Connect with us

China

ဝမ်ရိနှင့် ကာဇက်စတန်နိုင်ငံခြားရေးဝန်ကြီး Yermek Kosherbayev တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ ပေကျင်းမြို့၌ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ကာဇက်စတန် နိုင်ငံခြားရေးဝန်ကြီး Yermek Kosherbayev တို့ အောက်တိုဘာ ၂၈ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ကာဇက်စတန်နိုင်ငံခြားရေးဝန်ကြီး Yermek Kosherbayev နှင့် တရုတ်နိုင်ငံ ပေကျင်းမြို့၌ အောက်တိုဘာ ၂၈ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ရိက သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ Tokayev တို့၏ မဟာဗျူဟာ ဦးဆောင်မှုနှင့် ကိုယ်တိုင်မြှင့်တင်ဆောင်ရွက်မှုအောက်တွင် တရုတ်- ကာဇက်စတန် ထာဝရ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသည် အဆက်မပြတ် အရည်အသွေး၊ အဆင့် မြင့်တက်လာခဲ့ပြီး တရုတ်- ကာဇက်စတန် အေးအတူပူအမျှ အသိုက်အဝန်း ဖွဲ့စည်းတည်ဆောက်ရေး အဆင့်အသစ်ကို ရောက်ရှိလာခဲ့ကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်တို့၏ သဘောတူညီချက်ကို လက်တွေ့ဖော်ဆောင်ခြင်းအား လေးစားလိုက်နာမှုအဖြစ်၊ ပြည်သူ့ အကျိုးပြုရေး မြှင့်တင်ခြင်းအား မူလရည်ရွယ်ချက်အဖြစ်၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးအတွက် ပူးပေါင်းဆောင်ရွက်ခြင်းကို သမိုင်းပေးတာဝန်အဖြစ် ထားရှိကာ တရုတ်- ကာဇက်စတန် ဆက်ဆံရေး အဆင့်အသစ်သို့ စဉ်ဆက်မပြတ် တက်လှမ်းသွားရန် မြှင့်တင်ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်။
Kosherbayev က တရုတ်နိုင်ငံနှင့်အတူ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစေပြီး ကုလသမဂ္ဂ (UN)၊ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) စသည့် မူဘောင်အတွင်း အပြန်အလှန် ထောက်ခံအားပေးမှုကို အားကောင်းစေလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)
………………………
(Chinese Version)
王毅同哈萨克斯坦外长科舍尔巴耶夫会谈
新华社北京10月28日电 中共中央政治局委员、外交部长王毅28日在北京同哈萨克斯坦新任外长科舍尔巴耶夫会谈。
王毅说,在习近平主席和托卡耶夫总统的战略引领和亲自推动下,中哈永久全面战略伙伴关系不断提质升级,共同迈入构建中哈命运共同体的新阶段。愿以落实两国元首共识为遵循,以增进人民福祉为初心,以共谋发展振兴为使命,推动中哈关系持续迈上新台阶。
科舍尔巴耶夫说,愿同中方深化务实合作,在联合国、上合组织等框架内加强相互支持。(完)
图说:10月28日,中共中央政治局委员、外交部长王毅在北京同哈萨克斯坦新任外长科舍尔巴耶夫会谈。 新华社记者 金良快 摄