Connect with us

China

“ကမ္ဘာ့ချန်ပီယံ” မှ “နိုင်ငံတော်အတွက် လူရည်ချွန်များ ပြုစုပျိုးထောင်ပေးခြင်းအထိ” – ကျိန့်ချီယွမ်၏ “စမတ် ထုတ်လုပ်မှု” အိပ်မက်

တရုတ်နိုင်ငံ ယူနန်နည်းပညာကောလိပ် လက်တွေ့ခန်းတွင် မိုဘိုင်းစက်ရုပ် တပ်ဆင်နေသော ကျိန့်ချီယွမ်အား အောက်တိုဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကူမင်း၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

“မြင်ကွင်းတစ်ခွင် မြင်မြင်သမျှ အားလုံးက ကြယ်ငါးပွင့် အနီရောင်အလံ ဝှေ့ယမ်းနေတာကြချည်းပဲ၊ အဲဒီအခိုက်အတန့်မှာ ကျွန်တော်တို့အားလုံး မျက်ရည်မထိန်းနိုင်ခဲ့ဘူး” ဟူ၍ ၂၀၁၉ ခုနှစ် ဩဂုတ်လ ၄၅ ကြိမ်မြောက် ကမ္ဘာ့ကျွမ်းကျင်မှုပြိုင်ပွဲ (WorldSkills) ဆုချီးမြှင့်စင်မြင့်ထက်၌ ရွှေတံဆိပ်ဆု တက်ယူခဲ့သည့် အခိုက်အတန့်ကို ပြန်လည်အောက်မေ့ရာတွင် ကျိန့်ချီယွမ်က ပြောကြားခဲ့သည်။ ၎င်းသည် ယခုထိချိန် ရှင်းရှင်းလင်းလင်းမှတ်မိနေသေးသည်။

ယခုနှစ် စက်တင်ဘာလတွင် “၁၉၉၅ ခုနှစ် နောက်ပိုင်းဖွား” ဖြစ်သော ကျိန့်ချီယွမ်ကို ၂၀၂၅ ခုနှစ် “နိုင်ငံကြီး၏ ထူးချွန်လက်မှုပညာရှင်” အဖြစ် သတ်မှတ်ခဲ့သည်။ သို့သော် ၎င်း၏ တိုးတက်မှုလမ်းကြောင်းမှာ လွယ်ကူချောမွေ့မနေပေ။ အလယ်တန်းအောင်ပြီးနောက် ကျိန့်ချီယွမ်သည် ယူနန်နည်းပညာကောလိပ်တွင် ပညာသင်ကြားခဲ့ပြီး ကျောင်းနေချိန်အတွင်း မိုဘိုင်းစက်ရုပ်နှင့် စမတ် ထုတ်လုပ်မှု စသည့်စီမံကိန်းများနှင့် ထိတွေ့သိရှိခဲ့ရာ မိမိစိတ်ဝင်စားရာ နယ်ပယ်ကို တဖြည်းဖြည်း ရှာဖွေတွေ့ရှိခဲ့သည်။ စိတ်အားထက်သန်မှုများဖြင့် ၎င်းသည် နေ့စဉ် ကြိုးစားလေ့ကျင့်ခဲ့ပြီး ကျောင်း၏ပံ့ပိုးကူညီမှုဖြင့် “ကမ္ဘာ့ကျွမ်းကျင်မှု အိုလံပစ်” ဟုခေါ်ဝေါ်ကြသည့် ကမ္ဘာ့ကျွမ်းကျင်မှုပြိုင်ပွဲဆီသို့ အာရုံစိုက်လာခဲ့သည်။
ကျိန့်ချီယွမ်၏ ချန်ပီယံဆုရှင် ခရီးလမ်းမှာ အခက်အခဲများနှင့် ပြည့်နှက်နေပေသည်။ ၂၀၁၄ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တွင် ၎င်းသည် ပြိုင်ပွဲဝင်ရန် နှစ်ကြိမ် ပြင်ဆင်ခဲ့သော်လည်း ပြိုင်ပွဲ၏ “ဝင်ခွင့်လက်မှတ်” မရရှိခဲ့ပေ။ ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် ကုမ္ပဏီလုပ်ငန်းခွင်တွင် စတင်လုပ်ကိုင်နေပြီဖြစ်သော ကျိန့်ချီယွမ်သည် ကျောင်းမှ ၄၅ ကြိမ်မြောက် ကမ္ဘာ့ကျွမ်းကျင်မှုပြိုင်ပွဲ (WorldSkills) ၏ နိုင်ငံတော်အဆင့် ရွေးချယ်ရေးပြိုင်ပွဲကို တက်ရောက်ယှဉ်ပြိုင်ရန် အသင်းဖွဲ့နေကြောင်း သိရှိခဲ့သည်။ ၎င်းသည် အချိန်အကြာကြီး တွေဝေမနေဘဲ အလုပ်ထွက်စာတင် ခဲ့ပြီး ကျောင်းသို့ ပြန်၍ ပြိုင်ပွဲဝင်ရန် အစွမ်းကုန်ပြင်ဆင်ခဲ့သည်။ ထိုအချိန်တွင် ကျိန့်ချီယွမ်၏ နေ့စဉ်ဘဝမှာ လေ့ကျင့်ရေးစခန်း-ကန်တင်း-အဆောင် “နေရာသုံးခု လမ်းတစ်ကြောင်းတည်း” ဖြင့် ကုန်ဆုံးခဲ့သည်။ အချိန်ကုန်သက်သာစေရန် ၎င်းသည် စက်ရုပ်ကိုပင် ၎င်း၏အဆောင်ထဲသို့ ယူဆောင်သွားပြီး ကုတင်ကို ဖြုတ်ကာ ယာယီလေ့ကျင့်ရာ နေရာတစ်ခု ပြုလုပ်ခဲ့သည်။

