毅强调,全球治理倡议最明确的信息,就是汇聚团结的力量;最坚定的立场,就是高举多边的旗帜;最渴望的愿景,就是追求公平的未来。各国要共同捍卫联合国宪章和国际关系基本准则,全面善意履行国际义务;要协力推动共同发展的进程,提升全球治理效能;要团结应对紧迫突出挑战,弥补全球治理短板;要积极回应全球南方诉求,完善全球治理架构;要充分发挥多元主体作用,汇聚全球治理合力。
王毅表示,中共二十届四中全会刚刚胜利闭幕,会议通过了“十五五”规划建议。一个接续推进现代化的中国,必将为各国共同发展创造广阔机遇;一个致力于和平与发展崇高事业的中国,必将为促进人类进步展现更大担当。
本届论坛由中国公共外交协会主办。(完)
图说:10月27日,第二十三届蓝厅论坛在外交部举行,中共中央政治局委员、外交部长王毅出席并发表题为《落实全球治理倡议 共建人类命运共同体》的讲话。 新华社记者 才扬 摄