China
“၂၀၂၅ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အစီရင်ခံစာ” – ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်မှုနှင့်သေချာမှုအား လက်တွဲ ဖြည့်တင်းပေး
ပေကျင်း၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ဗဟုသုတစင်တာ (CIKD) မှ ရေးသားဖော်ပြသော “၂၀၂၅ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အစီရင်ခံစာ” ကို အောက်တိုဘာ ၂၈ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့၌ ထုတ်ပြန်ခဲ့သည်။ အစီရင်ခံစာကို “ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်မှုနှင့် သေချာမှုအား လက်တွဲ ဖြည့်တင်းပေး” ဟူသော ခေါင်းစဉ်ဖြင့် ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်ရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ပေးသည့် နည်းလမ်း၊ လမ်းကြောင်းများကို ဆွေးနွေးခဲ့ကြသည်။
ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံတိုင်း ရင်ဆိုင်၍ စုပေါင်းအားဖြင့် မြှင့်တင်ရမည်ဖြစ်သော အရေးကြီးကိစ္စရပ်ဖြစ်ရာ ယနေ့ခေတ် ကမ္ဘာကြီးသည် မသေချာမှု၊ မတည်ငြိမ်မှု အကြောင်းရင်းများ မြင့်တက်နေသည့်တစ်ချိန်တည်းတွင် နိုင်ငံတိုင်းသည် ဖွံ့ဖြိုးတိုးတက်မှုတွင် တည်ရှိနေသော တည်ငြိမ်မှုအားများနှင့် အပြုသဘောဆောင်သောအချက်များကို ဆုပ်ကိုင်ထားသင့်ကြောင်း၊ အစီရင်ခံစာသည် ဤအကြောင်းအရာနှင့် အနီးကပ် ချိတ်ဆက်ထားပြီး ကမ္ဘာလုံးဆိုင်ရာ ဘုံနှင့် စဉ်ဆက်မပြတ်သော ဖွံ့ဖြိုးတိုးတက်မှုအတွက် ဖြစ်နိုင်ခြေရှိသောနည်းလမ်းများကို ရှာဖွေထားကြောင်း နိုင်ငံတော်ကောင်စီ ဖွံ့ဖြိုးတိုးတက်ရေး သုတေသနစင်တာ ဒုတိယ ညွှန်ကြားရေးမှူး၊ တရုတ် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ဗဟုသုတစင်တာ ပထမ ဒုတိယ ညွှန်ကြားရေးမှူး ကျန်းချီက ပြောကြားခဲ့သည်။
”၂၀၂၅ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အစီရင်ခံစာ” အကြောင်းအရာကို အခန်း ၁၀ ခန်း ခွဲခြားထားကြောင်း၊ အနှစ်ချုပ်သုံးသပ်မှု အခန်း ၂ ခန်းတွင် ယနေ့ကမ္ဘာကြီး၏ အဓိက မတည်ငြိမ်သော၊ မသေချာမရေရာသော အချက်များနှင့် အကျိုးပြုသော အခြေအနေများကို ခွဲခြားရေးသားထားပြီး ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်မှုနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် အလုံးစုံ အတွေးအခေါ်နှင့် အသေးစိတ်လမ်းကြောင်းများကို အဆိုပြုထားကြောင်း၊ အခန်းငယ် ၈ ခန်းသည် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး၊ ရာသီဥတုပြောင်းလဲမှု၊ ကျန်းမာရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စက်မှုလုပ်ငန်းအသွင်ပြောင်းရေး၊ ဒစ်ဂျစ်တယ်ဉာဏ်ရည်နည်းပညာ၊ ကမ္ဘာ့တောင်ဘက်ခြမ်း ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေခြင်း၊ ကုလသမဂ္ဂအား ဗဟိုပြုသော နိုင်ငံတကာစနစ်ကို ထိန်းသိမ်းကာကွယ်ခြင်းစသည့် ကဏ္ဍများ၏ လက်ရှိအခြေအနေ၊ စိန်ခေါ်မှုများနှင့် တန်ပြန်အစီအမံများကို ဆွေးနွေးထားကြောင်း သိရသည်။
ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်မှုနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရာ၌ တန်းတူညီမျှ၍ စနစ်တကျရှိသော ကမ္ဘာဗဟုအသွင်ပြောင်းရေးကို ထောက်ခံအားပေးခြင်းဖြင့် နိုင်ငံတကာ စနစ်ကို ပြည့်စုံကောင်းမွန်စေရမည်၊ အများအကျိုးပြု၍ အားလုံးပါဝင်နိုင်ငံသော စီးပွားရေး ကမ္ဘာလုံးဆိုင်ရာ အသွင်ပြောင်းရေးကို မြှင့်တင်ခြင်းဖြင့် တံခါးဖွင့်လှစ်မှုရှိသော ကမ္ဘာ့စီးပွားရေး တည်ဆောက်ရမည်၊ အဓိက ကဏ္ဍပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေခြင်းဖြင့် ဘုံစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရမည်၊ အပြန်အလှန်အကျိုးပြု၍ ဘုံအကျိုးစီးပွားဖော်ဆောင်ရေးကို ထိန်းသိမ်းခြင်းဖြင့် ကမ္ဘာ့တောင်ဘက်ခြမ်းဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရမည်ဖြစ်ကြောင်း အဆိုပါအစီရင်ခံစာတွင် ထောက်ပြထားသည်ဟု တရုတ်နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ဗဟုသုတစင်တာ၏ အမှုဆောင် ဒုတိယညွှန်ကြားရေးမှူး ဝမ်ကျင်းကျောက်က ပြောကြားခဲ့သည်။