ပြိုင်ပွဲနီးလာသည့်အခါ အများစုမှာ စိတ်ချရသော နည်းဗျူဟာကို ထပ်၍ အပြောင်းအလဲမှုများ မပြုလုပ်ကြတော့သည့်အခါတွင် ၎င်းကမူ “ကျွန်တော့်ရဲ့ အဘိဓာန်မှာ ‘မဆိုးပါဘူး’ ဆိုတဲ့ စကားလုံး မရှိဘူး၊ ‘ကောင်းတယ်’ နဲ့ ‘မကောင်းဘူး’ ပဲ ရှိတယ်။ ကောင်းသထက် ပိုကောင်းအောင် လုပ်ရမယ်” ဟု ဆိုခဲ့သည်။ ၎င်းသည် ရဲရင့်စွာဖြင့် စက်ရုပ်များကို ပိုမိုကောင်းမွန်စေသော အဆင့်မြှင့်တင်မှုများလုပ်ဆောင်ကာ လုပ်ငန်းစွမ်းဆောင်ရည် သိသိသာသာ တိုးတက်လာစေခဲ့သည်။
စိတ်နှစ်မြှုပ်ကြိုးစားအားထုတ်သောသူအတွက် နောက်ဆုံးတွင် အောင်မြင်မှုများရရှိပေလိမ့်မည်။ ၂၀၁၉ ခုနှစ်တွင် ၎င်းနှင့် ၎င်း၏ အသင်းသားများ အပြန်အလှန်စည်းချက်ညီညီနားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြရာ ၄၅ ကြိမ်မြောက် WorldSkills ပြိုင်ပွဲ၏ မိုဘိုင်းစက်ရုပ် ပြိုင်ပွဲအမျိုးအစားတွင် ရဲရင့်စွာ ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့ပြီး WorldSkills ပြိုင်ပွဲ၏ ဤပြိုင်ပွဲအမျိုးအစားတွင် တရုတ်အသင်းအတွက် ပထမဆုံးသော ရွှေတံဆိပ် ရရှိမှု စံချိန်တင်နိုင်ခဲ့သည်။
ပြိုင်ပွဲပြီးနောက် ကျိန့်ချီယွမ်သည် ကုမ္ပဏီလုပ်ငန်းများ၏ လစာမြင့် ကမ်းလှမ်းမှုများကို ကောင်းမွန်စွာ ငြင်းပယ်ခဲ့ပြီး မိခင်ကောလိပ်သို့ ပြန်၍ ပညာသင်ကြားပို့ချရန် ရွေးချယ်ခဲ့သည်။ ကမ္ဘာ့ချန်ပီယံမှ သင်ကြားရေးဆရာသို့ ပြောင်းလဲလာသော်လည်း ၎င်း၏ ကောင်းသထက် ပိုကောင်းအောင် လုပ်မည့် လက်မှုပညာရှင်စိတ်ဓာတ်ကို လက်ဆင့်ကမ်းမြှင့်တင်ရန်၊ ကျွမ်းကျင်မှုထိပ်သီးအဆင့်သို့ ရောက်ရှိရန်၊ စိန်ခေါ်မှုများနှင့် အဓိကနည်းပညာဆိုင်ရာ အခက်အခဲများကို စိတ်နှစ်မြှုပ်ကာ ကိုင်တွယ်ဖြေရှင်းရန် ၎င်း၏ ကြိုးပမ်းမှုများမှာ ပြောင်းလဲခြင်းမရှိပေ။ ၎င်းဦးဆောင်သော ကျောင်းသားအသင်းတွင် ဒါဇင်နှင့်ချီ ကျောင်းသားများသည် နိုင်ငံတော်အဆင့်နှင့် ခရိုင်အဆင့် ကျွမ်းကျင်မှုပြိုင်ပွဲများတွင် ထူးချွန်သော ရလဒ်များ အကြိမ်ကြိမ်ရရှိခဲ့ကြပြီးဖြစ်သည်။

