China
အပြန်အလှန်ဖေးမကူညီသည့် ကန်တင်းထဲက ချမ်းမြေ့ပျော်ရွှင်ဖွယ် စားသောက်ချိန်
ထျန်းကျင်း၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ထျန်းကျင်းမြို့ ပင်းဟိုင်ဧရိယာအသစ် ကူလျင်လမ်းမ ရှင်းရှင်းလီရပ်ကွက်သည် သက်ကြီးရွယ်အို လူဦးရေထူထပ်သည့် စံနမူနာပြရပ်ကွက်တစ်ခုဖြစ်ပြီး တစ်ကိုယ်တည်းနေထိုင်သူ သက်ကြီးရွယ်အို များပြားကာ အသက် ၈၀ နှစ်အထက် သက်ကြီးရွယ်အို ၁၅၀ ကျော်ရှိသည်။ သက်ကြီးရွယ်အိုများ၏ “စားသောက်ရန်ခက်ခဲသည့်” ပြဿနာကို ဖြေလျှော့ပေးရန်အတွက် ၂၀၂၃ ခုနှစ်တွင် ထိုလမ်းမရုံးသည် ရုံးခန်းအဆောက်အအုံကို အပြန်အလှန်ဖေးမကူညီသည့် ကန်တင်းအဖြစ် မွမ်းမံပြောင်းလဲကာ လူမှုအဖွဲ့အစည်းဖြစ်သည့် “ခန်းလဲ့ ဘိုးဘွားရိပ်သာ” ထံ တာဝန် အပ်နှံပြီး ရပ်ကွက်ရှိ သက်ကြီးရွယ်အိုများ၊ အခက်အခဲရှိသော အုပ်စုများအတွက် အခမဲ့နေ့လယ်စာများ ပံ့ပိုးပေးလျက်ရှိသည်။
ဤကန်တင်းတွင် ထမင်းဟင်းချက်ပြုတ်ပေးသူများသည်လည်း ရပ်ကွက်ထဲမှ အသက် ၆၀၊ ၇၀ ပရဟိတသမားများဖြစ်ကြပြီး ယင်းအနက် အသက်အကြီးဆုံးမှာ ၇၄ နှစ်အရွယ်ရှိပြီဖြစ်ကြောင်း၊ ၎င်းတို့သည် အဖွဲ့ငယ်များ ခွဲထားရာ အပတ်စဉ်တိုင်း၏ တနင်္လာနေ့မှ သောကြာနေ့အထိ အလှည့်ကျ တာဝန်ယူကြပြီး ဤအပြန်အလှန်ဖေးမကူညီသည့် ကန်တင်းအတွက် အတူတကွ လုပ်ကိုင်ပေးကြကြောင်း သိရသည်။
ယခုအခါ ဤအပြန်အလှန်ဖေးမကူညီသည့် ကန်တင်းသည် သက်ကြီးရွယ်အိုများအတွက် တစ်နပ်စာထမင်းဟင်း ဖြေရှင်းပေးသော နေရာဖြစ်လာရုံသာမက ရပ်ကွက် ချစ်ကြည်ရင်းနှီးမှုကို ချိတ်ဆက်ပေးသည့် နှောင်ကြိုးတစ်ခုလည်း ဖြစ်လာခဲ့သည်။ မေတ္တာရှင် ကုမ္ပဏီလုပ်ငန်းများက ရေ၊ မီး၊ အနွေးဓာတ် အခကြေးငွေများ ကူညီပံ့ပိုးပေးပြီး အနီးအနားရှိ အိမ်နီးချင်းများက ကောက်ပဲသီးနှံ၊ ဆီ၊ ဆန်၊ ဂျုံ သို့မဟုတ် ၎င်းတို့ ကိုယ်တိုင်စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များ လှူဒါန်းပေးကာ အသက်အရွယ်ပို၍ငယ်သူများက အသက်ကြီးသူများအား ကူညီပေး၍ ကျန်းမာရေးကောင်းသူများက အားနည်းသူများကို စောင့်ရှောက်ပေးလျက် အပြန်အလှန် ကူညီမှုများက အိမ်နီးချင်း သံယောဇဉ်ကို ပိုမိုနက်ရှိုင်းစေခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ထျန်းကျင်းမြို့ ပင်းဟိုင်ဧရိယာအသစ် ကူလျင်လမ်းမ ရှင်းရှင်းလီရပ်ကွက်ရှိ အပြန်အလှန်ဖေးမကူညီသည့် ကန်တင်းတွင် မန်ထိုပြုလုပ်ရန် ဂျုံနယ်နေသော ရပ်ကွက်ပရဟိတများကို အောက်တိုဘာ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)








………………….
(Chinese Version)
互助食堂里的幸福“食”光
新华社照片,天津,2025年10月29日
天津市滨海新区古林街道欣欣里社区是典型的老龄化社区,空巢老人多,80岁以上老人超过150位。为缓解老人们“吃饭难”问题,2023年,街道办事处将一处办公用房改造成互助食堂,并委托社会组织“康乐老年之家”运营,为社区高龄老人、困难群体提供免费午餐。
在这里掌勺做饭的也都是社区六七十岁的志愿者,其中最年长的已有74岁。他们分成几个小组,每周一至周五轮流值班,共同为这个互助食堂忙碌。
如今,互助食堂不仅成为解决老人一餐一饭的场所,更成为串联起社区情感的纽带。爱心企业帮助支持水电暖费,老街坊们捐赠粮油米面或自家种的蔬菜,年纪稍轻的帮助年长的,身体好的照顾体弱的,互助让邻里情愈发醇厚。
图说1:10月27日,在天津市滨海新区古林街道欣欣里社区互助食堂,老人们在等候打饭时聊天。 新华社记者 赵子硕 摄
图说2:10月27日,在天津市滨海新区古林街道欣欣里社区互助食堂,社区志愿者们揉面做馒头。新华社记者 赵子硕 摄