“အစီရင်ခံစာမှာ ဖော်ပြထားတဲ့အတိုင်းပါပဲ ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်မှုနဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ဖို့ဆိုရင် အဓိကကျတဲ့ ကဏ္ဍတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို မဖြစ်မနေ အာရုံစိုက်ဖို့ လိုအပ်တယ်” ဟု ဘရာဇီးအသုံးချစီးပွားရေးသုတေသနအင်စတီကျု (IPEA) အစိုးရအဖွဲ့ဝင်၊ ဖက်ဒရယ်ဒေသဆိုင်ရာ စီးပွားရေးပညာရှင် ဒေသဆိုင်ရာကောင်စီ ဥက္ကဋ္ဌ Luciana Acioly da Silva က ပြောကြားခဲ့သည်။ လက်ရှိကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအခင်းအကျင်းတွင် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများသည် အခြေခံအဆောက်အအုံ လိုအပ်ချက်များ၊ ကြီးကြပ်စီမံရေး အတားအဆီးများ စသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပြီး ဖွံ့ဖြိုးတိုးတက်ရေးဘဏ်အသစ်နှင့် အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) တို့သည် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအတွက် စဉ်ဆက်မပြတ်သော ဘဏ္ဍာရေးစွမ်းအင်ကို ဖြည့်တင်းပေးကာ အခြေခံအဆောက်အအုံနှင့် အစိမ်းရောင် ဘဏ္ဍာရေးရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် ကမ္ဘာ့တောင်ဘက်ခြမ်းသာမက ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံအသီးသီး၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်သော တွန်းအားကို ပေးစွမ်းမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အစီရင်ခံစာ” သည် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အစီအမံ (GDI) ၏ လက်တွေ့ဖော်ဆောင်မှု မြှင့်တင်ပေးသော အရေးကြီး ဉာဏထုတ်ကုန်ဖြစ်ရာ ယခုအကြိမ်သည် ကြီးမှူးကျင်းပသူတို့၏ စတုတ္ထအကြိမ်မြောက် ထုတ်ပြန်သော ယခုနှစ် နှစ်ပတ်လည်အစီရင်ခံစာဖြစ်သည်။ အစီရင်ခံစာ ထုတ်ပြန်ပွဲသို့ ကုလသမဂ္ဂ၊ အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) စသည့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ နိုင်ငံအများအပြားရှိ တရုတ်နိုင်ငံ သံရုံးများနှင့် တရုတ်နိုင်ငံအစိုးရ သက်ဆိုင်ရာ ဌာနများနှင့် Think Tank စသည်တို့မှ ကိုယ်စားလှယ်ပေါင်း ၁၅၀ ကျော် တက်ရောက်ခဲ့ကြသည်။ (Xinhua)
………………….
(Chinese Version)
《全球发展报告2025》:携手为全球发展注入稳定性和确定性
新华社北京10月28日电(记者陆君钰)由中国国际发展知识中心撰写的《全球发展报告2025》28日在京发布。报告以“携手为全球发展注入稳定性和确定性”为主题,探讨推动全球稳定和可持续发展的方法路径。
国务院发展研究中心副主任、中国国际发展知识中心第一副主任张琦在发布会上表示,发展是各国必须面对与合力推动的重要课题,当今世界不确定性、不稳定性因素上升的同时,各国应当抓住发展中蕴藏着的稳定力量和积极因素。报告紧扣这一主题,为全球共同和可持续发展寻找可行方案。
据介绍,《全球发展报告2025》分为10章内容:总论2章梳理当前世界主要不稳定、不确定因素和有利条件,提出推动全球稳定与可持续发展的总体思路与具体路径;分论8章探讨全球贸易、气候变化、卫生健康、粮食安全和减贫、发展中国家工业化、数智技术、深化全球南方发展合作、维护以联合国为核心的国际体系等领域的现状、挑战及对策。
中国国际发展知识中心常务副主任王金照表示,报告指出,推动全球稳定和可持续发展,要倡导平等有序的世界多极化以完善国际体系,推动普惠包容的经济全球化以建设开放型世界经济,深化重点领域合作以应对共同挑战,坚持互利共赢以促进全球南方发展。
“正如报告所说,促进全球稳定和可持续发展必须要专注于关键领域合作。”巴西应用经济研究所所长内阁成员、联邦地区经济学家区域理事会主席卢西亚娜·阿西奥利·达希尔瓦表示,在当前全球经济发展格局下,全球南方国家面临着基础设施缺口、监管障碍等挑战,新开发银行与亚投行为全球发展注入可持续的金融活水,通过投资基础设施与绿色金融,为全球南方乃至世界各国的可持续发展提供了不可或缺的动力。
《全球发展报告》是推动落实全球发展倡议的重要知识产品,此次是主办方第四次发布此年度报告。来自联合国、亚投行等国际组织,多国驻华使馆,以及中国政府有关部门和智库等150余名代表出席发布会。(完)