“နိုင်ငံကြီး၏ ထူးချွန်လက်မှုပညာရှင်” ဟူသော ခေါ်ဝေါ်မှုနှင့် ပတ်သက်၍ ပြောကြားရာတွင် ကျိန့်ချီယွမ်က ယင်းသည် ပို၍ လေးလေးနက်နက်ရှိသော တာဝန်ဝတ္တရားတစ်ရပ်ဖြစ်သည်ဟု ရှုမြင်သည်။ အသက်မွေးဝမ်းကျောင်း အတတ်ပညာဆိုင်ရာ သင်ကြားရေးဆရာတစ်ဦးအနေဖြင့် ၎င်းသည် ကိုယ်တိုင် အတွေ့အကြုံများနှင့် အသိပညာများသုံး၍ ပိုမိုများပြားသော လူငယ်များကို ကျွမ်းကျင်မှုဖြင့် လူရည်ချွန်ဖြစ်ရန်၊ ကျွမ်းကျင်မှုဖြင့် နိုင်ငံတော်အား အကျိုးပြုနိုင်ရန် လမ်းညွှန်ပေးကာ “တရုတ်နိုင်ငံ စမတ်ထုတ်လုပ်မှု” အတွက် ပိုမိုများပြားသော စွမ်းအားသစ်များ ပျိုးထောင်ပေးနိုင်ရန် မျှော်လင့်ထားသည်။ (Xinhua)

တရုတ်နိုင်ငံ ယူနန်နည်းပညာကောလိပ်တွင် နမူနာပုံစံငယ်သုံး၍ ကျောင်းသားများနှင့် သုတေသနစီမံကိန်းဆိုင်ရာ ဆွေးနွေးနေသည်သော ကျိန့်ချီယွမ် (ဝဲဘက်၊ ပထမ) အား အောက်တိုဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………
(Chinese Version)
图片故事 | 从“世界冠军”到“为国育才”:郑棋元的“智造”梦
新华社照片,昆明,2025年10月30日
“目之所及,全是挥动的五星红旗,那一刻,我们都忍不住落泪了。”回想起2019年8月站在第45届世界技能大赛领奖台上领取金牌的那一刻,郑棋元记忆犹新。
今年9月,“95后”郑棋元被认定为2025年“大国工匠人才”。然而他的成长之路,并非一帆风顺。中考后,郑棋元进入云南技师学院学习,在校期间接触到移动机器人、智能制造等项目,逐渐找到了自己的兴趣所在。带着热爱,他每天刻苦训练,并在学校的支持下,将目光投向了有“世界技能奥林匹克”之称的世界技能大赛。
郑棋元的夺冠之路充满坎坷。2014年和2016年,他两次备战,却都未能拿到大赛的“入场券”。2018年初,已经走上企业岗位的郑棋元得知,学校正在组队参加第45届世界技能大赛全国选拔赛。没有太多犹豫,他毅然递交辞职报告,回到学校全力备战。那段时间,郑棋元每天过着“三点一线”的生活:实训基地、食堂、宿舍。为了节省时间,他甚至把机器人搬进宿舍,拆掉床铺,拼出一块临时训练场地。临近比赛,当大多数人选择稳妥策略不再过多改动时,他却说:“我的字典里没有‘差不多’,只有好与不好,必须精益求精。”他大胆对机器人进行优化升级,显著提升了工作效率。功夫不负有心人,2019年,他与队友默契配合,在第45届世界技能大赛移动机器人项目上勇夺金牌,实现了中国队在世界技能大赛该项目金牌“零的突破”。
赛后,郑棋元婉拒了企业的高薪聘请,选择回到母校任教。从世界冠军到职教教师,身份在变,不变的是他对传扬精益求精的工匠精神、勇攀技能高峰和潜心重大技术攻关的追求。在他带领的学生团队中,已有数十人在国家级、省级技能大赛中屡创佳绩。谈及“大国工匠人才”这一称号,郑棋元认为,这更是一份沉甸甸的责任。作为一名职业技能教育工作者,他希望用自己的经历与知识,引导更多年轻人走上技能成才、技能报国之路,为“中国智造”培养更多新生力量。
图说1:10月29日,郑棋元在云南技师学院实验室组装移动机器人。 新华社记者 彭奕凯 摄
图说2:10月29日,郑棋元(左一)在云南技师学院利用沙盘模型与学生探讨研发项目。新华社记者 彭奕凯 摄