China
T1400 မောင်းသူမဲ့ ရဟတ်ယာဉ် ပထမဆုံးအကြိမ် ပျံသန်းမှု ပြုလုပ်၊ အသုံးချမှုအလားအလာ ကျယ်ပြန့်
ဟားအယ်ပင်း၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ Harbin United Aircraft Technology Co., Ltd သုတေသနပြု ထုတ်လုပ်ထားသော ဘိုးရင်းT1400 ရှေ့နောက်ထိုင်ခုံပါ မောင်းသူမဲ့ ရဟတ်ယာဉ်သည် ဟားအယ်ပင်းမြို့၌ အောက်တိုဘာ ၃၀ ရက်တွင် ပထမဆုံးအကြိမ် ပျံသန်းမှု အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။ ထိုမောင်းသူမဲ့ရဟတ်ယာဉ်၏ အများဆုံး တင်ဆောင်ပျံသန်းနိုင်သည့် အလေးချိန်သည် ၁,၄၀၀ ကီလိုဂရမ်၊ အကြာဆုံး ဆက်တိုက်ပျံသန်းချိန်သည် ၈ နာရီ၊ အမြင့်ဆုံးပျံသန်းနိုင်သည့် အမြင့် ၆၅၀၀ မီတာ၊ အမြင့်ဆုံး ရေပြင်ညီ ပျံသန်းမှုအမြန်နှုန်း တစ်နာရီလျှင် ၁၈၀ ကီလိုမီတာ အထိ ရှိကာ အင်ဂျင်နှစ်လုံး၊ အပိုဆောင်း ပျံသန်းမှုထိန်းချုပ်စနစ်နှင့် ခိုင်မာအားကောင်းသည့် ပေါင်းစပ်ပစ္စည်းဖွဲ့စည်းပုံများ အသုံးပြုထားပြီး အလွန်ကြီးမားသော ဝန်တင်နိုင်စွမ်းနှင့် နေရာအခင်းအကျင်း ကျယ်ပြန့်မှု ရှိသည်။ စမတ်အသွင်နှင့် အလိုအလျောက်လုပ်ဆောင်နိုင်စွမ်းများ ပိုင်ဆိုင်ထားသဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောထိန်းသိမ်းလုပ်ငန်း၊ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး၊ သစ်တောမီးအန္တရာယ်ကာကွယ်ရေးစသည့် နယ်ပယ်များတွင် ကျယ်ပြန့်သော အသုံးချမှု အလားအလာများရှိကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ဟားအယ်ပင်းမြို့တွင် T1400 မောင်းသူမဲ့ ရဟတ်ယာဉ် ပထမဆုံးအကြိမ် ပျံသန်းမှု အခမ်းအနားကို အောက်တိုဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)






…………………
(Chinese Version)
T1400无人直升机首航 应用前景广阔
新华社照片,哈尔滨,2025年10月30日
10月30日,哈尔滨联合飞机科技有限公司研发制造的铂影T1400纵列式无人直升机在哈尔滨完成首航。据悉,该无人机最大起飞重量达1400公斤、最长续航8小时、升限6500米、最大平飞速度180千米/小时,采用双发动机、多余度飞控系统和高强度复合材料结构,拥有超大载荷和空间设计,具备智能化和自主作业能力,在农林植保、物流运输、森林防火等领域有广阔应用前景。
图说1:10月30日,在哈尔滨市平房区,T1400无人直升机在飞行中。 新华社记者 张涛 摄
图说2:这是10月30日拍摄的T1400无人直升机首航仪式。新华社记者 张涛 摄
