Connect with us

China

တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ်က လှပသော ပင်လယ်အော်များတည်ဆောက်ရေးကို အခိုင်အမာ တွန်းအားပေးဆောင်ရွက်လျက်ရှိ

တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ရီကျောက်မြို့ ကျန်းပေပင်လယ်အော်ရှိ နေရောင်ခြည်ကမ်းရိုးတန်းစိမ်းလန်းရေးလမ်းကြောင်းနှင့် ပင်လယ်အော်မြင်ကွင်းကို အောက်တိုဘာ ၂၂ ရက် တွေ့ရစဉ် (ဆင်ဟွာ)

ကျီနန်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)

ကမ်းရိုးတန်းစီးပွားရေး ပြည်နယ်ကြီးဖြစ်သည့် တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ်သည် မကြာသေးမီနှစ်များတွင် လှပသော ပင်လယ်အော်များတည်ဆောက်ရေးကို အဓိကလုပ်ဆောင်ချက်အဖြစ် တွန်းအားပေးဆောင်ရွက်ကာ အဓိက ပင်လယ်ပြင်ဒေသ ဘက်စုံ စီမံခန့်ခွဲမှု အခိုင်အမာတိုက်ပွဲ နက်ရှိုင်းစွာ လုပ်ဆောင်ခြင်းကို အားထားပြီး ကမ်းရိုးတန်းအနီး ပင်လယ်ပြင် ညစ်ညမ်းမှု စီမံခန့်ခွဲရေး၊ ပင်လယ်ပြင်ဂေဟစနစ် ထိန်းသိမ်းကာကွယ်ပြုပြင်ရေး၊ ကမ်းခြေပတ်ဝန်းကျင် စီမံခန့်ခွဲရေးတို့ကို ညှိနှိုင်းဆောင်ရွက်ခဲ့ရာ ပင်လယ်ပြင်ဂေဟပတ်ဝန်းကျင် အရည်အသွေးမှာ စဉ်ဆက်မပြတ် ကောင်းမွန်လာခဲ့သည်။

လက်ရှိတွင် ပြည်နယ်တစ်ခုလုံးအတွင်းရှိ ပင်လယ်အော် ၆ ခုသည် တရုတ်နိုင်ငံ ဂေဟဗေဒနှင့် ပတ်ဝန်းကျင်ဝန်ကြီးဌာန၏ လှပသောပင်လယ်အော် ထူးချွန်စာရင်းဝင်အဖြစ် ရွေးချယ်တင်သွင်းခြင်းခံခဲ့ရသည်။ ရေကြည်၍ ကမ်းခြေသန့်ရှင်းခြင်း၊ ငါးနှင့်ပင်လယ်ငှက်များ ပျံသန်းစုဝေးနေခြင်း၊ လူနှင့်ပင်လယ် သဟဇာတဖြစ်ခြင်းတို့သည် ဆန်းတုန်းပြည်နယ်၏ ပင်လယ်ကမ်းရိုးတန်းဒေသ ပုံမှန်မြင်ကွင်းနှင့် ပုံမှန်အခြေအနေများဖြစ်လာခဲ့သည်။ (Xinhua)

……………..
(Chinese Version)
山东扎实推进美丽海湾建设
新华社照片,济南,2025年10月27日
沿海经济大省山东近年来以推动美丽海湾建设为主线,以深入打好重点海域综合治理攻坚战为抓手,协同推进近岸海域污染治理、海洋生态保护修复、岸滩环境整治,海洋生态环境质量持续向好。目前,全省6个海湾入选生态环境部美丽海湾优秀案例。水清滩净、鱼鸥翔集、人海和谐成为山东滨海常景常态。
图说:10月22日拍摄的山东日照张北湾阳光海岸绿道及海湾景色(无人机照片)。 新华社记者 郭绪雷 摄