China
ဝမ်ရိနှင့် အယ်လ်ဂျီးရီးယားနိုင်ငံခြားရေးဝန်ကြီး Ahmed Attaf ဖုန်းဖြင့်ဆက်သွယ် ဆွေးနွေး
ပေကျင်း၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အယ်လ်ဂျီးရီးယား ပြည်နယ်ဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး Ahmed Attaf ၏ ဖိတ်ကြားမှုအရ ဖုန်းဖြင့်ဆက်သွယ် ဆွေးနွေးခဲ့သည်။
ထိုသို့ ဆက်သွယ်ပြောကြားရာတွင် ဝမ်ရိက တရုတ်နှင့် အယ်လ်ဂျီးရီးယားတို့သည် နက်ရှိုင်းခိုင်မာသော အစဉ်အလာ ချစ်ကြည်ရေး ရှိကြပြီး ဘက်စုံထောင်စုံ ပူးပေါင်းဆောင်ရွက်မှုအခင်းအကျင်းကို တည်ဆောက်ကာ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ထူထောင်ခဲ့ကြောင်း၊ သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ Abdelmadjid Tebboune တို့၏ ဦးဆောင်မှုအောက်တွင် တရုတ်- အယ်လ်ဂျီးရီးယား ဆက်ဆံရေးသည် တည်ငြိမ်ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အယ်လ်ဂျီးရီးယားနိုင်ငံနှင့်အတူ နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တို့ ရရှိထားသော သဘောတူညီချက်များကို လက်တွေ့ဖော်ဆောင်ကာ အစဉ်အလာချစ်ကြည်ရေးကို ဆက်လက်မြှင့်တင်ရန်၊ အပြန်အလှန်အကျိုးပြုသော ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ကာ အပြန်အလှန်၏ အဓိကကျသော အကျိုးစီးပွားကို အပြန်အလှန် ထောက်ခံအားပေးရန်၊ တရုတ်- အယ်လ်ဂျီးရီးယား ဆက်ဆံရေး ပိုမိုများပြားသော အောင်မြင်မှုရလဒ်များ ရရှိရန် တွန်အားပေးဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။
ဒုတိယအကြိမ် တရုတ်-အာရပ်နိုင်ငံများ ထိပ်သီးအစည်းအဝေးကို လာမည့်နှစ်တွင် တရုတ်နိုင်ငံ၌ ကျင်းပမည်ဖြစ်ရာ ယင်းက တရုတ်- အယ်လ်ဂျီးရီးယား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေး သမိုင်းတွင် သမိုင်းမှတ်တိုင်အနက်အဓိပ္ပာယ်ရှိသည့် အခမ်းအနားကြီးတစ်ခုဖြစ်လာလိမ့်မည်ဖြစ်ကြောင်း၊ အယ်လ်ဂျီးရီးယားနိုင်ငံသည် အာရပ်ကမ္ဘာတွင် အရေးပါသည့် ဩဇာရှိသော နိုင်ငံကြီးဖြစ်ရာ တရုတ်နိုင်ငံအနေဖြင့် အယ်လ်ဂျီးရီးယားနိုင်ငံနှင့် ညှိနှိုင်းဆွေးနွေးမှုကို ထိန်းသိမ်းထားပြီး ထိပ်သီးအစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အတူတကွ အကျိုးဆောင်သွားလိုကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
Ahmed Attaf က တရုတ်နိုင်ငံသည် အယ်လ်ဂျီးရီးယား၏ အရေးပါသော ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှု မိတ်ဖက်ဖြစ်ပြီး နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ၏ လမ်းညွှန်မှုအောက်တွင် အယ်လ်ဂျီးရီးယား-တရုတ် ဆက်ဆံရေးသည် ခိုင်မာအားကောင်းသော အရှိန်အဟုန်ကို ထိန်းထားကာ အယ်လ်ဂျီးရီးယားနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအား အားကောင်းစွာ မြှင့်တင်ပေးခဲ့ကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံအဖြစ် တရုတ်နိုင်ငံသည် နိုင်ငံတကာရေးရာများတွင် ဓမ္မဓိဋ္ဌာန်ကျ၍ တရားမျှတသော ရပ်တည်ချက်ကို လက်ကိုင်ထားရာ ယင်းအပေါ် အယ်လ်ဂျီးရီးယားသည် အထူးလေးစားချီးကျူးကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံ အစဉ်အလာချစ်ကြည်ရေးကို အဆက်အပြတ် တိုးမြှင့်ရန်၊ နှစ်ဖက် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ အယ်လ်ဂျီးရီးယား-တရုတ် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအား ပိုမိုမြင့်မားသော အဆင့်သို့ မြှင့်တင်ရန် အတူတကွ ကြိုးပမ်းဆောင်ရွက်သွားလိုကြောင်း၊ အယ်လ်ဂျီးရီးယားနိုင်ငံသည် တရုတ်နိုင်ငံက ဒုတိယအကြိမ် တရုတ်-အာရပ်နိုင်ငံများ ထိပ်သီးအစည်းအဝေး ကောင်းမွန်စွာ ကျင်းပခြင်းကို ထောက်ခံအားပေးကာ အာရပ်နိုင်ငံများနှင့် တရုတ်နိုင်ငံ၏ ဆက်ဆံရေးအတွက် စွမ်းအားအသစ်များ ဖြည့်တင်း ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Attaf က အနောက်ဆာဟာရအရေးနှင့် စပ်လျဉ်း၍ အယ်လ်ဂျီးရီးယားနိုင်ငံ၏ ရပ်တည်ချက်ကို မိတ်ဆက်ပြောကြားခဲ့သည်။ ဝမ်ရိက အနောက်ဆာဟာရအရေးနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ တစ်သမတ်တည်းဖြစ်ကြောင်း၊ နိုင်ငံရေးအရ ကိုင်တွယ်ဖြေရှင်းခြင်းသည် အခြေခံ ထွက်လမ်းဖြစ်ကာ ကုလသမဂ္ဂသည် အဓိက လမ်းကြောင်း၊ လုံခြုံရေးကောင်စီ၏ သက်ဆိုင်ရာ ဆုံဖြတ်ချက်များသည် အရေးပါသော အခြေခံဖြစ်ပြီး အပြန်အလှန်ဆွေးနွေးညှိနှိုင်းခြင်းသည် မှန်ကန်သော နည်းလမ်းဖြစ်သည်ဟု မိမိတို့ ယူဆကြောင်း၊ သက်ဆိုင်ရာဘက်များအနေဖြင့် အပြည့်အဝ ညှိနှိုင်းဆွေးနွေးကာ တရားမျှတသော ရပ်တည်မှုတွင် ဘက်အသီးသီး လက်ခံနိုင်သည့် ဖြေရှင်းရေးနည်းလမ်းဖြစ်ပေါ်လာစေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
…………………..
(Chinese Version)
王毅同阿尔及利亚外长阿塔夫通电话
新华社北京10月29日电 10月29日,中共中央政治局委员、外交部长王毅应约同阿尔及利亚国务部长兼外长阿塔夫通电话。
王毅表示,中国同阿尔及利亚有着深厚传统友谊,构筑了全方位合作格局,建立起全面战略伙伴关系。在习近平主席和特本总统引领下,中阿关系得到稳步健康发展。中方愿同阿方一道,落实好两国元首共识,赓续传统友谊,促进互利合作,相互支持彼此核心利益,推动中阿关系取得更多成果。
王毅说,第二届中国-阿拉伯国家峰会明年将在中国举办,这将是中阿关系发展史上又一次具有里程碑意义的盛会。阿尔及利亚是阿拉伯世界具有重要影响的大国,中方愿同阿方保持沟通,共同为峰会成功作出贡献。
阿塔夫表示,中国是阿重要贸易投资伙伴,在两国元首指引下,阿中关系保持强劲势头,有力推动阿国家发展。中国作为联合国安理会常任理事国,在国际事务中秉持客观公正立场,阿方对此高度赞赏,愿同中方共同努力,不断增进两国传统友谊,深化双方务实合作,将阿中全面战略伙伴关系提升到更高水平。阿方支持中方举办好第二届中国-阿拉伯国家峰会,为阿拉伯国家同中国关系注入新动力。
阿塔夫介绍了阿方关于西撒哈拉问题的立场。王毅表示,中方在西撒问题上的立场是一贯的。我们认为,政治解决是根本出路,联合国是主要渠道,安理会有关决议是重要基础,对话谈判是正确方式。希望有关方充分沟通,在公正立场上形成各方均可接受的解决方案。(完)
图说:当地时间2025年2月21日,中共中央政治局委员、外交部长王毅在约翰内斯堡会见阿尔及利亚外长阿塔夫。 新华社记者 张誉东 摄
